iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားအမ်ားစုက ေတာ္ေတာ့္ကို ခန္႔မွန္းလို႔ လြယ္တဲ့သူေတြ ျဖစ္ပါတယ္။ ေယာက္်ားတစ္ေယာက္ ကိုယ့္ကို လိမ္ေနျပီဆုိရင္ သူတို႔မရုိးသားမႈကို ရွင္းျပႏုိင္မယ့္ အေၾကာင္းျပခ်က္က လက္တစ္ဆုတ္စာေလာက္ပဲ ရွိပါတယ္။ ေယာက္်ားတစ္ေယာက္ရဲ႕ လိမ္ညာတာကိုခံရတဲ့အခါ ခြင့္လႊတ္ႏုိင္ဖုိ႔အတြက္ သူဘာေၾကာင့္ လိမ္သလဲဆုိတာကို သိဖို႔လိုပါတယ္။ သူလိမ္ရတဲ့ အေၾကာင္းရင္းကုိ သိလာတဲ့အခါ ကိုယ့္အေပၚရုိးသားေစဖုိ႔အတြက္ ဘာေတြလုပ္လို႔ႏုိင္မလဲဆိုတဲ့ အေျဖကို ရရွိမွာ ျဖစ္ပါတယ္။ လိမ္ရတဲ့အေၾကာင္းရင္းတုိင္းမွာ ကိုယ္ပိုင္အယူအဆနဲ႔ အေၾကာင္းျပခ်က္ေတြ ရွိပါတယ္။ အခုေဖာ္ျပမယ့္ အေၾကာင္းေတြကေတာ့ ေယာက္်ားေတြ အမ်ားအားျဖင့္ လိမ္ေလ့ရွိတဲ့ အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။

အမွန္အတိုင္းေျပာရမွာ ေၾကာက္လုိ႔
တခါတေလ သင့္အမ်ဳိးသားက အေပါင္းအသင္းေတြနဲ႔ သြားခ်င္တယ္။ ကိုယ္က ခြင့္မျပဳမွာေၾကာက္တဲ့အတြက္ သူတို႔က လိမ္ျပီးေျပာၾကတယ္။ ေယာက္်ားေတြက ေထာင္ေခ်ာက္မိသလို ျဖစ္မွာစိုးတဲ့အတြက္ ေပ်ာ္ရႊင္ႏုိင္ဖို႔ လိမ္ေျပာေလ့ရွိတာေၾကာင့္ ေနာက္တစ္ခါ အလိမ္မခံရဖို႔အတြက္ သူတုိ႔ကို တခါတေလမွာ ကုိယ္ပိုင္အခ်ိန္ေပးျပီး နားလည္မႈေပးလိုက္ပါ။

ကိုယ့္ရဲ႕ အထင္ၾကီးမႈကို လိုခ်င္လို႔
တစ္ခါတစ္ရံမွာ ေယာက္်ားေတြက သူတုိ႔ကို အေကာင္းဆုံးလုိ႔ ထင္ေစခ်င္တာေၾကာင့္ လိမ္ေလ့ရွိပါတယ္။ သူ႔လစာအရမ္းေကာင္းတယ္လို႔ ဆုိျပီး တကယ္တမ္း ေျပာထားသေလာက္ မဟုတ္ဘူးဆုိတာကို ေတြ႔ရတဲ့အခါ၊ သူ႔လုပ္ငန္းက အၾကီးၾကီးပါလုိ႔ ေျပာထားျပီး လုပ္ငန္းေသးေသးေလးျဖစ္ေနတာမ်ဳိး ျဖစ္တတ္ပါတယ္။ သူကသူ႔မွာ ရွိတာထက္ပိုျပီး ကိုယ့္ကိုယ္ အထင္ၾကီးေစခ်င္တဲ့အတြက္၊ ကိုယ့္ကိုပိုျပီး ယုံၾကည္ေစခ်င္တဲ့အတြက္ လိမ္တာမ်ဳိးပါလားလို႔ ျဖည့္ေတြးေပးျပီး ခြင့္လႊတ္ေပးႏုိင္ပါတယ္။

