iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်အတွက် သူနှစ်ခြိုက်စွာ ဆင်မြန်းတဲ့ အကျီအရောင်တွေ၊ ဒါမှမဟုတ် အမျိုးသမီးတစ်ယောက် အမြဲဆိုးလေ့ရှိတဲ့ နှုတ်ခမ်းနီအရောင်နဲ့ လက်သည်းဆိုးဆေးအရောင်တွေကိုကြည့်လိုက်တာနဲ့ သူဟာ ဘယ်လိုလူမျိုးဖြစ်တယ် ဆိုတာ လှစ်ဟပြောပြနေပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ခုတစ်ခါမှာတော့ သင့်လက်သည်းပေါ်က လက်သည်းဆိုးဆေးအရောင်ကတစ်ဆင့် သင်ဘယ်လိုလူမျိုးဆိုတာ ပြောပြနိုင်တဲ့အကြောင်းလေး တင်ပြပေးလိုက်ပါတယ်။

၁။ သင်ဟာ လက်သည်းအနီရောင်ကို ဆိုးထားမယ်ဆိုရင်

အနီရောင်လက်သည်းပိုင်ရှင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတွေ ဖြစ်ကြပြီး ပေါင်းသင်းဆက်ဆံရတာ အဆင်ပြေပြေရှိကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ဆက်စီကျတဲ့သူတွေဖြစ်ကာ စွန့်စားခန်းတွေကိုလည်း သဘောကျတတ်သူတွေပါ။

၂။ သင်ဟာ လက်သည်းကို အ၀ါရောင်ဆိုးထားမယ်ဆိုရင်

အ၀ါရောင်ဟာ နေရောင်ခြည်ကို ကိုယ်စားပြုတာကြောင့် နွေးထွေးမှုရှိတဲ့သူတွေလို့ ပြောနိုင်ပါတယ်။ သင်ဟာ သွယ်ဝိုက်ပြောဆိုတာမျိုး မလုပ်တတ်သူပါ။ သင်လုပ်ဆောင်ရမယ့်အလုပ်တွေကို တာဝန်ကျေချင်သူဖြစ်ပေမယ့် စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ဖို့တော့ ၀န်လေးသူဖြစ်ပါတယ်။ ဒါ့အပြင် သင့်စတိုင်လ်ဟာ တခြားလူတွေနဲ့မတူ ထူးခြားနေပါလိမ့်မယ်။

၃။ သင်ဟာ လက်သည်းကို baby pink လို ပန်းနုရောင်လေး ဆိုးထားမယ်ဆိုရင်

ပန်းနုရောင် လက်သည်းဆိုးဆေးအရောင်မျိုး သင်ဆိုးထားမယ်ဆိုရင်တော့ သင်ဟာ မိန်းကလေးဆန်ဆန်၊ နုနုဖတ်ဖတ်လေး နေရတာမျိုးကို သဘောကျပြီး ချစ်စရာကောင်းတဲ့အရာလေးတွေကိုလည်း သဘောကျတတ်သူပါ။

၎။ သင်ဟာ လက်သည်းကို ခရမ်းရောင် ဆိုးထားမယ်ဆိုရင်

ခရမ်းရောင်ဟာ တော်ဝင်နန်းစံတဲ့အရောင်ကို ကိုယ်စားပြုထားတာကြောင့် သင်ဟာ ခရမ်းရောင်လက်သည်းဆိုးဆေးကို ဆိုးထားမယ်ဆိုရင် ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် သင်ဟာ ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်မယ့်သူဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ ဖန်တီးမှုစွမ်းအားကောင်းပြီး အနုပညာရှင်တစ်ဦးလည်း ဖြစ်နိုင်ပါသေးတယ်။

၅။ သင်ဟာ လက်သည်းကို အနက်ရောင် ဆိုးထားမယ်ဆိုရင်

လုံးဝနက်မှောင်နေတဲ့ အနက်ရောင်ကိုသာ သင်ဟာအမြဲတမ်း ဆိုးတတ်တဲ့သူဆိုရင်တော့ သင်ဟာ စိတ်ရှုပ်ထွေးလွယ်ပါမယ်။ ဖက်ရှင်ကျပြီး ဆတ်ဆတ်ထိ သိပ်မခံတတ်တဲ့သူပါ။ သင့်ရဲ့နေ့စဉ်ဘ၀မှာ စိတ်လှုပ်ရှားစရာတွေနဲ့ အမြဲ ပြည့်နေသူပေါ့။

၆။ သင်ဟာ လက်သည်းကို ရွှေရောင် ဆိုးထားမယ်ဆိုရင်

လက်သည်းကို ရွှေရောင် ဆိုးရတာ သဘောကျတဲ့သူတွေဟာ အားလုံးရဲ့ အာရုံစူးစိုက်ခံရတာကို သဘောကျပြီး ဂုဏ်ရှိရှိနေချင်သူတစ်ဦးဖြစ်ပါတယ်။ ဖက်ရှင်ဆိုရင်လည်း ဂန္တ၀င်ဆန်တဲ့ ဖက်ရှင်မျိုးတွေကို သဘောကျပါလိမ့်မယ်။ သင်လက်သည်းပေါ်မှာ တောက်ပနေတဲ့အရောင်ဟာ သင့်ကိုယ်ရည်ကိုယ်သွေးကိုပါ ပြသနေပါတယ်။

၇။ သင်ဟာ လက်သည်းကို အသားရောင်လို nude တွေကိုသာ ဆိုးထားမယ်ဆိုရင်

လက်သည်းကို nude ကာလာတွေ နှစ်ခြိုက်သူတွေဟာ မိန်းမ၀ါဒီဆန်တဲ့သူတွေပါ။ အရာအားလုံးကို နားလည်ပေးနိုင်ပြီး အားလုံးနဲ့အဆင်ပြေပြေပေါင်းသင်းဆက်ဆံနိုင်ပါတယ်။ လှပတယ်တင့်တယ်တာကို သဘောကျပေမယ့် ခေတ်စားနေတဲ့ အရာတွေတိုင်း နောက်ကိုတော့ ဘယ်တော့မှ မလိုက်တတ်သူပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top