iMyanmarHouse.com - Best Property Website for Myanmar
×



၂ - မနှစ်မြှပ်တာ


၃ - တစ်ကိုယ်တည်း


၎ - စိတ်မြန်ခြင်း၊ လောခြင်း







၎ - ကိုယ့်ဘက်က လေးလေးနက်နက်မရှိလို့ စွန့်လွှတ်တာ


Credit : Duwun



#Unicode

၁ - တိကျတဲ့ ရည်မှန်းချက်

တိကျတဲ့ ရည်မှန်းချက်မျိုး ချမှတ်ထားခြင်းမရှိတာဟာ ဆက်လက်လေ့လာချင်စိတ်ကို အားပျော့စေပါတယ်။

၂ - မနှစ်မြှပ်တာ

နယ်ပယ်သစ်တစ်ခုကို လေ့လာတဲ့အခါ လူအားနဲ့ အချိန်အား နှစ်မြှပ်ဖို့ လိုပါတယ်။ အသစ်တစ်ခုကို လေ့လာချင်စိတ်ရှိပေမဲ့ ဒီလိုနှစ်မြှပ်ချင်စိတ် မရှိရင် အဆိုပါ နယ်ပယ်ကို မလေ့လာတာ ကောင်းပါတယ်။ တကယ်လည်း သင်သဘောကျတဲ့နယ်ပယ် မဟုတ်သေးတာ ဖြစ်နိုင်ပါတယ်။

၃ - တစ်ကိုယ်တည်း

ပညာရပ်တစ်ခုကို တစ်ကိုယ်တည်းလေ့လာသူတွေ အမြောက်အများရှိပါတယ်။ ဒါပေမဲ့ သင် ဒါကိုလေ့လာနေကြောင်း သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို အသိပေးထားသင့်ပါတယ်။ ဒီနယ်ပယ်ကိုပဲ လေ့လာနေတဲ့ လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရင် အကောင်းဆုံးပါပဲ။

၄ - စိတ်မြန်ခြင်း၊ လောခြင်း

မြန်မြန်ဆန်ဆန် တတ်မြောက်ချင်တဲ့စိတ် ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာ ရပ်တည်လာတာကြာပြီ ဖြစ်တဲ့ လူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းတာမျိုးတွေ ဖြစ်ပါတယ်။ ဥပမာ -  အင်္ဂလိပ်စာ စသင်တဲ့အခါ လေ့လာတာ ကြာပြီဖြစ်တဲ့လူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတာမျိုး ဖြစ်ပါတယ်။

၅ - စောစောစီးစီး စွန့်လွှတ်တာ

 အောက်ပါ ၅ ချက်ကြောင့် လေ့လာနေတဲ့ နယ်ပယ်ကို စွန့်လွှတ်တတ်ကြပါတယ်။

၁ -  အချိန်မရှိလို့ စွန့်လွှတ်တာ

၂ -  ပိုက်ဆံမရှိလို့ စွှန့်လွှတ်တာ

၃ - ကြောက်ပြီး စွှန့်လွှတ်တာ

၄ - ကိုယ့်ဘက်က လေးလေးနက်နက်မရှိလို့ စွန့်လွှတ်တာ

၅ - စိတ်ဝင်စားမှုမရှိလို့ စွှန့်တာ

Credit : Duwun


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top