သင်ဟာ ချစ်သူကောင်လေး အသစ်တစ်ယောက်နဲ့ တွဲကာစ အချိန်မှာ သင့်အနေနဲ့ သူ့ကို အတည်တွဲလို့ ဖြစ်ပါ့မလား ၊ တစ်သက်လုံးစာ ရည်ရွယ်သင့်ရဲ့  လားဆိုတာကို တွေးမိမှာ သေချာပါတယ်။ သင့်ကောင်လေးကို မေးကြည့်ရင်တော့ သူက သင်စိတ်ကျေနပ်မယ့် အဖြေတွေကို ပဲ ပြန်ပြောမှာပါ။ တစ်ကယ်တမ်း လက်တွေ့မှာ သူ့ဘက်က ကိုယ့်ကို တစ်သက်လုံးစာ ရည်ရွယ်ထားရဲ့ လား ၊ အချိန်တန်ရင် အသဲခွဲပြီး ဘ၀ထဲက ထွက်ခွာသွားမှာလားဆိုတာကိုတော့ သူ့ရဲ့ လုပ်ရပ် အချို့ ကိုကြည့်ပြီး ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အဲဒီ လုပ်ရပ်မျိုးတွေကတော့
၁။ သင့်ကို သူ့ချစ်သူ အဖြစ် ခေါ်ဝေါ် ဆက်ဆံခြင်းမရှိရင်
သင့်ကို ချစ်သူတစ်ယောက်လို ခေါ်ဝေါ် ဆက်ဆံခြင်းမရှိမှတော့ သင်ဟာ သူ့ရဲ့  ချစ်သူ မဖြစ်နိုင်ပါဘူး။ ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
၂။ သူ့ဘက်က သင့်မိသားစု နဲ့ တွေ့ချင်တဲ့ ဆန္ဒ မရှိရင်
ကောင်မလေး ရဲ့  မိသားစု ၀င်တွေနဲ့ ၊ တစ်နည်းအားဖြင့် ကောင်မလေးရဲ့ ဖခင် ၊ အစ်ကို ၊ မောင်တွေနဲ့ တွေ့ဆုံဖူးတဲ့ ယောကျာင်္းတစ်ယောက်ဟာ သူ့ရဲ့  တာဝန်ယူစိတ်ကို ပြသရပါတယ်။ သူ့ဘက်က သင့်မိသားစုကို မတွေ့လိုတာဟာ သင်နဲ့ ပတ်သက်ပြီး သူ့ဘက်က တာဝန်ယူစိတ် မရှိတာပါပဲ။
၃။ သူ့မှာ သင်နဲ့ပတ်သက်တဲ့ စီမံကိန်း တစ်စုံတစ်ရာ မရှိရင်
ယောကျာင်္းလေးတွေဟာ ကြိုတင်စီစဉ်ထားခြင်း ကိစ္စရပ်တွေမှာ မကျွမ်းကျင်တာမှန်ပါတယ်။ ဒါပေမယ့်လည်း သင်နဲ့ စနေနေ့ ချိန်းတွေ့မှာကို စနေနေ့ မနက်မှာ ပြောပြလာတာ မျိုးကတော့ သင့်ကို အလေးမထားရာ ရောက်ပါတယ်။ သူ့ဆီမှာ တစ်သက်လုံးစာ စီမံကိန်းတွေလည်း ရှိဖို့ မလွယ်ပါဘူး။
၎။ သူ့ဘက်က အချစ်ရေး တစ်ခုအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလာရင်
ယောကျာင်္းတစ်ယောက်က Relationship တစ်ခု တည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလာရင် လက်ခံလိုက်ပါ။ သူ အမှန်တွေပြောနေတာပါ။
၅။ သူဟာ ရည်းစားဟောင်းတွေနဲ့ အဆက်အဆံ ရှိနေသေးရင်
ရည်းစားဟောင်းတွေကို ယဉ်ကျေးစွာ ၊ အဆင်ပြေစွာ ပြောဆိုဆက်ဆံနေသေးတဲ့ ယောကျာင်္းတွေဟာ တစ်ဘ၀လုံးစာအတွက် တစ်ယောက်တည်းကို ရည်ရွယ်တတ်လေ့မရှိကြပါဘူး။
၆။ သူ့ဖုန်းကို သိမ်းဆည်း ကွယ်ဝှက်ထားတတ်ရင်
ဒါက ယုံကြည်မှုနဲ့ ဆိုင်သွားပါပြီ။ မိန်းကလေးတွေဘက်ကလည်း ကိုယ့်ချစ်သူကောင်လေးရဲ့  ဖုန်းကို မယုံသင်္ကာ နဲ့ ခဏခဏ တောင်းယူ စစ်ဆေးနေတာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပေမယ့် မိန်းကလေးဘက်က ကိုယ့်ချစ်သူရဲ့ ဖုန်းကို တောင်းယူတဲ့အခါမှာ သူ့ဘက်က ထုတ်ပြရဲမှသာ ယုံကြည်မှု တစ်ခုကို တည်ဆောက်လို့ရမှာပါ။ ယုံကြည်မှု မတည်ဆောက်ခင်ကတည်းက သူ့ဘက်က ယုံကြည်ဖွယ်ရာမရှိရင်တော့ အခြေအနေမကောင်းပါဘူး။
၇။ သူ့ဘက်က ဖွင့်ဟ တိုင်ပင်ခြင်းမရှိရင်
အချစ်ရေးတစ်ခုဟာ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ဟ တိုင်ပင်လေ့ရှိမှသာ တစ်သက်လုံးစာအတွက် ဟန်ချက်ညီနိုင်ပါလိမ့်မယ်။
Credit::Yourtango
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
» အချိန်တန်ရင်ကိုယ့်ကို အသဲခွဲသွားမယ့် ချစ်သူကောင်လေး တစ်ယောက်ရဲ့  အမူအကျင့်များ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။