iMyanmarHouse.com - Best Property Website for Myanmar
×

ၾကင္စေမာင္ႏွံမ်ားႏွင့္ ေစ့စပ္ထားတဲ့ အကိုအမေတြ ထာဝရေအးခ်မ္းသာယာေစတဲ့ အိမ္ေထာင္ေရးနည္းလမ္းေတြကို ရွာေဖြေနၾကပါတယ္။ အိမ္ေထာင္ေရးႏွင့္ပတ္သက္လို႔ ၾကယ္ႏူးစရာအခ်ိဳ႕ရွိလိမ့္မယ္လို သူတို႔ ထင္ေနၾကတယ္။ ဒါကို သက္ၾကီးအိမ္ေထာင္ရွင္ေတြ သိလိမ့္မယ္လို႔ အခ်ိဳ႕က ယံုၾကည္ၾကတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ လ်ိဳ႕ဝွက္ခ်က္တစ္ခုေျပာ ျပမယ္။ တကယ္ေတာ့ ဒါဟာ လ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။ ခိုင္ျမဲေနတဲ့ အိမ္ေထာင္ေရးတစ္ခုျဖစ္လာဖို႔ ဘယ္လိုဖန္တီးရ မလဲလို႔ စဥ္းစားမိရင္ ဒီလ်ိဳ႕ဝွက္ခ်က္ေတြအေၾကာင္းကို ရွင္းရွင္းလင္းလင္း သိႏိုင္ပါတယ္။ ဒါေပမဲ့ နိစၥဓူဝ ရွင္သန္ေနတဲ့ ဘဝမွာ ဒီလ်ိဳ႕ဝွက္ခ်က္ေလးေတြကို ၾကည့္ရင္းၾကည့္ရင္းႏွင့္ အျခားအရာေတြရဲ႕ ဆြဲေဆာင္မႈေတြကို ခံေနရတယ္။ ဒီေတာ့ အိမ္ေထာင္ေရးဘက္မွာ အားနည္းလာကာ ကေတာက္ကဆေတြျဖစ္ၾကရျပီး ကြာရွင္းျပတ္စဲတဲ့အထိ ေရာက္ၾကရတယ္။ ဒီလိုအျဖစ္ဆိုးေတြကိ္ု တားဆီး ႏိုင္ဖို႔ ေပ်ာ္ရႊင္ၾကည္ႏူးစရာအိမ္ေထာင္ေရးဆိုင္ရာ လ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ကိုယ့္ကိုကိုယ္ ေပ်ာ္ရႊင္စြာေနပါ
အိမ္ေထာင္ရွိသူမ်ား အထူးသျဖင့္ အမ်ိဳးသမီးေတြေပါ့။ အိမ္ေထာင္က်ျပီဆိုရင္ အရာရာျပည့္စံုမယ္ အဆင္ေျပလိမ့္မယ္လို႔ မွတ္ယူၾကတယ္။ သူတို႔ရဲ႕ခင္ပြန္းေတြက သူတို႔ရဲ႕ဘဝကို ျမွင့္တင္ေပးျပီး ေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးမယ္လို႔ ယံုၾကည္ၾက တယ္။ ကိုယ္ေပ်ာ္ရႊင္ေအာင္ တစ္ဖက္သူကို စိတ္ေသာကေတြေပးတာဟာ မမွ်တတဲ့ အရာတစ္ခုပါ။ ဒါေၾကာင့္ ေပ်ာ္ရႊင္မႈ ေတြကို ကိုယ္တိုင္ဖန္းတီးပါ။ ကိုယ္ႏွစ္သက္တဲ့အရာကို လုပ္ပါ။ အိမ္ေထာင္ေရးသာယာခိုင္ျမဲဖို႔အတြက္ ကိုယ္ဖက္က ျပဳျပင္ပါ။ အဲဒါဟာ ကိုယ္လိုခ်င္တဲ့အရာေတြကို ကိုယ္အိမ္ေထာင္ဖက္မွ လိမၼာပါးနပ္စြာေတာင္းဆိုလိုက္တာ ျဖစ္တယ္။

