iMyanmarHouse.com - Best Property Website for Myanmar
×

ေခြးေတြဟာ အမ်ိဳးသားေတြအတြက္ပဲ အေကာင္းဆံုး သူငယ္ခ်င္း မဟုတ္ပါဘူး။ ဆိုရိုးစကား ရွိခဲ့တဲ့အတိုင္း “ေခြးခ်စ္သူေတြဟာ အေကာင္းဆံုး ဇနီးမယားေတြျဖစ္ႏိုင္တယ္” ဆိုသလိုပါပဲ။ ေခြးခ်စ္တတ္တဲ့ မိန္းကေလးေတြဟာ သင့္အတြက္ အေကာင္းဆံုး လက္တြဲေဖာ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ေခြးခ်စ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ကို ဘာေၾကာင့္ ေရြးခ်ယ္သင့္တယ္ဆိုတာေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အခ်စ္ႀကီးသူေတြျဖစ္လို႔ပါ

ေခြးခ်စ္သူေတြဟာ သူတို႔ခ်စ္တဲ့ ေခြးေလးေတြေၾကာင့္ အခ်စ္ႀကီးသူေတြျဖစ္လာၾကတယ္ဆိုတာ ဘယ္သူမွ မျငင္းႏိုင္ပါဘူး။

၂။ မွ်ေ၀လိုစိတ္ ရွိၾကပါတယ္

အားလံုးၾကားဖူးတဲ့အတိုင္းပဲ ေခြးခ်စ္တဲ့သူေတြဟာ သူတို႔စားမယ့္အထဲက တစ္၀က္ခြဲၿပီး ေခြးေကၽြးတာတို႔ တစ္အိပ္ယာထဲ အိပ္တာတို႔ ရွိၾကပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ေခြးခ်စ္တတ္သူေတြဟာ ဘယ္ေလာက္ထိ မွ်ေ၀လိုစိတ္ ရွိတယ္ဆိုတာကို သိႏိုင္ပါတယ္။

၃။ သစၥာရွိတာေၾကာင့္လည္း ျဖစ္ပါတယ္

ေခြးတစ္ေကာင္လို သစၥာရွိတယ္ဆိုသလိုပဲ ေခြးေတြဟာ အရမ္းကို သစၥာရွိၾကပါတယ္။ သခင္နဲ႔ ရင္းႏွီးဖုိ႔လြယ္ကူတဲ့ သတၱ၀ါပါ။ ေခြးေမြးထားသူေတြဟာလည္း သူတို႔ ေခြးေတြမရွိေတာ့ရင္ေတာင္ တသသ ျဖစ္ေနတတ္တာကို ၾကည့္ျခင္းအားျဖင့္ ေခြးခ်စ္သူေတြ သစၥာရွိတယ္ဆိုတာကို သိႏိုင္မွာပါ။

၄။ ေသးငယ္ေသာ ဆံုးရံႈးမႈေလးေတြကို စြန္႔လႊတ္ႏိုင္စြမ္းလည္း ရွိပါတယ္

ေခြးေတြဟာ ေခြးပိုင္ရွင္ရဲ ႔ ဖိနပ္ေတြ ၊ အက်ီၤေတြ စတဲ့ အသံုးအေဆာင္ေတြကို ကုိယ္ခ်ီၿပီး ထြက္ေျပးတာ မ်ိဳး ကိုက္ျဖတ္လိုက္တာမ်ိဳးေတြခဏခဏ လုပ္ပါတယ္။ ေခြးခ်စ္သူေတြက မိမိေခြးေလးေတြကို ခြင့္လႊတ္ၾကစၿမဲပါ။ ဒါေၾကာင့္ ေခြးခ်စ္တတ္သူေတြဟာ သင့္ကိုလည္း ေတာ္ရံုတန္ရံု အမွားေသးေသးေလးေတြအတြက္ ခြင့္လႊတ္ေပးႏိုင္စြမ္းရွိၾကပါတယ္။

၅။ တာ၀န္ယူစိတ္ ရွိတာ ေၾကာင့္ပါ

ေခြးေမြးတယ္ဆိုတာ အိမ္မွာ ေမြးၿပီး ဘယ္သူမွ ေလွာင္အိမ္ထဲ ထည့္မသိမ္းထားပါဘူး။အဲဒီေခြးေတြကို အျပင္ထြက္ လမ္းေလွ်ာက္ေပးရတယ္။ သတ္မွတ္ထားတဲ့ ေနရာမွာသာ ေသးေပါက္ဖို႔ ေလ့က်င့္ သင္ၾကားေပးရတယ္။ ျပႆနာ တစ္စံုတစ္ရာ မျဖစ္လာဖို႔ တာ၀န္ယူရပါတယ္။ အဲဒီလို တာ၀န္ယူစိတ္ ရွိၾကပါတယ္။