ကုိယ့္ကိုယ္ေျပာရမွာ ရွက္လုိ႔
ေယာက္်ားေတြက မိန္းမေတြ အသိမခံလုိတဲ့ ကိစၥေတြ ရွိတတ္ပါတယ္။ အမွန္အတိုင္းေျပာလုိ႔မေကာင္းတဲ့ ေယာက္်ားေတြပဲ နားလည္တဲ့ကိစၥေတြမွာ အမွန္အတိုင္း ေျပာေလ့မရွိပါဘူး။ ဒီလိုကိစၥမ်ဳိးေတြနဲ႔ ပတ္သက္ျပီး အလိမ္ခံရတဲ့အခါ ကိုယ္နားလည္ေပးႏုိင္ေၾကာင္း၊ အမွန္အတိုင္း သိလုိက္ရတဲ့အတြက္ သူ႔ကုိ အရင္အတုိင္းပဲ အျမင္မေျပာင္းလဲဘူး၊အမွန္အတုိင္း ေျပာလုိ႔ရတယ္ဆုိတဲ့ အေၾကာင္း ေျပာျပေပးႏုိင္ပါတယ္။

ကုိယ့္ခံစားခ်က္ကို မထိခိုက္ေစခ်င္လုိ႔
ကၽြန္မဒီအက်ၤ ီဝတ္ထားတာ က်ပ္ေနသလုိ ျဖစ္ေနလားလို႔ ေမးတဲ့အခါ မက်ပ္ပါဘူး။ လွပါတယ္လုိ႔ ျပန္ေျဖတတ္တာကို ၾကားဖူးမွာပါ။ ကိုယ္က ကိုယ့္အေျခအေနအမွန္ကို သိထားတာေတာင္ အမွန္တရားကို သူထုတ္ေျပာလိုက္ရင္ ကိုယ္ စိတ္မေကာင္းျဖစ္မွာစိုးလုိ႔ မေျပာတာေတြရွိပါတယ္။ ဒီလုိအျဖဴေရာင္ မုသားေတြက သူက ကိုယ့္ကို မထိခိုက္ေစခ်င္လို႔ လိမ္တာမ်ဳိးလုိ႔ ယူဆျပီး အခ်စ္ရဲ႕ သေကၤတတစ္ခုလုိ႔ သတ္မွတ္သင့္ပါတယ္။

သူက ကုိယ့္အေပၚ မေကာင္းလုိ႔
ေယာက္်ားတစ္ေယာက္က သူ႔အက်ဳိးသက္သက္အတြက္ပဲ ၾကည့္ျပီး ကိုယ့္ကို အသံုးခ် လိမ္လည္တာ၊ ကိုယ့္ဆီက ခုိးတာ၊ေဖာက္ျပန္တာေတြရွိလာခဲ့ရင္ေတာ့ သူ႔လုပ္ရပ္အတြက္ သူတာဝန္ယူခုိင္းသင့္ပါတယ္။ ကိုယ္သိသြားရင္ ကုိယ္တုိ႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ထိခုိက္ေစႏုိင္တာ သိသိခ်ည္းနဲ႔ ဂရုမစိုက္ဘဲ လိမ္ခဲ့တာဆုိရင္ ဒီလိုလူမ်ဳိးကို ေရရွည္လက္တြဲစရာ အေၾကာင္းမရွိပါဘူး။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ယောက်ျားအများစုက တော်တော့်ကို ခန့်မှန်းလို့ လွယ်တဲ့သူတွေ ဖြစ်ပါတယ်။ ယောက်ျားတစ်ယောက် ကိုယ့်ကို လိမ်နေပြီဆိုရင် သူတို့မရိုးသားမှုကို ရှင်းပြနိုင်မယ့် အကြောင်းပြချက်က လက်တစ်ဆုတ်စာလောက်ပဲ ရှိပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ လိမ်ညာတာကိုခံရတဲ့အခါ ခွင့်လွှတ်နိုင်ဖို့အတွက် သူဘာကြောင့် လိမ်သလဲဆိုတာကို သိဖို့လိုပါတယ်။ သူလိမ်ရတဲ့ အကြောင်းရင်းကို သိလာတဲ့အခါ ကိုယ့်အပေါ်ရိုးသားစေဖို့အတွက် ဘာတွေလုပ်လို့နိုင်မလဲဆိုတဲ့ အဖြေကို ရရှိမှာ ဖြစ်ပါတယ်။ လိမ်ရတဲ့အကြောင်းရင်းတိုင်းမှာ ကိုယ်ပိုင်အယူအဆနဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ အခုဖော်ပြမယ့် အကြောင်းတွေကတော့ ယောက်ျားတွေ အများအားဖြင့် လိမ်လေ့ရှိတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

