iMyanmarHouse.com - Best Property Website for Myanmar
×

ဒါတွေကြောင့် ......မပိန်နိုင်တာပါ။

အခုခေတ် လူနေမှုဘ၀ပုံစံနဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် ၀တဲ့သူတွေ ပိုပိုပြီး များများလာပါတယ်။ ၀ခြင်းကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲ ရောဂါတွေကလည်း မနည်းပါဘူး။ အစားအသောက် လျှော့စားရုံ ၊ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ပိန်မသွားနိုင်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။သြစတြေးလျ တက္ကသိုလ်တစ်ခုရဲ့ လေ့လာမှုမှာ အစားကို ချင့်ချိန်စားတဲ့ မာရသွန်အပြေးသမားတစ်ယောက်က ၀ိတ်ကျလာရမယ့်အစား သိသိသာသာ ကိုယ်အလေးချိန် တိုးလာတာကို တွေ့ရှိခဲ့ပါတယ်။အဓိက အကြောင်းကတော့ စိတ်ဖိစီးမှုကြောင့် ပါတဲ့ ။ဒါကြောင့် ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် အောက်ပါ အကြောင်းအရာလေးတွေကို မှတ်သားထားလိုက်ပါ။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု ဖြစ်တဲ့အခါမှာ ကော်တီဆောဆိုတဲ့ ဟော်မုန်းထွက်လာတတ်ပါတယ်။ဒီ ဟော်မုန်းက ကြွက်သားတွေကို ပျက်စီးစေပြီး ကြွက်သားတွေ ပျက်စီးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်ကို နှေးကွေးစေတဲ့အတွက် အဆီတွေစုလာပြီး အလေးချိန်တိုးလာခြင်း ဖြစ်ပါတယ်။ကော်တီဆော ပမာဏ မြင့်တက်လာခြင်းက သက်လတ်ပိုင်း အရွယ်တွေကို ပိုပြီး ၀ လာစေပါတယ်။

အကြံပြုချက်။   ။တစ်နေ့မှာ မိနစ် အနည်းငယ်လောက် အလုပ်တွေ ခဏနားပြီး စနစ်တကျ အသက်ရှုကြည့်ပါ။ ရင်ဘတ်နဲ့မဟုတ်ဘဲ ၀မ်းဗိုက်နဲ့ အသက်ကို ဖြည်းဖြည်းချင်း အကြိမ် ၂၀ လောက် မှန်မှန် ရှုသွင်းပါ။ ၀မ်းဗိုက်ဟာ ကြွက်သားနဲ့ အသက်ရှုတာက စိတ်ဖိစီးမှု လျှော့ချဖို့အတွက် အကောင်းဆုံးနည်း ဖြစ်ပါတယ်။

sex ဟော်မုန်းများ

မိန်းကလေးများ ရာသီသွေးလာချိန်မှာ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှုကြောင့် ပရိုဂျက်စထရုန်းဟော်မုန်း ထွက်ရှိမှုကို လျော့ကျစေပါတယ်။ ဒီလို လျော့ကျခြင်းကြောင့် စိတ်တည်ငြိမ်မှုရဖို့ ခန္ဓာကိုယ်က သကြားဓာတ်ကို တောင့်တလာပါတယ်။ သကြားဓာတ်က များများစားလေ များများ ၀လေ ဖြစ်စေပါတယ် ။နောက်ပြီး လေ့ကျင့်ခန်းလုပ်လိုတဲ့ စေ့ဆော်တိုက်တွန်းမှုကိုလည်း ထိခိုက်စေပါတယ်။

အကြံပြုချက်။    ။ကော်ဖီသောက်မယ့်နေရာမှာ ဆေးဖက်ဝင် လက်ဖက်ရည်ကို ပြောင်းသောက်တဲ့အခါ သကြားဓာတ် တောင့်တမှုကို တဖက်လှည့်နဲ့ ဖြည့်ပေးနိုင်ပါတယ်။

