iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရှင်သရုပ်ဆောင်အကယ် ဒမီခန့်စည်သူရဲ့ လတ်တလော ရိုက်ကူးဖြစ်နေတဲ့ ရုပ်ရှင်ဇာတ် ကားအကြောင်းနဲ့ ယိုယွင်းလာတဲ့ ဗီဒီယိုဈေးကွက်အပေါ် ၎င်းရဲ့ အမြင်တချို့ကို မေးမြန်းပေးထား ပါတယ်။

အခုရိုက်ကူးနေတဲ့ ဇာတ်ကားအ ကြောင်းပြောပြပေးပါဦး။

ဒီနေ့ရိုက်တဲ့ ဇာတ်ကားက တော့ ကောင်မလေးသုံးယောက် ကို တစ်ပြိုင်နက်တည်းရည်းစား ထားပြီး လူလည်ကျတဲ့ကားပေါ့။ ဒါရိုက်တာက စတီးပါ။

ဒီကားပြီးရင်ကော ဘယ်လိုဇာတ် လမ်းမျိုးတွေ ရိုက်ကူးဖို့ရှိပါသေး လဲ။

ဒါပြီးရင် ဗီဒီယိုနှစ်ကားရိုက် မယ်။ ပြီးရင် ဒါရိုက်တာ သြရသ နဲ့ ရုပ်ရှင်တစ်ကားရိုက်ဖို့ရှိတယ်။ နောက်တစ်ကားက ထောင်ထွက် လူမိုက်ကားပေါ့။ ရုပ်ရှင်ကားကြီး ပဲ။ ဒါရိုက်တာ စတီးနဲ့ပဲ။ ဒါရိုက် တာ သြရသနဲ့က ဇာတ်လမ်းမရ သေးဘူး။

အခု ဆံပင်ပုံစံအရောင်က ထူးထူး ခြားခြားဇာတ်ရုပ်အတွက် လုပ် ထားတာပါလား။

ဒီဆံပင်က ရှေ့ကားမှာတုန်းက အရောင်ချွတ်ထားတာဖြူနေ တာပါ။ အဲဒါကို ဆေးနည်းနည်း ပြန်မှုတ်ထားတာ။ ဇာတ်ရုပ်က ပျံ ကျကူလီရိုက်ထားလို့ပါ။ လူမိုက် တစ်ယောက်ပုံစံပေါ့။ ရပ်ကွက် ဈေးမှာ ခေါင်းပုံဖြတ်နေတဲ့ လူ မိုက်တစ်ယောက်ပေါ့။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုခန့်မွေးနေ့ ဆိုတော့ မွေးနေ့မှာ ဘာတွေ ဆောင်ရွက်ဖြစ်လဲ။

မွေးနေ့မှာတော့ ထူးထူးခြား ခြားဘာမှမလုပ်ဖြစ်ပါဘူး။ အမေ တို့ကတော့ ဘုန်းကြီးကျောင်းသွား တယ်။ ကိုယ်က အဲဒီနေ့က အစောကြီးရှုတင်ဝင်မယ်ဆိုတော့ ရှုတင် ဘက်ပဲ ဦးစားပေးဖြစ်ခဲ့တယ်။

ဒီနှစ်ထဲမှာ ကိုခန့်ပါတဲ့ ရုပ်ရှင်ကားဘယ်နှကားရုံတင်ဖို့ရှိလဲ။

ဒီနှစ်ထဲမှာ ရုံတင်ဖို့ကားကြီး တွေရှိတယ်။ ဘယ်ကားတင်မလဲ တော့ မသိသေးဘူး။ ရိုက်ထား တာတွေတော့ အများကြီးရှိပါ တယ်။ တက်တော့တက်လာပါ မယ်။

ဒီနှစ်ထဲမှာ ရုပ်ရှင်ဆိုရင် ဘယ်နှ ကားမြောက်ရိုက်ပြီးပြီလဲ။

ဒီကား(သေနတ်တစ်လက် သနပ်ခါးတစ်စက် ဓားတစ်လက် နဲ့ တူသော မိန်းမများ)က ဒီနှစ်ထဲမှာ ဆိုရင် လေးကားမြောက်ရိုက်တာ ပါ။

အခုနောက်ပိုင်း ဗီဒီယိုဈေးကွက် ကလည်း အရင်လိုမကောင်းတော့ တဲ့အပေါ်မှာ ဒီလောကသားတစ်ယောက်ရဲ့ မျှော်လင့်ချက်ဆန္ဒက ဘယ်လိုရှိပါသလဲ။

