iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ သင့္ကို တကယ္မခ်စ္လို႔၊ သင္ဟာ သူလိုခ်င္တဲ့ပံုစံမ်ဳိးမဟုတ္လို႔ ဆုိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ လက္မတြဲႏိုင္ေတာ့ဘူးလို႔ အေျပာခံရတာဟာ နာက်င္စရာပါ။ ဒါေပမဲ့ အဆုိးဆုံးအရာေတာ့ မဟုတ္ပါဘူး။ ယူတတ္ရင္ သင္ခန္းစာေတာ့ ရပါတယ္။

၁။ ႐ုပ္ရွင္ေတြက လံုးဝမွားတယ္

႐ုပ္ရွင္ေတြထဲမွာလို သင့္ကို စြန္႔႔ပစ္လိုက္သူဟာ လူဆုိးလူမိုက္၊ လူယုတ္မာႀကီး လံုးလံုးမဟုတ္ဘူး။ သူက သင့္ကို ယဥ္ယဥ္ေက်းေက်းေလး လမ္းခြဲစကားဆုိၿပီး သင့္ကို ခံစားရေစတယ္။ ဒါေပမဲ့ သူ ဒီလို ေျပာလိုက္တာကလည္း ေကာင္းပါတယ္။ မေျပာဘဲ မတြဲခ်င္တြဲခ်င္ ဆက္တြဲေနမယ္ဆုိရင္ သင္ပဲ စိတ္ဆင္းရဲရၿပီး အခ်ိန္လည္း ကုန္ပါတယ္။

၂။ လူေတြရဲ႕ခံစားခ်က္ကို သင္ဘယ္ေတာ့မွ ထိန္းခ်ဳပ္လို႔မရဘူး

သင့္အေပၚ တကယ္မခ်စ္သူနဲ႔ တြဲၿပီး တစ္ခ်ိန္မွာ သင့္အေပၚ စိတ္ျပန္လည္လာႏိုးနဲ႔ တြယ္ဖက္မေနသင့္ပါဘူး။ သင့္ပံုစံက သနားစရာေကာင္းၿပီး သင့္စိတ္ဓာတ္ေတြ အလဲလဲအၿပိဳၿပိဳ ျဖစ္ရတာပဲ အဖတ္တင္ပါလိမ့္မယ္။

၃။ စြန္႔ပစ္ခံလုိက္ရျခင္းက သင္တန္းဖိုးမရွိလို႔ မဟုတ္္ဘူး

လူတစ္ေယာက္က သင့္ကို စြန္႔ပစ္သြားတာနဲ႔ သင္ဟာ သေဘာက်စရာမေကာင္းလုိ႔ မဟုတ္ပါဘူး။ သင့္အေပၚ တကယ္ခ်စ္၊ တကယ္တန္ဖိုးထားသူကို တစ္ေန႔ ေတြ႕ဦးမွာပါ။

၄။ အစြန္႔ပစ္မခံရဘဲနဲ႔ သင္ဘယ္လိုလူလဲဆုိတာ သင္သိမွာ မဟုတ္ဘူး

အစြန္႔ပစ္ခံရျခင္းကေန သင့္ရဲ႕ အျပစ္အနာအဆာေတြ၊ အမွားေတြ၊ ေနာင္တေတြကို သိလာမယ္။ ဒါေပမဲ့ ဒါဟာ သင့္ရဲ႕ပံုစံပဲ ျဖစ္တယ္ဆုိတာကို နားလည္လာၿပီး သင့္ရဲ႕ အျပစ္အနာအဆာေတြကို သင္ခ်စ္ႏုိင္လာမယ္။ အဲဒါေတြကို ခ်စ္ႏိုင္သူကိုလည္း သင္ရွာတတ္လာမယ္။