၂။ နားေထာင္တတ္ရန္ သင္ယူပါ 
ခိုင္မာတဲ့သံေယာဇဥ္တစ္ခုကို တည္ေဆာက္ဖို႔အတြက္ စကားေျပာဆိုဆက္ဆံေရးဟာ မရွိမျဖစ္အေရးၾကီးတဲ့ အရာတစ္ခု ျဖစ္တယ္လို႔ လူေတြေျပာဆိုသံေလးကို ၾကားရတဲ့သူေတြဟာ ေျပာဆိုဆက္ဆံေရး အေၾကာင္းကို စဥ္းစားတတ္ၾကတယ္။ သူတို႔လိုခ်င္တဲ့အရာကို တျခားသူနားလည္ေစရန္အတြက္ ထိထိမိမိေျပာဆိုဖို႔ သင္ယူေလ့လာၾကတယ္။ ဒါေပမဲ့ စကားေျပာ ဆိုဆက္ဆံေရးမွာ ပိုျပီးအေရးၾကီးတဲ့ အရာတစ္ခုက တဖက္သူေျပာတဲ့စကားကို ေသခ်ာနားေထာင္တတ္ဖို႔ပါဘဲ။ ကိုယ့္ရဲ႕ ဇနီး/ခင္ပြန္း ေျပာစကားကို ေသခ်ာနားေထာင္မယ္ဆိုရင္ သူ/သူမအေပၚမွာ နားလည္လာျပီး အလိုက္သင့္ေျပာတတ္ပါ လိမ့္မယ္။ ဒါဆိုရင္ အျမဲတန္းသေဘာထားခ်င္းမကိုက္ညီရင္ေတာင္မွ ပိုမိုရင္းႏွီးလာမယ္။ တခါတရံတဖက္လူကို ထပ္ကာ တလဲလဲသြန္သင္ေျပာဆိုခြင့္ေပးထားျပီး ကိုယ္က ေသခ်ာနားမေထာင္ဘူးဆိုရင္ မတူညီမႈေတြ ရွိလာတတ္တယ္။

၃။ အတူ အခ်ိ္န္ကုန္ဆံုးပါ
အတူ အခ်ိန္ေပးမေနထိုင္တဲ့အခါမ်ိဳးမွာ တေယာက္နဲ႔တစ္ေယာက္ ထာဝရေဝးရတတ္ပါတယ္။ တဒဂၤအခ်ိန္ေတြဖန္တီးျပီး အတူတကြအမွတ္တရေလးေတြ ဖန္တီးမယ္ဆိုရင္ တေယာက္ႏွင့္ တေယာက္ၾကားမွာ အေနေဝးသလို လံုးဝမခံစားရေတာ့ ပါဘူ။ ေငြအမ်ားၾကီးအကုန္အက်ခံျပီး ဇိမ္ခံခရီးသြားစရာမလိုပါဘူး။ နံနက္တိုင္း ေကာ္ဖီအတူေသာက္ျခင္း၊ ရုပ္ရွင္အတူ ၾကည့္ျခင္းႏွင့္ တစ္ပတ္တစ္ခါအခ်ိန္ေပးျပီး အျပင္မွာ ညစာအတူသြားစားတာတို႔လို ရိုးရွင္းတဲ့အရာေတြကို ျပဳလုပ္ေပးႏိုင္ပါ တယ္။ အိမ္တြင္းပုန္းဘဝျဖစ္ေအာင္ မလုပ္မိပါေစနဲ႔။

၄။ သစၥာရွိပါ
အိမ္ေထာင္ေရးခရီလမ္းမွာ အျခားသူေတြလည္း ပါဝင္လာတတ္ပါတယ္။ သူငယ္ခ်င္းမိတ္ေဆြ ထားလို႔ ရပါတယ္။ ဒါေပမဲ့ ကိုယ့္စိတ္ထဲမွာ ျဖစ္ေပၚေနတဲ့အေတြးေတြ၊ ခံစားခ်က္ေတြကို ဖြင့္ဟတိုင္ရမဲ့သူ ကေတာ့ ကိုယ့္ရဲ႕ခင္ပြန္း/ဇနီးပဲ ျဖစ္သင့္ပါ တယ္။ သူ/သူမဟာသာလွ်င္ စိတ္ခံစားမႈဆိုင္ရာႏွင့္ ကာမ ဆက္ဆံမႈဆိုင္ရာ တစ္ဦးတည္းဘဝၾကင္ေဖာ္ျဖစ္သင့္တယ္။ မလိမ္မညာဘဲ ေနမယ္ဆိုတာက ခက္ခဲ့တဲ့ကိစၥတစ္ရပ္ပါ။ ႏွစ္ေယာက္လံုး တစ္ေယာက္ကိုတစ္ေယာက္ သစၥာရိွရင္ေတာ့ အခက္အခဲ ေတြနဲ႔ မၾကံဳေတြ႔ႏိုင္သလို ထာဝရသာယာတဲ့ အိမ္ေထာင္တစ္ခုကို ပိုင္ဆိုင္မွာျဖစ္တယ္။

