iMyanmarHouse.com - Best Property Website for Myanmar
×

ဒီဂျေသမားနှင့် အဆိုတော်ကယ်ဗင်ဟဲရစ်သည် ၎င်း၏ Rnage Rover မော်တော် ကား ထိခိုက်ပျက်စီးမှုအတွက် နာမည်ကျော်ကြားသူများနောက် သို့ တကောက်ကောက်လိုက်နေ သော သတင်းထောက်များဖြစ် သည့် ပါပါရာဇီများကို အပြစ်တင် ခဲ့ပြီးနောက်ပိုင်းတွင် လူသိရှင် ကြား ပြန်လည်တောင်းပန်ခဲ့ သည်။

ကယ်ဗင်ဟဲရစ်သည် ဇွန်လ ၂၇ ရက်တွင် အမေရိကန်နိုင်ငံ ဘီဗာလီဟေးလ်အရပ်ရှိ အား ကစားခန်းမ၌ အားကစားလုပ်ပြီး နောက် ပြန်ထွက်လာစဉ် ၎င်းကိုစောင့်နေသော ပါပါရာဇီ သတင်း ထောက်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ယခုလဆန်းတွင် အဆိုတော် တေလာဆွစ်ဖ်နှင့် လမ်းခွဲခဲ့ သော ကယ်ဗင်ဟဲရစ်သည် သတင်းထောက်များက မေးသော မေးခွန်းများကို မဖြေဘဲ ၎င်း၏ ကားဆီသို့ အမြန်သွားခဲ့သည်ဟု TMZ သတင်းက ဖော်ပြသည်။

ကယ်ဗင်ဟဲရစ်သည် ၎င်း ကားနောက်ဘက်တံခါး   ပွင့်နေ ခြင်းကို သတိမထားမိဘဲ ပါပါ ရာဇီများ ဝိုင်းဝန်းမှုမှလွတ်ရန် အလျင်စလို မောင်းထွက်စဉ် ပွင့်နေသောတံခါးသည် အုတ်နံရံကိုဆောင့်မိ၍ ပျက်စီးခဲ့သည်။ ထို့နောက် ကယ်ဗင်ဟဲရစ်သည် ဒေါသထွက်၍  သတင်းထောက်များကို အော်ဟစ်ပြစ်တင်ခဲ့သည် ဟု Billboard သတင်းက ဖော်ပြသည်။

‘‘ကျွန်တော် အဲဒီနေ့က ပါပါရာဇီတွေကို အရမ်းဒေါသထွက်ခဲ့ တယ်။ ကျွန်တော် စိတ်မကောင်း ပါဘူး။ ခင်ဗျားတို့ကြာင့် နံရံနဲ့ တိုက်မိခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား တို့ကလည်း ခင်ဗျားတို့အလုပ်ကို လုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် တောင်း ပန်ပါတယ်’’ဟု ကယ်ဗင်ဟဲရစ်က တွစ်တာစာမျက်နှာ၌ ရေးသားခဲ့ သည်။  

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top