ဗီဒီယိုဈေးကွက်ကိုလည်း ပြန်ကောင်းစေချင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ အကြီးအငယ်အား လုံးအလုပ်ဖြစ်စေချင်ပါတယ်။ မင်းသား၊ မင်းသမီးသိုက်သိုက်ဝန်းဝန်းနဲ့ ရိုက်တယ်ဆိုတာကလည်း မတွေ့ရသလောက်ပါပဲ။ အရေးကြီးတာတော့ အခုနောက်ပိုင်းမှာ ပရိသတ်က ဇာတ်လမ်းကို ပိုခံစားလာတယ်လေ။

ကိုယ်တိုင်ကော ရုပ်ရှင်နဲ့ ဗီဒီယိုဘယ်ဟာ ပိုရိုက်ဖြစ်လဲ။

ကားကြီးရိုက်တာက ပိုများ တယ်။ ဗီဒီယိုတွေလည်း ရိုက်ဖြစ် ပါတယ်။

နောက်ပိုင်းမှာ အသက်အရွယ်အရဇာတ်ရုပ်တွေမှာ အရင်နဲ့မတူဘဲ ပြောင်းလဲသရုပ်ဆောင်သွားဖို့ရှိလား။

ဇာတ်ရုပ်တွေလည်း ပြောင်း လဲသွားမယ်။ မပြောင်းလဲလို့တော့ဘယ်ရမလဲ။ ပြောင်းလဲချိန်တန်ပြီ လေ။ ကာရိုက်တာကတော့ ပုံသေ ပြောလို့မရဘူး။ ကိုယ့်ကိုလာငှား တဲ့ ကားရဲ့ ကာရိုက်တာအပေါ်မူ တည်ပြီး ပြောင်းလဲဖြစ်မယ်။ ကိုယ်ကတော့ ဘယ်လိုပုံပြောင်းလဲသွားမယ်ဆိုပြီး ကြိုတင်တွက်ထားလို့ မရဘူး။

ပရဟိတလုပ်ငန်းတွေအနေနဲ့ ဘာတွေထပ်ပြီးလုပ်ဆောင်ဖို့ရှိပါလဲ။

မန္တလေးမေတ္တာသင်္ဂဟပရ ဟိတအဖွဲ့ကတော့ ဇူလိုင် ၁၉ မှာ ရွေးထားတယ်။ ဘယ်ကိုသွား လှူမလဲတော့ မသိသေးဘူး။ ညှိ ပြီးမှ ပြန်ပြောမယ်ပြောတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်ရှင်အစည်း အရုံးမှာ အပြောင်းအလဲဖြစ်မယ့် အသံတွေထွက်လာတာနဲ့ လူမှု ကွန်ရက်ပေါ်မှာ အနုပညာရှင်တ ချို့ ဝေဖန်ရေးကြတဲ့အပေါ်မှာ ဘာများပြောချင်လဲ။

ဘာများပြောစရာမရှိပါဘူး။  ကိုယ်တိုင်ဝင်လုပ်ဖို့တော့ ခေါင်း ထဲမှာကို မစဉ်းစားမိသေးပါဘူး။ ဒါတွေက လူတစ်ဦးချင်းစီက ဘယ် သူမပြုမိမိမှုပေါ့။ အကျိုးရှိလို့ အကြောင်းရှိတာ၊ အကြောင်းရှိလို့ အကျိုးရှိတာပေါ့လေ။

တစ်ရက်ထက် တစ်ရက် တစ်နှစ် ထက် တစ်နှစ်အသက်တွေပိုကြီး လာတဲ့အခါ ဘာတွေပြောင်းလဲသွားတယ်လို့ ခံစားမိပါလဲ။

ဘယ်လောက်အသက်ကြီး လဲ အရေးမကြီးဘူး။ ဘယ်လိုအ သက်ကြီးသွားလဲ အရေးကြီးပါ တယ်။ သေချာတာကတော့ ဘယ်အရာမှ မမြဲဘူးဆိုတာ ပိုသိလာ တယ်။

ပရိသတ်ကို ဘာပြောချင်တာရှိပါ သေးလဲ။

ကျွန်တော်တို့ကတော့ အခု ထက်ထိတော့ ကြိုးစားနေဆဲအ ဆင့်ပါပဲ။

Credit:7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top