iMyanmarHouse.com - Best Property Website for Myanmar
×

ေခြ်းထုတ္ခန္းမဟုတ္ရင္ ေခြ်းထြက္တာ သိပ္အဆင္မေျပပါဘူး။ ေခြ်းထြက္ျခင္းက ခႏၶာကိုယ္ကုိ အဆိပ္အေတာက္ေတြ ဖယ္ရွားျပီး အပူလြန္ကဲမႈမျဖစ္ေအာင္ တားဆီးေပးပါတယ္။ ေဟာ္မုန္းမတည္ျငိမ္မႈနဲ႔ စိုးရိမ္ေသာက၊ ေၾကာက္စိတ္တုိ႔လုိ အလြန္ျပင္းထန္တဲ့ စိတ္ခံခ်က္ေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

Eccrine ဂရင္းက ေခြ်းထုတ္ေပးတဲ့အခ်ိန္မွာ apocrine ဂရင္းမွ အဆီအက္စစ္နဲ႔ အရည္ပုံစံျဖင့္ ပရိုတိန္းေတြ ဖ်က္ဆီးေပးတဲ့ ဘက္တီးရီးယားေတြ ထုတ္လုပ္ေပးပါတယ္။ အက်ဳိးျပဳ ဘက္တီးရီးယားနဲ႔ မက်ဳိးမျပဳတဲ့ဘက္တီးရီးပိုးေတြ အေရျပားေပၚ ဟန္မခ်က္မညီတဲ့အခါ မေကာင္းတဲ့ ဘက္တီးရီးယားေတြ အႏုိင္ရျပီး ခႏၶာကိုယ္အနံ႔ဆုိးျဖစ္ေပၚေစပါတယ္။ ခႏၶာကိုယ္ စုိစြတ္တဲ့အခ်ိန္မွာ ကုိယ္နံ႔ဆုိးျဖစ္တာ အၾကာဆုံးပါပဲ။

ေခြ်းထြက္တာက သဘာဝနဲ႔ မရိွမျဖစ္လုိအပ္တဲ့ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္တစ္ခုုျဖစ္ေပမယ့္ လူေတြ ဒါကို မျဖစ္သင့္ဘူး၊ တစ္ကုိယ္သန္႔ရွင္းမရိွဘူးဟု ယူဆၾကပါတယ္။ ဒီအခ်က္က လူေတြ ေခြ်းမထြက္ပစၥည္းနဲ႔ ေခြ်းနံ႔ေပ်ာက္ေဆးေတြ သုံးစြဲလာေစပါတယ္။ ဒီေတာ့ ခႏၶာကိုယ္ရဲ႕ သဘာဝအေလ်ာက္ေခြ်းထြက္မႈျဖစ္စဥ္ အေႏွာင့္အယွက္ျဖစ္ေစျပီး ရင္သားကင္ဆာနဲ႔ အယ္လ္ဇုိင္းမားေရာဂါေတာင္ ျဖစ္ေစပါတယ္။

ခႏၶာကိုယ္တစ္စုံတစ္ရာ အေႏွာင့္ယွက္မျဖစ္ေစဘဲ သန္႔ရွင္းလန္းဆန္းေစဖုိ႔အတြက္ ေအာက္ပါနည္းလမ္းကို စမ္းသပ္ၾကည့္ပါ။

သံပုရာသီးကို ႏွစ္ျခမ္းလွီး၊ ခ်ဳိင္းၾကားကို သန္႔ရွင္းေျခာက္ေသြ႔ေအာင္ သုတ္ျပီး တစ္ဖက္တစ္ခုစီ ပြတ္လိမ္းေပးပါ။

ပထမေတာ့ အသားေရအနည္းငယ္ နီျမန္းႏုိင္ေပမယ့္ ခဏအတြင္း အသားက်သြားပါလိမ့္မယ္။ ထိခုိက္လြယ္တဲ့ sensitive အသားေရရိွပါက သံပုရာရည္ကို အုန္းဆီအနည္းငယ္ေရာျပီး အေရျပားက်ိန္းစပ္မႈ မရိွေအာင္ မလိမ္းေပးပါ။ က်ိန္းစပ္ျပီး အနီကြက္ထေစႏုိင္တာေၾကာင့္ အေမြးရိတ္ျပီးေနာက္ ဒီနည္း မသုံးဖုိ႔ အေရးၾကီးပါတယ္။