၅။ သင့္ကို တကယ္ခ်စ္တဲ့သူ ေတြ႕တဲ့အခါ သူဟာ သင့္ဖူးစာအစစ္အမွန္ဆုိတာ သိလိမ့္မယ္

သူ႔ကို ျမင္ျမင္ခ်င္းေတာ့ ခ်စ္မိမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ သူနဲ႔ ရင္းႏွီးမႈ ရွိလာေလ သူက သင္ ေစာင့္ေမွ်ာ္ေနသူပဲဆုိတာ သိလာေလပါပဲ။ သူက သင့္ကို သင္နဲ႔ ထုိက္တန္တဲ့ပံုစံအတုိင္း ခ်စ္လိမ့္မယ္။ အဲဒီအခ်ိန္မွာ တျခားသူေတြနဲ႔ သင္ဖူးစာမဆံုခဲ့မိတာကိုပဲ သင္ ေက်းဇူးတင္ေနလိမ့္မယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတစ်ယောက် သင့်ကို တကယ်မချစ်လို့၊ သင်ဟာ သူလိုချင်တဲ့ပုံစံမျိုးမဟုတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လက်မတွဲနိုင်တော့ဘူးလို့ အပြောခံရတာဟာ နာကျင်စရာပါ။ ဒါပေမဲ့ အဆိုးဆုံးအရာတော့ မဟုတ်ပါဘူး။ ယူတတ်ရင် သင်ခန်းစာတော့ ရပါတယ်။

၁။ ရုပ်ရှင်တွေက လုံးဝမှားတယ်

ရုပ်ရှင်တွေထဲမှာလို သင့်ကို စွန့့်ပစ်လိုက်သူဟာ လူဆိုးလူမိုက်၊ လူယုတ်မာကြီး လုံးလုံးမဟုတ်ဘူး။ သူက သင့်ကို ယဉ်ယဉ်ကျေးကျေးလေး လမ်းခွဲစကားဆိုပြီး သင့်ကို ခံစားရစေတယ်။ ဒါပေမဲ့ သူ ဒီလို ပြောလိုက်တာကလည်း ကောင်းပါတယ်။ မပြောဘဲ မတွဲချင်တွဲချင် ဆက်တွဲနေမယ်ဆိုရင် သင်ပဲ စိတ်ဆင်းရဲရပြီး အချိန်လည်း ကုန်ပါတယ်။

၂။ လူတွေရဲ့ခံစားချက်ကို သင်ဘယ်တော့မှ ထိန်းချုပ်လို့မရဘူး

သင့်အပေါ် တကယ်မချစ်သူနဲ့ တွဲပြီး တစ်ချိန်မှာ သင့်အပေါ် စိတ်ပြန်လည်လာနိုးနဲ့ တွယ်ဖက်မနေသင့်ပါဘူး။ သင့်ပုံစံက သနားစရာကောင်းပြီး သင့်စိတ်ဓာတ်တွေ အလဲလဲအပြိုပြို ဖြစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။

၃။ စွန့်ပစ်ခံလိုက်ရခြင်းက သင်တန်းဖိုးမရှိလို့ မဟုတ်ဘူး

လူတစ်ယောက်က သင့်ကို စွန့်ပစ်သွားတာနဲ့ သင်ဟာ သဘောကျစရာမကောင်းလို့ မဟုတ်ပါဘူး။ သင့်အပေါ် တကယ်ချစ်၊ တကယ်တန်ဖိုးထားသူကို တစ်နေ့ တွေ့ဦးမှာပါ။

၄။ အစွန့်ပစ်မခံရဘဲနဲ့ သင်ဘယ်လိုလူလဲဆိုတာ သင်သိမှာ မဟုတ်ဘူး

အစွန့်ပစ်ခံရခြင်းကနေ သင့်ရဲ့ အပြစ်အနာအဆာတွေ၊ အမှားတွေ၊ နောင်တတွေကို သိလာမယ်။ ဒါပေမဲ့ ဒါဟာ သင့်ရဲ့ပုံစံပဲ ဖြစ်တယ်ဆိုတာကို နားလည်လာပြီး သင့်ရဲ့ အပြစ်အနာအဆာတွေကို သင်ချစ်နိုင်လာမယ်။ အဲဒါတွေကို ချစ်နိုင်သူကိုလည်း သင်ရှာတတ်လာမယ်။

၅။ သင့်ကို တကယ်ချစ်တဲ့သူ တွေ့တဲ့အခါ သူဟာ သင့်ဖူးစာအစစ်အမှန်ဆိုတာ သိလိမ့်မယ်

သူ့ကို မြင်မြင်ချင်းတော့ ချစ်မိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူနဲ့ ရင်းနှီးမှု ရှိလာလေ သူက သင် စောင့်မျှော်နေသူပဲဆိုတာ သိလာလေပါပဲ။ သူက သင့်ကို သင်နဲ့ ထိုက်တန်တဲ့ပုံစံအတိုင်း ချစ်လိမ့်မယ်။ အဲဒီအချိန်မှာ တခြားသူတွေနဲ့ သင်ဖူးစာမဆုံခဲ့မိတာကိုပဲ သင် ကျေးဇူးတင်နေလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top