iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတစ်ယောက်ကို ဘာကတကယ် လိင်ပိုင်းဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံးတော့ သုသေတီတွေက ဖြေကြားပေးလိုက်ပါပြီ။

လေ့လာမှုသစ်တစ်ရပ်မှာ ဘယ်အပိုင်းတွေက တုံ့ပြန်မှုအားအကောင်းဆုံးလဲ ဆိုတာကို တိတိကျကျရှာဖွေ ဖော်ထုတ်ဖို့အတွက် အမျိုးသမီးကိုယ်ခန္ဓာပေါ်က ဖွဖွရွရွထိတွေ့မှု၊ ဖိအား နဲ့ တုန်ခါမှု တွေရဲ့ သက်ရောက်မှုတွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ရတာကတာ့ ဖွဖွရွရွထိတွေ့မှုအတွက် လည်ပင်းဟာ တုံ့ပြန်မှုအားအကောင်းဆုံး၊ ဖိအားအတွက် အမျိုးသမီးအင်္ဂါထိပ်နဲ့ သားမြတ်ဖူး တွေဟာ တုံ့ပြန်မှုအားအကောင်းဆုံး၊ တုန်ခါမှုအတွက်တော့ အမျိုးအသီးအင်္ဂါထိပ်ဟာ တုံ့ပြန်မှုအားအကောင်းဆုံး ဆိုတာပါပဲ။ အသက် ၁၈နှစ်ကနေ ၃၅နှစ်ကြား ကျန်းမာတဲ့ အမျိုးသမီး အယောက် ၃၀နဲ့ လေ့လာစမ်းသပ်ခဲ့တာပါ။ ထိတွေ့မှုပုံစံ အမျိုးမျိုး သက်ရောက်စေဖို့အတွက် သိပ္ပံနည်းကျကိရိယာတွေကို သုံးခဲ့ပါတယ်။ ၁ ဒဿမ ၅စက္ကန့် နှိုးဆွလိုက်ပြီး ၅စက္ကန့် စောင့်ပြီးမှ အမျိုးသမီးတွေကို ဘယ်လို ခံစားရကြောင်း မေးမြန်းခဲ့တာပါ။ သုတေသီတွေဟာ သားမြတ်ထုထည်၊ BMI(အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် အချိုးအစား)၊ ဟော်မုန်းဆိုင်ရာ သန္ဓေတားခြင်း၊ ဓမ္မတာစက်ဝိုင်း နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်သန်မှု စတာတွေကို စိစစ်လေ့လာခဲ့တယ်လို့ သိရပါတယ်။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top