သံပုရာသီးမွာ အက်ဳိးျပဳဘက္တီးရီးယားေတြ ထိခုိက္မႈမရိွဘဲ အနံ႔ဆုိးျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ႏွိမ္နင္းေပးတဲ့ သဘာဝပုိးသတ္ေဆးေတြ ပါဝင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ချွေးထုတ်ခန်းမဟုတ်ရင် ချွေးထွက်တာ သိပ်အဆင်မပြေပါဘူး။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေ ဖယ်ရှားပြီး အပူလွန်ကဲမှုမဖြစ်အောင် တားဆီးပေးပါတယ်။ ဟော်မုန်းမတည်ငြိမ်မှုနဲ့ စိုးရိမ်သောက၊ ကြောက်စိတ်တို့လို အလွန်ပြင်းထန်တဲ့ စိတ်ခံချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Eccrine ဂရင်းက ချွေးထုတ်ပေးတဲ့အချိန်မှာ apocrine ဂရင်းမှ အဆီအက်စစ်နဲ့ အရည်ပုံစံဖြင့် ပရိုတိန်းတွေ ဖျက်ဆီးပေးတဲ့ ဘက်တီးရီးယားတွေ ထုတ်လုပ်ပေးပါတယ်။ အကျိုးပြု ဘက်တီးရီးယားနဲ့ မကျိုးမပြုတဲ့ဘက်တီးရီးပိုးတွေ အရေပြားပေါ် ဟန်မချက်မညီတဲ့အခါ မကောင်းတဲ့ ဘက်တီးရီးယားတွေ အနိုင်ရပြီး ခန္ဓာကိုယ်အနံ့ဆိုးဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ် စိုစွတ်တဲ့အချိန်မှာ ကိုယ်နံ့ဆိုးဖြစ်တာ အကြာဆုံးပါပဲ။

ချွေးထွက်တာက သဘာဝနဲ့ မရှိမဖြစ်လိုအပ်တဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တစ်ခုဖြစ်ပေမယ့် လူတွေ ဒါကို မဖြစ်သင့်ဘူး၊ တစ်ကိုယ်သန့်ရှင်းမရှိဘူးဟု ယူဆကြပါတယ်။ ဒီအချက်က လူတွေ ချွေးမထွက်ပစ္စည်းနဲ့ ချွေးနံ့ပျောက်ဆေးတွေ သုံးစွဲလာစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်ချွေးထွက်မှုဖြစ်စဉ် အနှောင့်အယှက်ဖြစ်စေပြီး ရင်သားကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတောင် ဖြစ်စေပါတယ်။

ခန္ဓာကိုယ်တစ်စုံတစ်ရာ အနှောင့်ယှက်မဖြစ်စေဘဲ သန့်ရှင်းလန်းဆန်းစေဖို့အတွက် အောက်ပါနည်းလမ်းကို စမ်းသပ်ကြည့်ပါ။

သံပုရာသီးကို နှစ်ခြမ်းလှီး၊ ချိုင်းကြားကို သန့်ရှင်းခြောက်သွေ့အောင် သုတ်ပြီး တစ်ဖက်တစ်ခုစီ ပွတ်လိမ်းပေးပါ။

ပထမတော့ အသားရေအနည်းငယ် နီမြန်းနိုင်ပေမယ့် ခဏအတွင်း အသားကျသွားပါလိမ့်မယ်။ ထိခိုက်လွယ်တဲ့ sensitive အသားရေရှိပါက သံပုရာရည်ကို အုန်းဆီအနည်းငယ်ရောပြီး အရေပြားကျိန်းစပ်မှု မရှိအောင် မလိမ်းပေးပါ။ ကျိန်းစပ်ပြီး အနီကွက်ထစေနိုင်တာကြောင့် အမွေးရိတ်ပြီးနောက် ဒီနည်း မသုံးဖို့ အရေးကြီးပါတယ်။

သံပုရာသီးမှာ အကျိုးပြုဘက်တီးရီးယားတွေ ထိခိုက်မှုမရှိဘဲ အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ နှိမ်နင်းပေးတဲ့ သဘာဝပိုးသတ်ဆေးတွေ ပါဝင်ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top