၆။ မိခင္ စိတ္နဲ႔ အုပ္ထိန္းမႈ အေတြ႔အႀကံဳရွိၾကလို႔ပါ

ေခြးေမြးထားတဲ့ မိန္းကေလးေတြဟာ သူတို႔ရဲ ႔ေခြးကို ေခြးလို႔ ေခၚရင္ေတာင္မႀကိဳက္ၾကပါဘူး။ သူတို႔ ရဲ ႔သားေလး ၊ သမီးေလး စသျဖင့္ သတ္မွတ္ထားၾကသူေတြျဖစ္ၿပီး ေခြးေလးေတြကို ကိုယ့္ရဲ ႔ ကေလးတစ္ေယာက္သဖြယ္ ဆက္ဆံတတ္သူေတြျဖစ္ပါတယ္။ မိခင္တစ္ေယာက္သဖြယ္ ဆံုးမ ေလ့က်င့္ ေပးတတ္သူေတြလည္း ျဖစ္ၾကပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ခွေးတွေဟာ အမျိုးသားတွေအတွက်ပဲ အကောင်းဆုံး သူငယ်ချင်း မဟုတ်ပါဘူး။ ဆိုရိုးစကား ရှိခဲ့တဲ့အတိုင်း “ခွေးချစ်သူတွေဟာ အကောင်းဆုံး ဇနီးမယားတွေဖြစ်နိုင်တယ်” ဆိုသလိုပါပဲ။ ခွေးချစ်တတ်တဲ့ မိန်းကလေးတွေဟာ သင့်အတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်ပါတယ်။ ဒါကြောင့် ခွေးချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘာကြောင့် ရွေးချယ်သင့်တယ်ဆိုတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အချစ်ကြီးသူတွေဖြစ်လို့ပါ

ခွေးချစ်သူတွေဟာ သူတို့ချစ်တဲ့ ခွေးလေးတွေကြောင့် အချစ်ကြီးသူတွေဖြစ်လာကြတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

၂။ မျှဝေလိုစိတ် ရှိကြပါတယ်

အားလုံးကြားဖူးတဲ့အတိုင်းပဲ ခွေးချစ်တဲ့သူတွေဟာ သူတို့စားမယ့်အထဲက တစ်ဝက်ခွဲပြီး ခွေးကျွေးတာတို့ တစ်အိပ်ယာထဲ အိပ်တာတို့ ရှိကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခွေးချစ်တတ်သူတွေဟာ ဘယ်လောက်ထိ မျှဝေလိုစိတ် ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။

၃။ သစ္စာရှိတာကြောင့်လည်း ဖြစ်ပါတယ်

ခွေးတစ်ကောင်လို သစ္စာရှိတယ်ဆိုသလိုပဲ ခွေးတွေဟာ အရမ်းကို သစ္စာရှိကြပါတယ်။ သခင်နဲ့ ရင်းနှီးဖို့လွယ်ကူတဲ့ သတ္တဝါပါ။ ခွေးမွေးထားသူတွေဟာလည်း သူတို့ ခွေးတွေမရှိတော့ရင်တောင် တသသ ဖြစ်နေတတ်တာကို ကြည့်ခြင်းအားဖြင့် ခွေးချစ်သူတွေ သစ္စာရှိတယ်ဆိုတာကို သိနိုင်မှာပါ။

၄။ သေးငယ်သော ဆုံးရှုံးမှုလေးတွေကို စွန့်လွှတ်နိုင်စွမ်းလည်း ရှိပါတယ်

ခွေးတွေဟာ ခွေးပိုင်ရှင်ရဲ့ ဖိနပ်တွေ ၊ အကျီၤတွေ စတဲ့ အသုံးအဆောင်တွေကို ကိုယ်ချီပြီး ထွက်ပြေးတာ မျိုး ကိုက်ဖြတ်လိုက်တာမျိုးတွေခဏခဏ လုပ်ပါတယ်။ ခွေးချစ်သူတွေက မိမိခွေးလေးတွေကို ခွင့်လွှတ်ကြစမြဲပါ။ ဒါကြောင့် ခွေးချစ်တတ်သူတွေဟာ သင့်ကိုလည်း တော်ရုံတန်ရုံ အမှားသေးသေးလေးတွေအတွက် ခွင့်လွှတ်ပေးနိုင်စွမ်းရှိကြပါတယ်။

၅။ တာဝန်ယူစိတ် ရှိတာ ကြောင့်ပါ

ခွေးမွေးတယ်ဆိုတာ အိမ်မှာ မွေးပြီး ဘယ်သူမှ လှောင်အိမ်ထဲ ထည့်မသိမ်းထားပါဘူး။အဲဒီခွေးတွေကို အပြင်ထွက် လမ်းလျှောက်ပေးရတယ်။ သတ်မှတ်ထားတဲ့ နေရာမှာသာ သေးပေါက်ဖို့ လေ့ကျင့် သင်ကြားပေးရတယ်။ ပြဿနာ တစ်စုံတစ်ရာ မဖြစ်လာဖို့ တာဝန်ယူရပါတယ်။ အဲဒီလို တာဝန်ယူစိတ် ရှိကြပါတယ်။

၆။ မိခင် စိတ်နဲ့ အုပ်ထိန်းမှု အတွေ့အကြုံရှိကြလို့ပါ

ခွေးမွေးထားတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့ခွေးကို ခွေးလို့ ခေါ်ရင်တောင်မကြိုက်ကြပါဘူး။ သူတို့ ရဲ့သားလေး ၊ သမီးလေး စသဖြင့် သတ်မှတ်ထားကြသူတွေဖြစ်ပြီး ခွေးလေးတွေကို ကိုယ့်ရဲ့ ကလေးတစ်ယောက်သဖွယ် ဆက်ဆံတတ်သူတွေဖြစ်ပါတယ်။ မိခင်တစ်ယောက်သဖွယ် ဆုံးမ လေ့ကျင့် ပေးတတ်သူတွေလည်း ဖြစ်ကြပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top