iMyanmarHouse.com - Best Property Website for Myanmar
×

အိုမင်းရင့်ရော်လာခြင်းနဲ့ လွတ်လပ်ခြင်းတွေ ဆုံးရှုံးရမယ့်အရေးဟာ သာမန်လူသားတိုင်း ကြောက်လန့်ကြတဲ့ အရာဖြစ်ပါတယ်။ အထူးသဖြင့် အိုမင်းရင့်ရော်လာခြင်းကို တားဆီးလို့ မရနိုင်ပါဘူး။

ဒါပေမဲ့ အိုမင်းခြင်းကို အချိန်ဆွဲလို့ရမယ့် နည်းလမ်းတွေတော့ရှိပါတယ်။ အမျိုးသမီးတွေ သာမန်ထက်ပိုပြီး နုပျိုစေဖို့ ဆေးဝါးအကူအညီမယူဘဲ အစားအသောက်နဲ့ ဖန်တီးယူနိုင်ပါတယ်။ အမျိုးသမီးတိုင်း စားသင့်တဲ့ အသီး (၅) မျိုးရှိပါတယ်။

၁။ ပဲသီးစိမ်း

ပဲသီးစိမ်းအပါအဝင် ဖိုက်ဘာဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ် အလေးချိန်မတက်လာစေဖို့ များစွာ အထောက်အကူ ပြုပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဖိုက်ဘာဓာတ်ကြွယ်ဝရင် ဝိတ်တက်လာဖို့ မလွယ်ဘဲ ဖိုက်ဘာဓာတ်နည်းနေရင်တော့ ဝိတ်တက်လာဖို့ အလားအလာများကြောင်း သုတေသီတွေက ဆိုပါတယ်။

၂။ ဆော်လမွန်ငါး

အိုမီဂါ-၃ ဆိုတဲ့ ဓာတ်ကြွယ်ဝတဲ့အတွက် ဒီငါးဟာ ကျန်းမာရေးအတွက် အထူးညီညွတ်လို့ လူကြိုက်များပါတယ်။ ဒီဓာတ်က ဘာကောင်းသလဲ ဆိုရင် အရေပြားကို ထိန်းသိမ်းပေးပြီး ခရမ်းလွန်ရောင်ချည်ကာကွယ်ပေးပါတယ်။ ဆော်လမွန်ငါးနဲ့ တူနာငါးမှာ ဒီဓာတ်တွေ ရှိပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှ မဟုတ်ပါဘူး။ စပျစ်သီး၊ စတော်ဘယ်ရီသီး စတာတွေကို ရှစ်ပတ်လောက် နေ့စဉ်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ကိုလက်စထရောဓာတ် ထိန်းညှိပေးပြီး သွေးတိုးတာ ကာကွယ်ပေးပါတယ်။

၎။ ဖရဲသီး

ဖရဲသီး၊ စိမ်းစားဥတို့လို အရည်ပါဝင်မှု ရာခိုင်နှုန်းများတဲ့ အသီးအနှံတွေက ကင်ဆာကို သိသိသာသာ ကာကွယ်ပေးပါတယ်။ ဖရဲသီးမှာ အရည်ပါဝင်မှုက ၉၂ ရာခိုင်နှုန်းဖြစ်ပြီး ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေလည်း ပါတာကြောင့် နှလုံးနဲ့ပတ်သက်ရင် ကျန်းမာရေး ကောင်းစေပါတယ်။

၅။ ခရမ်းချဉ်သီး

ဗီတာမင်စီ ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီးတွေက အသားအရေလှပဖို့ တာဝန်ယူပေးပါတယ်။ အများအားဖြင့် ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ အသီးတွေက အသားအရေလှစေတယ်လို့ အကြမ်းဖျင်း မှတ်ယူရမှာပါ။ အသားခြောက်တာနဲ့ အိုမင်းတာကို ဒီအသီးအနှံတွေက ကာကွယ်ပေးပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top