iMyanmarHouse.com - Best Property Website for Myanmar
×

နေ့စဉ် စားသုံးနေကြတဲ့ အစားအသောက်တွေနဲ့ ပြုမူနေထိုင်ပုံတွေကြောင့် သဘာဝအတိုင်း ဖြူဖွေးတဲ့သွားလှလှတွေကို ဆုံးရှုံးရလေ့ ရှိပါတယ်။ ဖြူဖွေးတဲ့ သွားတွေကို ပိုင်ဆိုင်ချင်ပါရက်နဲ့ ဖြစ်မလာတာလည်း ကျန်းမာရေးဒုက္ခတစ်မျိုး ဖြစ်ပါတယ်။

အထူးသဖြင့်တော့ အက်ဆစ်ဓာတ်ပါဝင်တဲ့ အစားသောက်တွေက သင့်ရဲ့ သွားဖြူဖွေးခြင်းကို အဓိက ပျက်စီးစေတာဖြစ်ပြီး ဆေးလိပ်သောက်တာ၊ ဖျော်ရည်သောက်တာတွေကလည်း သွားကို အရောင်စွန်းထင်းစေတဲ့ အဓိကအချက်တွေဖြစ်ပါတယ်။ အဝါရောင် စွန်းထင်းနေတဲ့ သင့်ရဲ့သွားတွေ ချက်ခြင်းပြန်လည်ဖြူဖွေးစေဖို့ အလွယ်ကူဆုံး နည်းလမ်း (၃) ခုရှိပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါမှုန့်နှင့် လီမွန်ဖျော်ရည်

အလွယ်တကူ ဝယ်ယူလို့ရတဲ့ မုန့်ဖုတ်ဆော်ဒါနဲ့ ဆားကို အသုံးပြုပြီး သွားတွေပြန်လည်ဖြူဖွေးလာအောင် လုပ်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့် သွားတွေကို ပျက်စီးစေတဲ့ အက်ဆစ်ဓာတ်ကို တိုက်ဖျက်ပေးတဲ့ အယ်လ်ကာလိုင်းဓာတ် ပါဝင်ပါတယ်။

ပထမဆုံး ပန်းကန်တစ်လုံးယူပြီး သင့်တော်လောက်တဲ့ မုန့်ဖုတ်ဆိုဒါမှုန့်ကို ယူပါ။ ပြီးရင် လီမွန်ဖျော်ရည်နဲ့ ရောသမအောင် မွှေပြီး သွားတိုက်တံနဲ့ သွားတိုက်ပါ။ အနည်းဆုံး တစ်မိနစ်လောက် တိုက်ပါ။ လီမွန်ဖျော်ရည်အစား ရေကိုသာ သုံးစွဲလို့လည်း ရပါတယ်။ ရေနဲ့ ဆိုရင်တော့ သုံးမိနစ်လောက်တိုက်ဖို့ လိုမှာပါ။

၂။ စတော်ဘယ်ရီ၊ ဆားနှင့် မုန့်ဖုတ်ဆိုဒါ

ပထမနည်းနဲ့ သိပ်မကွာလှပါဘူး။ စတော်ဘယ်ရီမှာ ဗီတာမင်-စီ ဓာတ်များစွာ ပါဝင်တာကြောင့် သွားတွေကို ဝါထိန်စေတာကို ကာကွယ်ပေးပါတယ်။ တစ်ခါအသုံးပြုဖို့အတွက် စတော်ဘယ်ရီ နှစ်လုံး၊ သုံးလုံးလောက် လိုအပ်မှာဖြစ်ပြီး ဆားအနည်းငယ်နဲ့ သမအောင် မွှေရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ မုန့်ဖုတ်ဆိုဒါ မထည့်လည်း ရပါတယ်။ ပြီးရင် သွားပွတ်တံမှာ သုတ်ပြီး သွားတိုက်ရမှာဖြစ်ပါတယ်။ ညစဉ်ပြုလုပ်ရမှာပါ။

၃။ အုန်းဆီ

အုန်းဆီက သွားတွေဖြူဖွေးစေဖို့ အလွယ်ဆုံး နည်းလမ်းထဲမှာ အုန်းဆီအသုံးပြုတာလည်း ပါဝင်ပါတယ်။ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်သလို ဖြစ်နေမှာပါ။ ဒီနည်းလမ်းမှာ အခြားပါဝင် ပစ္စည်းတွေ မလိုအပ်ပါဘူး။

ညစဉ်သွားမတိုက်ခင် သွားတွေပတ်ပတ်လည်ကို အုန်းဆီသုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ခံတွင်းထဲက ဘက်တီးရီးယားကြောင့် သင့်ရဲ့သွားတွေ ဝါနေတာ ဆိုရင်လည်း အုန်းဆီက အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ သွားနဲ့ သွားဖုံးပတ်ပတ်လည်ကို အုန်းဆီသုတ်လိမ်းဖို့အတွက် လဘက်ရည်ဇွန်းတစ်ဇွန်းစာလောက်သာ အသုံးပြုရမှာပါ။

မနက်ပိုင်း ဒီနည်းလမ်းကို အသုံးပြုရင်ပိုကောင်းပါတယ်။ သွားတွေကို အုန်းဆီသုတ်လိမ်းပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ကြာအောင် ထားရမှာ ဖြစ်ပါတယ်။


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top