iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်လာပြီဆိုရင် မိသားစုအပေါ် ရုပ်ပိုင်းဆိုင်ရာအရ တင်မကဘူး စိတ်ပိုင်းဆိုင်ရာပါ ပျော်ရွှင်အောင် ထားနိုင်ဖို့ ဂရုစိုက်ရပါတယ်။ တချို့အရာတွေက အရေးမပါဘူးလို့ သင်ထင်ချင်ကောင်း ထင်နေပေမဲ့ သင့်အိမ်ထောင်ရေးကို ထိခိုက်စေပါတယ်။

၁။ မိသားစုစားဝတ်နေရေးကို တာဝန်မယူနိုင်ခြင်း

ဇနီးက အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ယောက်ျားတစ်ယောက်အနေနဲ့ သင့်မိသားစုကို ထောက်ပံ့ဖို့က သင့်တာဝန်ပါ။  သင့်ကလေးတွေအတွက် လိုအပ်တဲ့ သင်တန်းတွေ တတ်နိုင်ဖို့ အချိန်ပိုဆင်းရတာမျိုး၊ ဆိုးရွားတဲ့အထက်လူကြီးရဲ့စကားကို နှုတ်ခမ်းကိုက် ခေါင်းငုံ့ခံသင့်ရင် ခံရပါမယ်။ အဲဒီလို လုပ်လိုက်ရတဲ့အတွက် အိမ်ပြန်ချိန်မှာ အားလုံးရဲ့ အပြုံးတွေ မြင်ရမှာ ဖြစ်တဲ့အတွက် သင့်အတွက် ထိုက်တန်ပါတယ်။

၂။ ကြောက်တတ်ခြင်း

သင် ငယ်ငယ်ကတည်က ယောက်ျားမဟုတ်ဘူးလား၊ မငိုနဲ့ဆိုတဲ့ စကားတွေ ကြားခဲ့ဖူးမှာပါ။ ဘဝမှာ အခက်အခဲတွေ၊ ဆိုးရွားတဲ့ကိစ္စတွေက ဖြစ်ပျက်လာရင် လက်ခံလိုက်ဖို့ပဲ ရှိပါတယ်။ စိန်ခေါ်မှုတွေ၊ ကျရှုံးမှုတွေ၊ နာကျင်စရာကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ ကျန်းမာရေးပြဿနာတွေကို သင် ကြံ့ကြံ့ခံနိုင်ဖို့ လိုပါတယ်။ သင့်ဇနီးမှာ ခေါင်းမှီငိုကြွေးစရာ ပခုံးတစ်ဖက် လိုပါတယ်။

၃။ ဇနီးသည်အပေါ် ကြင်ကြင်နာနာမရှိခြင်း

ယောက်ျားတွေက အိမ်ထောင်ကျသွားတဲ့အခါ ရင်းနှီးမှုကြောင့် ဇနီးအပေါ် ထွေးပွေ့ယုယမှုလျော့နည်းတတ်ကြပါတယ်။ သင်တို့နှစ်ယောက်မှာ ဖိုမကိစ္စရှိနေရုံနဲ့ အိမ်ထောင်ရေးက အဆင်မပြေနိုင်ပါဘူး။ အလုပ်မသွားခင် ဇနီးသည်ကို ပွေ့ဖက်တာ၊ အိမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေ အတူသွားဝယ်တိုင်းမှာ ဇနီးရဲ့လက်ကို ဆုပ်ကိုင်ထားတာ၊ ရုပ်ရှင်ကြည့်စဉ်မှာ ဇနီးအနားမှာ ကပ်ကြည့်တာမျိုးတွေ လုပ်သင့်ပါတယ်။

၎။ အခြားအရာတွေကို ဦးစားပေးခြင်း

သင့်ရဲ့အလုပ်က အရေးကြီးတာမှန်ပါတယ်။ ဒါပေမဲ့ သင်ဘာအတွက် အလုပ်လုပ်တယ်ဆိုတာ မမေ့ပါနဲ့။ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်နေတာပဲဆိုပြီး တခြားအရာတွေကို မိသားစုထက် ပိုပြီး ဦးစားပေးတာ မဖြစ်သင့်ပါဘူး။

၅။ ဇနီးသည်အပေါ် နားမလည်ခြင်း

သင့်ဟာ သင့်ဇနီးသည်ကို ချစ်နေကြောင်း၊ ကျေးဇူးတင်ကြောင်း သူသိဖို့ လိုပါတယ်။ အလုပ်ကို နေ့တိုင်းသွားပြီး ရသမျှပိုက်ဆံ အကုန်အပ်တာဟာ သင့်အချစ်ကို ပြသတဲ့နည်းလမ်းလို့ သင်ထင်နေရင်မှားပါတယ်။

သင် သူ့ကိုချစ်နေတယ်၊ အရာအားလုံးက သူ့အတွက် လုပ်နေတယ်ဆိုတာ သင့်ဇနီး သိဖို့လိုပါတယ်။ ဒါကြောင့် ရံဖန်ရံခါနဲ့ ထူးခြားတဲ့ နေ့တွေမှာ သူမဆီ စာလေးတွေ ရေးပို့တာ၊ သူမကို ပန်းစည်းလက်ဆောင်ပေးတာတွေ လုပ်သင့်ပါတယ်။

Credit: duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top