iMyanmarHouse.com - Best Property Website for Myanmar
×

 ဟောလီးဝုဒ်မင်းသားကြီး နီကိုးလ်ကေ့ခ်ျနှင့် အဲလက်စ်ကင်တို့သည် ၎င်းတို့၏ ၁၂ ကြာ အိမ်ထောက်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီက လတည်းက ကွာရှင်းလိုက်ပြီဖြစ်ကြောင်း နီကိုးလ်ကေ့ခ်ျ၏ ကိုယ်စားလှယ်က ဇွန် ၂၄ ရက်တွင် The Times သတင်းစာကို ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်အရွယ်ရှိ နီကိုးလ်ကေ့ခ်ျနှင့် အသက် ၃၂ နှစ်အရွယ်ရှိ အဲလက်စ်ကင်တို့ နှစ်ဦးသည် အဲလက်စကင် စားပွဲထိုးလုပ်သည့် လော့စ်အိန်ဂျလိစ် စားသောက်တိုင်တွင် တွေ့ဆုံခဲ့ပြီး နောက် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက စတင်တွဲခဲ့ခြင်း ဖြစ်သည်။

နှစ်လကြာပြီးနာက် ၎င်းတို့နှစ်ဦးသည် စေ့စပ်ခဲ့ကြပြီး ၂၀၀၄ ခုနှစ် သြဂုတ်လတွင် ကာလီဖိုး နီးယားပြည်နယ် မြောက်ပိုင်းရှိ မွေးမြူရေးခြံကြီးတွင် လက်ထပ်ခဲ့ကြသည်။ နီကိုးလ်ကေ့ခ်ျနှင့် အဲလက်စ်ကင်တို့ ဇနီးမောင်နှံတွင် ကာလဲအလ်အမည်ရှိ အသက် ၁၀ နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့သည်။

အဲလက်စ်ကင်သည် ကေ့ခ်ျ၏ တတိယမြောက် ဇနီးဖြစ်ပြီး ကေ့ခ်ျသည် အဲလက်စ်ကင်နှင့် လက်မထပ်ခင်က နှစ်ကြိမ် လက်ထပ်ထားဖူးသူတစ်ဦး ဖြစ်သည်။ ကေ့ခ်ျသည် ၁၉၉၅ ခုနှစ်က ပက်ထရစ်ရှာအာခက်နှင့်  လက်ထပ်ခဲ့ပြီး ငါးနှစ်ကြာ ပေါင်းသင်းခဲ့ကြောင်းနှင့် ၂၀၀၂ ခုနှစ်က လီဆာမရီပရက်စ်လေနှင့် လက်ထပ်ခဲ့ပြီး လေးလခန့် ပေါင်းသင်းခဲ့သည်။

နီးကိုးလ်ကေ့ခ်ျသည် မော်ဒယ် ခရစ္စတီးနားဖော်တန်နှင့်လည်း ပတ်သက်ခဲ့ဖူးပြီး ၀ပ်စတန် အမည်ရှိ အသက်၂၅ နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့သည်။

Credit: Mizzima


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top