အင်ဆူလင် မြင့်မားခြင်း

အင်ဆူလင်ဓာတ်က အစားအစာများထဲက သကြားဓာတ်ကို ဆဲလ်များအတွင်းသို့ ရွှေ့ပြောင်းတဲ့ အခါမှာကူညီပေးရပါတယ်။အသုံးမပြုဘဲ ကျန်ခဲ့တဲ့ အင်ဆူလင်ဓာတ်တွေကို အဆီဆဲလ်တွေထဲမှာ သိုလှောင်ထားလေ့ ရှိပါတယ်။သွေးထဲက ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကိုရယူဖို့ အင်ဆူလင်ဓာတ် များများထုတ်လေ သိုလှောင်မယ့် အဆီများများ ဖြစ်လေ ဖြစ်ပါတယ်။

အကြံပြုချက်။   ။ပရိုတင်းဓာတ်ပါတဲ့ အစာတွေဖြစ်တဲ့ အသား၊ငါး၊  ဥ တွေအပြင် အင်ဆူလင်ဓာတ် အနည်းငယ်ပဲ လိုအပ်စေဖို့ သွေးထဲမှာ ဂလူးကို့စ်ဓာတ်ထုတ်လွှတ်မှု နှေးကွေးစေတဲ့ ထောပတ်သီး၊ အခွံမာ အသီး ၊သံလွင်ဆီ တို့ကို စားသုံးပေးရပါမယ်။

အာရုံကြောစနစ်

အာရုံကြောစနစ်မှာ တိုက်ခိုက်နေတဲ့အချိန်နဲ့ အနားယူ ပြုပြင်နေတဲ့ အချိန်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းနှစ်ခု မျှတဖို့ အရေးကြီးပါတယ်။ တိုက်ခိုက်တဲ့ အချိန်မှာ အဒရီနယ်လင်းဟော်မုန်း အလွန်အကျွံ ထွက်ရှိပြီး အဆီတွေကို လောင်စာအဖြစ်အသုံးမပြုဘဲ ဂလူးကို့စ်ကိုသာ အသုံးပြုတတ်ပါတယ်။ဒါကြောင့် ပိုလျှံ အဆီတွေ စုလာပြီး အလေးချိန်တိုးလာခြင်းဖြစ်ပါတယ် ။အနားယူတဲ့ အချိန်မှာတော့ အစာချေခြင်း ၊အသားအရ ပြုပြင် ထိန်းသိမ်းမှုတွေကို မျှတအောင်လုပ်ပေးပါတယ်။

အကြံပြုချက်။    ။အာရုံကြောစနစ် အနားရဖို့ အသက်ရှုထုတ်ခြင်း ၊ထိုက်ကျိ ကစားခြင်း ၊ယောဂ ကျင့်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

စိတ်ခံစားချက်များ

လူမှုရေး ၊စီးပွားရေး ပြဿနာတွေကြောင့် စိတ်ထဲမှာ ခံစားချက်အမျိုးမျိုး ရှိနေနိုင်ပါတယ်။ အလုပ်ဖိစီးမှု ၊ စိတ်ညစ်စိတ်ရှုပ်စရာတွေက လွတ်ဖို့အတွက် အာရုံပြောင်းတဲ့ အနေနဲ့ အစားအသောက်ကို မချင့်ချိန်တော့ဘဲ စားတတ်ပါတယ်။ အစာအိမ်ထဲ အစာရောက်သွားတဲ့အခါမှာ မကောင်းမြင်တဲ့စိတ်တွေ လျော့သွားတဲ့အတွက် စားတာဖြစ်တတ်သလို ပျော်နေတဲ့အချိန်မှာလည်း မချင့်ချိန်ဘဲ စားမိတတ်ပြန်ပါတယ်။

အကြံပြုချက်။   ။စိတ်ခံစားမှုတွေများလာတဲ့အခါ အဲ့ဒီခံစားမှုတွေကို သတိထားစောင့်ကြည့်တဲ့ အကျင့်တစ်ခုလုပ်လိုက်ပါ။ ဒါဆိုရင် ခံစားချက်တွေကြောင့် နာကျင်တာ ၊ ခံစားလွယ်လွန်းတာတွေ အတော်အသင့် လျော့ပါးသွားပါလိမ့်မယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top