၅။ ကိုယ့္မွာရွိတဲ့အရာနဲ႔ ေရာင့္ရဲပါ
လူေတြဟာ ကိုယ္ရဲ႕ဇနီး/ခင္ပြန္းထက္ ပတ္ဝန္းက်င္ကသူေတြက ပိုသာတယ္လို႔ ထင္မွတ္ၾကတယ္။ ကိုယ့္ရဲ႕ဇနီး/ခင္ပြန္း အေၾကာင္း အျမဲညည္းညဴေျပာဆိုၾကျပီး အျခားသူေတြရဲ႕ဇနီး/ခင္ပြန္းက ပိုလွ၊ ပိုေခ်ာတယ္လို႔ ထင္မွတ္ၾကတယ္။ ဒါေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ေဝးသြားရတဲ့အခါ သူတို႔ရဲ႕ တန္ဖိုးေတြကို နားလည္တတ္ၾကတယ္။ ဒါေပမဲ့ အခ်ိန္ေႏွာင္းခဲ့ ျပီေလ။ ဒါေၾကာင္း ကိုယ့္ရဲ႕ အိမ္ေထာင္ေရးကို အာရံုစိုက္ျပီး ကိုယ္အေပၚသူေကာင္းခဲ့တာေလးေတြကို မွတ္သားပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ကြင်စမောင်နှံများနှင့် စေ့စပ်ထားတဲ့ အကိုအမတွေ ထာဝရအေးချမ်းသာယာစေတဲ့ အိမ်ထောင်ရေးနည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ အိမ်ထောင်ရေးနှင့်ပတ်သက်လို့ ကြယ်နူးစရာအချို့ရှိလိမ့်မယ်လို သူတို့ ထင်နေကြတယ်။ ဒါကို သက်ကြီးအိမ်ထောင်ရှင်တွေ သိလိမ့်မယ်လို့ အချို့က ယုံကြည်ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ လျို့ဝှက်ချက်တစ်ခုပြော ပြမယ်။ တကယ်တော့ ဒါဟာ လျို့ဝှက်ချက်မဟုတ်ပါဘူး။ ခိုင်မြဲနေတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့ ဘယ်လိုဖန်တီးရ မလဲလို့ စဉ်းစားမိရင် ဒီလျို့ဝှက်ချက်တွေအကြောင်းကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဒါပေမဲ့ နိစ္စဓူဝ ရှင်သန်နေတဲ့ ဘဝမှာ ဒီလျို့ဝှက်ချက်လေးတွေကို ကြည့်ရင်းကြည့်ရင်းနှင့် အခြားအရာတွေရဲ့ ဆွဲဆောင်မှုတွေကို ခံနေရတယ်။ ဒီတော့ အိမ်ထောင်ရေးဘက်မှာ အားနည်းလာကာ ကတောက်ကဆတွေဖြစ်ကြရပြီး ကွာရှင်းပြတ်စဲတဲ့အထိ ရောက်ကြရတယ်။ ဒီလိုအဖြစ်ဆိုးတွေကို တားဆီး နိုင်ဖို့ ပျော်ရွှင်ကြည်နူးစရာအိမ်ထောင်ရေးဆိုင်ရာ လျို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် ပျော်ရွှင်စွာနေပါ
အိမ်ထောင်ရှိသူများ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ အိမ်ထောင်ကျပြီဆိုရင် အရာရာပြည့်စုံမယ် အဆင်ပြေလိမ့်မယ်လို့ မှတ်ယူကြတယ်။ သူတို့ရဲ့ခင်ပွန်းတွေက သူတို့ရဲ့ဘဝကို မြှင့်တင်ပေးပြီး ပျော်ရွှင်အောင် ဖန်တီးပေးမယ်လို့ ယုံကြည်ကြ တယ်။ ကိုယ်ပျော်ရွှင်အောင် တစ်ဖက်သူကို စိတ်သောကတွေပေးတာဟာ မမျှတတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ပျော်ရွှင်မှု တွေကို ကိုယ်တိုင်ဖန်းတီးပါ။ ကိုယ်နှစ်သက်တဲ့အရာကို လုပ်ပါ။ အိမ်ထောင်ရေးသာယာခိုင်မြဲဖို့အတွက် ကိုယ်ဖက်က ပြုပြင်ပါ။ အဲဒါဟာ ကိုယ်လိုချင်တဲ့အရာတွေကို ကိုယ်အိမ်ထောင်ဖက်မှ လိမ္မာပါးနပ်စွာတောင်းဆိုလိုက်တာ ဖြစ်တယ်။

