iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

တစ်စုံတစ်ဦးအတွက်နဲ့ သင့်ပုံစံကို မပြောင်းလဲပါနဲ့။ သင့်ပုံစံကို အရှိအတိုင်း လက်မခံနိုင်တဲ့လူအတွက် အပင်ပန်းခံ မပြောင်းလဲပါနဲ့။

၂ - နားလည်ဖို့ ကြိုးစား

မာနတွေ ခံပြီး မဆက်သွယ်ကြတာလား၊ သင့်အမှားကြောင့်လား၊ သူ့အမှားကြောင့်လား၊ ပြဿ     နာက သေးသေးလေးဆိုပေမဲ့ အစောကြီးကတည်းက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့တဲ့ ကိစ္စတွေ ရှိနေလား။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို လက်တွေ့ကျကျ စဉ်းစားပါ။

၃ - မလုပ်ခဲ့ရတာတွေ လုပ်

သူငယ်ချင်းတွေနဲ့ တွေ့၊ ဟိုနားဒီနားသွား၊ အရင်က အချိန်ပေး မလုပ်ခဲ့ရတာတွေကို လုပ်ပါ။

၎ - ရှောင်ဖို့ မကြိုးစားနဲ့

သူ့ကို တမင်တကာရှောင်တယ် ဆိုတာမျိုး မလုပ်နဲ့။ ရင့်ကျက်တဲ့လူလို ပုံစံဖမ်းပါ။

၅ - မီးကို မီးနဲ့ မငြိမ်းနဲ့

မီးကို မီးနဲ့ ငြိမ်းဖို့ မကြိုးစားပါနဲ့။ ငြိမ်းလည်း မငြိမ်းပါဘူး။ သူ့ကို ပြဿ     နာမရှာပါနဲ့။ သင့်ဘဝကလည်း ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ လျှောက်ရမယ့် ခရီးက အများကြီး ရှိပါသေးတယ်။

၆ - ကောလဟလ

နှစ်ယောက်သား ဆက်ဆံရေးအကြောင်း ကောလဟလ မဖြန့်ပါနဲ့။ ရလဒ်ဆိုးတွေ သင့်ဆီပြန်လာပါလိမ့်မယ်။

၇ - ရန်လိုမှု

နှစ်ယောက်စလုံး ခင်တဲ့ သူငယ်ချင်းတွေကို ရန်လိုတာမျိုးရှောင်ပါ။ သူနဲ့ပက်သက်တာမျိုးတွေကို ရန်လိုတာကို ရှောင်ပါ။ သူ့ကို ရန်လိုတာကိုလည်း ရှောင်ပါ။

Credit : Duwun
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top