iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ခေါင်းမလျှော်ခင် ဘီးဖီးပါ

ခေါင်းမလျှော်ခင် ဆံပင်ဖီးပေးရပါတယ်။ ခေါင်းလျှော်တဲ့ အခါမှာ ပိတ်ဆို့မှု မဖြစ်စေဖို့ ဖြစ်ပြီး ဒါဟာ ဦးရေးပြားကို သွေးလျှောက်ရာမှာ ကောင်းမွန်စေပါတယ်။

၂ - ပိုးသားခေါင်းအုံးစွပ်သုံး

ပိုးသားဟာ အသားအရေအတွက် ကောင်းမွန်သလို သင့်ခေါင်းရဲ့စိုစွတ်မှုကိုလည်း ထိန်းပေးထားပါတယ်။


၃ - နှိပ်

ဦးရေပြားကိုလည်း နှိပ်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်း နှိပ်ပေးတာဟာ ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်လည်း အရှည်မြန်ပါတယ်။

၎ - ဘီးကျဲ

စိုနေတဲ့ဆံပင်တွေကို ဖီးတဲ့အခါ ဘီးကျဲကျဲကို အသုံးပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဆံပင်ကျိုးပြတ်တာတွေ ဖြစ်နိုင်ပါတယ်။


၅ - ကျွတ်နှုန်း

တစ်ရက်မှာ ဆံပင်အချောင်းပေါင်း ၁၀၀ နဲ့ ၁၀၀ အထက် ကျွတ်ပါတယ်။ ဆံပင်တွေကို ဂရုတစိုက်ထိန်းသိမ်းဖို့ လိုပါတယ်။

Credit:Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top