iMyanmarHouse.com - Best Property Website for Myanmar
×

နေ့စဉ် အဝတ်အစား ရွေးချယ်ဝတ်ဆင်ကြရာမှာ ကိုယ်ရွေးချယ်လိုက်တဲ့ အတွင်းခံရဲ့ အရောင်က သင့်ရဲ့တစ်နေ့တာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတာတွေကို ဆုံးဖြတ်ပေးနိုင်တယ်လို့ အရောင်များတုန့်ပြန်မှုဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် အန်ရယ်အိုဘရိုင်ယန်က ပြောကြားလိုက်ပါတယ်။ အရောင်တွေရဲ့ စေ့ဆော်မှုဟာ သင့်ရဲ့အသားအရေကတစ်ဆင့် ဖောက်ထွင်းပြီး ဦးနှောက်ထဲအထိ ရောက်သွားကာ တုန့်ပြန်မှု ပေးတတ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်သည်တွေအနေနဲ့ ချစ်သူကို ဆွဲဆောင်ဖို့ ဘယ်တော့မှ မဝတ်သင့်တဲ့ အတွင်းခံဘောင်းဘီအရောင်က အနက်ရောင်ဖြစ်တယ်လို့ ဆိုပါတယ်။ အနက်ရောင်ဟာ စွမ်းအင်တွေကို ဆုတ်ယုတ်မှု ဖြစ်ပေါ်စေတယ်လို့ အိုဘရိုင်ယန်က အခိုင်အမာ ပြောပါတယ်။ ချစ်သူကို ဆွဲဆောင်ဖို့အတွက် အနက်ရောင် အတွင်းခံကို အဓိက ရှောင်ရမှာဖြစ်ပြီး အဖြူရောင်နဲ့ မီးခိုးရောင်လည်း ဒီလိုအချိန်မှာ မဝတ်သင့်ဘူးလို့ ဆိုပါတယ်။

ဒီလိုအချိန်အတွက် ရွေးချယ်ဝတ်ဆင်သင့်တဲ့ အတွင်းခံအရောင်က အနီရောင်ဖြစ်တယ်လို့ အရောင်များတုန့်ပြန်မှု ဆိုင်ရာကျွမ်းကျင်ပညာရှင် အိုဘရိုင်ယန်က ပြောပါတယ်။

Credit: Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top