၂။ နားထောင်တတ်ရန် သင်ယူပါ
ခိုင်မာတဲ့သံယောဇဉ်တစ်ခုကို တည်ဆောက်ဖို့အတွက် စကားပြောဆိုဆက်ဆံရေးဟာ မရှိမဖြစ်အရေးကြီးတဲ့ အရာတစ်ခု ဖြစ်တယ်လို့ လူတွေပြောဆိုသံလေးကို ကြားရတဲ့သူတွေဟာ ပြောဆိုဆက်ဆံရေး အကြောင်းကို စဉ်းစားတတ်ကြတယ်။ သူတို့လိုချင်တဲ့အရာကို တခြားသူနားလည်စေရန်အတွက် ထိထိမိမိပြောဆိုဖို့ သင်ယူလေ့လာကြတယ်။ ဒါပေမဲ့ စကားပြော ဆိုဆက်ဆံရေးမှာ ပိုပြီးအရေးကြီးတဲ့ အရာတစ်ခုက တဖက်သူပြောတဲ့စကားကို သေချာနားထောင်တတ်ဖို့ပါဘဲ။ ကိုယ့်ရဲ့ ဇနီး/ခင်ပွန်း ပြောစကားကို သေချာနားထောင်မယ်ဆိုရင် သူ/သူမအပေါ်မှာ နားလည်လာပြီး အလိုက်သင့်ပြောတတ်ပါ လိမ့်မယ်။ ဒါဆိုရင် အမြဲတန်းသဘောထားချင်းမကိုက်ညီရင်တောင်မှ ပိုမိုရင်းနှီးလာမယ်။ တခါတရံတဖက်လူကို ထပ်ကာ တလဲလဲသွန်သင်ပြောဆိုခွင့်ပေးထားပြီး ကိုယ်က သေချာနားမထောင်ဘူးဆိုရင် မတူညီမှုတွေ ရှိလာတတ်တယ်။

၃။ အတူ အချိန်ကုန်ဆုံးပါ
အတူ အချိန်ပေးမနေထိုင်တဲ့အခါမျိုးမှာ တယောက်နဲ့တစ်ယောက် ထာဝရဝေးရတတ်ပါတယ်။ တဒင်္ဂအချိန်တွေဖန်တီးပြီး အတူတကွအမှတ်တရလေးတွေ ဖန်တီးမယ်ဆိုရင် တယောက်နှင့် တယောက်ကြားမှာ အနေဝေးသလို လုံးဝမခံစားရတော့ ပါဘူ။ ငွေအများကြီးအကုန်အကျခံပြီး ဇိမ်ခံခရီးသွားစရာမလိုပါဘူး။ နံနက်တိုင်း ကော်ဖီအတူသောက်ခြင်း၊ ရုပ်ရှင်အတူ ကြည့်ခြင်းနှင့် တစ်ပတ်တစ်ခါအချိန်ပေးပြီး အပြင်မှာ ညစာအတူသွားစားတာတို့လို ရိုးရှင်းတဲ့အရာတွေကို ပြုလုပ်ပေးနိုင်ပါ တယ်။ အိမ်တွင်းပုန်းဘဝဖြစ်အောင် မလုပ်မိပါစေနဲ့။

၄။ သစ္စာရှိပါ
အိမ်ထောင်ရေးခရီလမ်းမှာ အခြားသူတွေလည်း ပါဝင်လာတတ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေ ထားလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အတွေးတွေ၊ ခံစားချက်တွေကို ဖွင့်ဟတိုင်ရမဲ့သူ ကတော့ ကိုယ့်ရဲ့ခင်ပွန်း/ဇနီးပဲ ဖြစ်သင့်ပါ တယ်။ သူ/သူမဟာသာလျှင် စိတ်ခံစားမှုဆိုင်ရာနှင့် ကာမ ဆက်ဆံမှုဆိုင်ရာ တစ်ဦးတည်းဘဝကြင်ဖော်ဖြစ်သင့်တယ်။ မလိမ်မညာဘဲ နေမယ်ဆိုတာက ခက်ခဲ့တဲ့ကိစ္စတစ်ရပ်ပါ။ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရင်တော့ အခက်အခဲ တွေနဲ့ မကြုံတွေ့နိုင်သလို ထာဝရသာယာတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်မှာဖြစ်တယ်။

၅။ ကိုယ့်မှာရှိတဲ့အရာနဲ့ ရောင့်ရဲပါ
လူတွေဟာ ကိုယ်ရဲ့ဇနီး/ခင်ပွန်းထက် ပတ်ဝန်းကျင်ကသူတွေက ပိုသာတယ်လို့ ထင်မှတ်ကြတယ်။ ကိုယ့်ရဲ့ဇနီး/ခင်ပွန်း အကြောင်း အမြဲညည်းညူပြောဆိုကြပြီး အခြားသူတွေရဲ့ဇနီး/ခင်ပွန်းက ပိုလှ၊ ပိုချောတယ်လို့ ထင်မှတ်ကြတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ဝေးသွားရတဲ့အခါ သူတို့ရဲ့ တန်ဖိုးတွေကို နားလည်တတ်ကြတယ်။ ဒါပေမဲ့ အချိန်နှောင်းခဲ့ ပြီလေ။ ဒါကြောင်း ကိုယ့်ရဲ့ အိမ်ထောင်ရေးကို အာရုံစိုက်ပြီး ကိုယ်အပေါ်သူကောင်းခဲ့တာလေးတွေကို မှတ်သားပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top