iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင်ဝမ်ကို ရောက်နေတဲ့ ဆောင်ဂျွန်ကီက ဇွန်လ ၂၅ ရက်မှာ ထိုင်ပေမြို့က ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။ ပရိသတ်တွေရဲ့ မေးသမျှမေးခွန်းတွေကိုဖြေကြားခဲ့ပြီး မေးခွန်းအများစုကတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးရာဘဝနဲ့ သရုပ်ဆောင်ပိုင်းဆိုင်ရာတွေဖြစ်ခဲ့ပါတယ်။

" ကျွန်တော်က ပရော်ဖက်ရှင်နယ် စကိတ်စီးသမားဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တာ။ ကိုရီးယားအိုလံပစ်မှာ စကိတ်စီးဝင်ပြိုင်ချင်တာ၊ ဒါပေမဲ့ ကျွန်တော်ကအဲ့လောက်ထိ မထူးချွန်လို့ ဆက်မလုပ်တော့ဘူး" လို့ သူရဲ့ ပုဂ္ဂိုလ်ရေးရာအကြောင်းကို ဖြေခဲ့ပါတယ်။

Descendants of the Sun ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့တဲ့ ဆောင်းဟေဂိုနဲ့ နောက်နှစ်သုံးဆယ်အကြာမှာ ဇာတ်ကားတွဲပြီးရိုက်ချင်သေးလားလို့ မေးတဲ့အခါမှာတော့ " တကယ်လို့ ဆောင်းဟေဂိုကသာ အဆင်ပြေမယ်ဆိုရင် အချစ်ကားတစ်ကားလောက်ရိုက်ချင်ပါတယ်" လို့ မင်းသားချောက ဆိုပါတယ်။ ထင်မှတ်မထားပါဘဲ အာရှတစ်လွှားမှာ အကြီးအကျယ်လူကြိုက်များသွားတဲ့ ဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ပရိသတ်တွေကတော့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီကို ချစ်သူတွေဖြစ်လာဖို့ မျှော်မှန်းနေကြပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top