အမှန်အတိုင်းပြောရမှာ ကြောက်လို့
တခါတလေ သင့်အမျိုးသားက အပေါင်းအသင်းတွေနဲ့ သွားချင်တယ်။ ကိုယ်က ခွင့်မပြုမှာကြောက်တဲ့အတွက် သူတို့က လိမ်ပြီးပြောကြတယ်။ ယောက်ျားတွေက ထောင်ချောက်မိသလို ဖြစ်မှာစိုးတဲ့အတွက် ပျော်ရွှင်နိုင်ဖို့ လိမ်ပြောလေ့ရှိတာကြောင့် နောက်တစ်ခါ အလိမ်မခံရဖို့အတွက် သူတို့ကို တခါတလေမှာ ကိုယ်ပိုင်အချိန်ပေးပြီး နားလည်မှုပေးလိုက်ပါ။

ကိုယ့်ရဲ့ အထင်ကြီးမှုကို လိုချင်လို့
တစ်ခါတစ်ရံမှာ ယောက်ျားတွေက သူတို့ကို အကောင်းဆုံးလို့ ထင်စေချင်တာကြောင့် လိမ်လေ့ရှိပါတယ်။ သူ့လစာအရမ်းကောင်းတယ်လို့ ဆိုပြီး တကယ်တမ်း ပြောထားသလောက် မဟုတ်ဘူးဆိုတာကို တွေ့ရတဲ့အခါ၊ သူ့လုပ်ငန်းက အကြီးကြီးပါလို့ ပြောထားပြီး လုပ်ငန်းသေးသေးလေးဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သူကသူ့မှာ ရှိတာထက်ပိုပြီး ကိုယ့်ကိုယ် အထင်ကြီးစေချင်တဲ့အတွက်၊ ကိုယ့်ကိုပိုပြီး ယုံကြည်စေချင်တဲ့အတွက် လိမ်တာမျိုးပါလားလို့ ဖြည့်တွေးပေးပြီး ခွင့်လွှတ်ပေးနိုင်ပါတယ်။

ကိုယ့်ကိုယ်ပြောရမှာ ရှက်လို့
ယောက်ျားတွေက မိန်းမတွေ အသိမခံလိုတဲ့ ကိစ္စတွေ ရှိတတ်ပါတယ်။ အမှန်အတိုင်းပြောလို့မကောင်းတဲ့ ယောက်ျားတွေပဲ နားလည်တဲ့ကိစ္စတွေမှာ အမှန်အတိုင်း ပြောလေ့မရှိပါဘူး။ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး အလိမ်ခံရတဲ့အခါ ကိုယ်နားလည်ပေးနိုင်ကြောင်း၊ အမှန်အတိုင်း သိလိုက်ရတဲ့အတွက် သူ့ကို အရင်အတိုင်းပဲ အမြင်မပြောင်းလဲဘူး၊အမှန်အတိုင်း ပြောလို့ရတယ်ဆိုတဲ့ အကြောင်း ပြောပြပေးနိုင်ပါတယ်။

ကိုယ့်ခံစားချက်ကို မထိခိုက်စေချင်လို့
ကျွန်မဒီအကျၤ ီဝတ်ထားတာ ကျပ်နေသလို ဖြစ်နေလားလို့ မေးတဲ့အခါ မကျပ်ပါဘူး။ လှပါတယ်လို့ ပြန်ဖြေတတ်တာကို ကြားဖူးမှာပါ။ ကိုယ်က ကိုယ့်အခြေအနေအမှန်ကို သိထားတာတောင် အမှန်တရားကို သူထုတ်ပြောလိုက်ရင် ကိုယ် စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောတာတွေရှိပါတယ်။ ဒီလိုအဖြူရောင် မုသားတွေက သူက ကိုယ့်ကို မထိခိုက်စေချင်လို့ လိမ်တာမျိုးလို့ ယူဆပြီး အချစ်ရဲ့ သငေ်္ကတတစ်ခုလို့ သတ်မှတ်သင့်ပါတယ်။

သူက ကိုယ့်အပေါ် မကောင်းလို့
ယောက်ျားတစ်ယောက်က သူ့အကျိုးသက်သက်အတွက်ပဲ ကြည့်ပြီး ကိုယ့်ကို အသုံးချ လိမ်လည်တာ၊ ကိုယ့်ဆီက ခိုးတာ၊ဖောက်ပြန်တာတွေရှိလာခဲ့ရင်တော့ သူ့လုပ်ရပ်အတွက် သူတာဝန်ယူခိုင်းသင့်ပါတယ်။ ကိုယ်သိသွားရင် ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တာ သိသိချည်းနဲ့ ဂရုမစိုက်ဘဲ လိမ်ခဲ့တာဆိုရင် ဒီလိုလူမျိုးကို ရေရှည်လက်တွဲစရာ အကြောင်းမရှိပါဘူး။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top