iMyanmarHouse.com - Best Property Website for Myanmar
×

လမ္းေလွ်ာက္ျခင္းသည္ ႐ိုးရွင္းၿပီး ေငြေၾကးအကုန္ အက်မမ်ားေသာ ေလ့က်င့္ခန္းတစ္ခုျဖစ္ေသာ္လည္း အ႐ုိးမ်ား၊ ႂကြက္သားမ်ားႏွင့္ အဆစ္အျမစ္မ်ားအတြက္ အက်ိဳးေက်းဇူးအမ်ား အျပားရိွေသာ ေလ့က်င့္ခန္းျဖစ္သည္။

‘‘သီတင္းတစ္ပတ္ကို ငါးရက္၊ မိနစ္ ၃၀ ေလာက္ စတင္လမ္းေလွ်ာက္ၿပီး လမ္းေလွ်ာက္မႈအစီအစဥ္ကို စတင္ပါ’’ဟု အေမရိကန္အ႐ုိးအဆစ္ခဲြစိတ္ဆရာ၀န္မ်ားအကယ္ဒမီမွ ေျပာခြင့္ရပုဂၢိဳလ္ ကာ႐ုိလင္းဟက္ထရစ္က  အႀကံျပဳသည္။

မစၥစ္ဟက္ထရစ္က ေအာက္ပါအတုိင္းအႀကံျပဳသည္။ ေျခဖ၀ါး၏ အခြက္ေနရာကို အေထာက္အပံ့ေပးၿပီး ဖေနာင့္ကုိ အနည္းငယ္ ျမႇင့္တင္ေပးေသာ ဖိနပ္ကုိ ၀တ္ဆင္ပါ။ ဖေနာင့္တစ္၀ုိက္ခပ္တင္း တင္းေထာက္ပံ့ေပးေသာ ဖိနပ္မ်ိဳးဆုိလွ်င္ ယိမ္းယိုင္သြားျခင္းမွ ကာ ကြယ္ေပးႏုိင္သည္။

ေျခမေနရာ၌ က်ပ္မေနေစရ၊ သုိ႔ေသာ္အလြန္ေခ်ာင္ျခင္းလည္း မျဖစ္သင့္ေပ။

လမ္းေလွ်ာက္ျခင္းကို ငါးမိနစ္ခန္႔ ပံုမွန္ေလွ်ာက္ျခင္းျဖင့္ စတင္ပါ။ ယင္းေနာက္ ခပ္ျမန္ျမန္ေလွ်ာက္ေပးပါ။ သုိ႔မွသာ ႏွလံုးခုန္ႏႈန္း ျမန္လာၿပီး အဆုတ္က အသက္ျပင္းျပင္း႐ွဴလာရမည္ျဖစ္သည္။ ၁၅ မိနစ္ခန္႔ ခပ္ျမန္ျမန္ေလွ်ာက္ပါ။

လမ္းေလွ်ာက္ေနခ်ိန္တြင္ လက္ကိုလႊဲၿပီး ဦးေခါင္းကုိေမာ့ကာ ခါးကုိ မတ္မတ္ထားရပါမယ္။ ၀မ္းဗုိက္ပုိင္း အိက်မေနေစရဘဲ ေျခမ ကုိ ေရွ႕တည့္တည့္ထား၍ ေလွ်ာက္လွမ္းပါ။ ေျခလွမ္းက်ဲက်ဲေလွ်ာက္ လွမ္းရမည္ျဖစ္ေသာ္လည္း အလြန္အားမစိုက္ပါႏွင့္။

၁၅ မိနစ္ ခပ္ျမန္ျမန္ေလွ်ာက္ၿပီးလွ်င္ ပံုမွန္အတုိင္း ငါးမိနစ္ျပန္ ေလွ်ာက္ရပါမယ္။ လမ္းေလွ်ာက္ၿပီးပါက ေပါ့ပါးေသာ အေၾကာအ ျခင္ဆန္႔ ေလ့က်င့္ခန္းလုပ္ေပးပါ။

Credit : 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

လမ်းလျှောက်ခြင်းသည် ရိုးရှင်းပြီး ငွေကြေးအကုန် အကျမများသော လေ့ကျင့်ခန်းတစ်ခုဖြစ်သော်လည်း အရိုးများ၊ ကြွက်သားများနှင့် အဆစ်အမြစ်များအတွက် အကျိုးကျေးဇူးအများ အပြားရှိသော လေ့ကျင့်ခန်းဖြစ်သည်။

‘‘သီတင်းတစ်ပတ်ကို ငါးရက်၊ မိနစ် ၃၀ လောက် စတင်လမ်းလျှောက်ပြီး လမ်းလျှောက်မှုအစီအစဉ်ကို စတင်ပါ’’ဟု အမေရိကန်အရိုးအဆစ်ခွဲစိတ်ဆရာဝန်များအကယ်ဒမီမှ ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလင်းဟက်ထရစ်က  အကြံပြုသည်။


မစ္စစ်ဟက်ထရစ်က အောက်ပါအတိုင်းအကြံပြုသည်။ ခြေဖဝါး၏ အခွက်နေရာကို အထောက်အပံ့ပေးပြီး ဖနောင့်ကို အနည်းငယ် မြှင့်တင်ပေးသော ဖိနပ်ကို ဝတ်ဆင်ပါ။ ဖနောင့်တစ်ဝိုက်ခပ်တင်း တင်းထောက်ပံ့ပေးသော ဖိနပ်မျိုးဆိုလျှင် ယိမ်းယိုင်သွားခြင်းမှ ကာ ကွယ်ပေးနိုင်သည်။

ခြေမနေရာ၌ ကျပ်မနေစေရ၊ သို့သော်အလွန်ချောင်ခြင်းလည်း မဖြစ်သင့်ပေ။

လမ်းလျှောက်ခြင်းကို ငါးမိနစ်ခန့် ပုံမှန်လျှောက်ခြင်းဖြင့် စတင်ပါ။ ယင်းနောက် ခပ်မြန်မြန်လျှောက်ပေးပါ။ သို့မှသာ နှလုံးခုန်နှုန်း မြန်လာပြီး အဆုတ်က အသက်ပြင်းပြင်းရှူလာရမည်ဖြစ်သည်။ ၁၅ မိနစ်ခန့် ခပ်မြန်မြန်လျှောက်ပါ။

လမ်းလျှောက်နေချိန်တွင် လက်ကိုလွှဲပြီး ဦးခေါင်းကိုမော့ကာ ခါးကို မတ်မတ်ထားရပါမယ်။ ဝမ်းဗိုက်ပိုင်း အိကျမနေစေရဘဲ ခြေမ ကို ရှေ့တည့်တည့်ထား၍ လျှောက်လှမ်းပါ။ ခြေလှမ်းကျဲကျဲလျှောက် လှမ်းရမည်ဖြစ်သော်လည်း အလွန်အားမစိုက်ပါနှင့်။

၁၅ မိနစ် ခပ်မြန်မြန်လျှောက်ပြီးလျှင် ပုံမှန်အတိုင်း ငါးမိနစ်ပြန် လျှောက်ရပါမယ်။ လမ်းလျှောက်ပြီးပါက ပေါ့ပါးသော အကြောအ ခြင်ဆန့် လေ့ကျင့်ခန်းလုပ်ပေးပါ။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top