iMyanmarHouse.com - Best Property Website for Myanmar
×

“ေဒါက္တာေရ ကၽြန္မမ်က္ႏွာမွာ မွဲ႔ေျခာက္ေတြမ်ားသထက္မ်ားလာတယ္။ ကၽြန္မေမေမလိုအမ်ားႀကီးျဖစ္ လာမွာစိုးတယ္”

          “ဆရာမေရ သမီးရဲ႕မ်က္ရည္ခံမွဲ႔ကိုမႀကိဳက္ဖူး ဖ်က္ခ်င္တယ္။ ဖ်က္လို႔ရလားဟင္။”

          “အန္တီ့လည္ပင္းက မွဲ႔အသားပိုေလးေတြက ဆြဲႀကိဳးနဲ႔ၿငိၿပီး ေသြးထြက္တယ္ ေဒါက္တာရယ္။ အဲဒါ ဘယ္လိုလုပ္ရမလဲ”

          “ကၽြန္မအေဖမ်က္ႏွာက ေဟာဒီမွဲ႔ႀကီးက ႀကီးသည္ထက္ႀကီးလာတယ္ ဆရာမရယ္။ ကင္ဆာျဖစ္မွာစိုးလို႔  လာျပတာ”

          အထက္ပါ ေမးခြန္းမ်ားသည္ အေရျပားေပၚမွ မွဲ႔နဲ႔ပတ္သက္၍ ဆရာ၀န္ႏွင့္ တိုင္ပင္ေလ့ရွိေသာ အဓိက ေမးခြန္းမ်ားျဖစ္သည္။

မွဲ႔ဖ်က္ခ်င္ၾကေသာ အေၾကာင္းရင္းမ်ားမွာ ေယဘုယ်အားျဖင့္ ေအာက္ပါအတိုင္းျဖစ္သည္။

(1)     အလွအပ႐ႈေထာင့္အရ မလိုခ်င္ေသာေနရာတြင္ရွိျခင္း။

(2)     ေဗဒင္ကိန္းခန္းအရ မလိုခ်င္ေသာေနရာတြင္ရွိျခင္း။

(3)     အိုမင္းရင့္ေရာ္ေသာ အသြင္အျပင္ကို ျဖစ္ေပၚေစျခင္း (အိုမွဲ႔ႏွင့္ မွဲ႕နီမ်ား)

(4)     ဆြဲႀကိဳး၊ အက်ႌအ၀တ္အစားတို႔ႏွင့္ၿငိ၍ ေသြးထြက္နာက်င္ျခင္း

(5)     ကင္ဆာျဖစ္မွာစိုးရိမ္ျခင္း

          “မွဲ႔” ဟုဆိုလိုက္လွ်င္ အေရျပားေပၚတြင္ ကာလၾကာျမင့္စြာ မေျပာင္းမလဲ တည္ရွိေနတတ္သည့္ အနက္ ေရာင္မွဲ႔ေလးမ်ားကို အမ်ားအားျဖင့္ ဆိုလိုေသာ္လည္း မွဲ႔နီ၊ မွဲ႔ညိဳ၊ မွဲ႔ေျခာက္စသည္တို႔ကိုလည္း မွဲ႔အမ်ဳိးအစားတြင္ ထည့္သြင္းေျပာဆိုေလ့ရွိၾကသည္။ အရပ္သံုးစကားတြင္ မွဲ႔နက္၊ မွဲ႔နီ၊ အိုမွဲ႔၊ မွဲ႔ေျခာက္၊ အမည္းစက္၊ ေနေလာင္ကြက္ စသည္တို႔ကို ေရာေထြးေျပာဆိုတတ္ၾကေသာ္လည္း တစ္ခုခ်င္းစီ၏ အေျခခံ (Origin)တို႔မတူညီဘဲ ကြဲျပားျခားနားေလသည္။

အေရျပားဆိုင္ရာ ေဆးပညာတြင္မူ Melanocytic (အမဲေရာင္ျခယ္ထုတ္သည့္ ဆဲလ္မွျဖစ္ေသာ အဖု/မွဲ႔) ႏွင့္ Non-melanocytic (မယ္လနင္ထုတ္သည့္ ဆဲလ္မွျဖစ္ျခင္းမဟုတ္ေသာ  အဖု/မွဲ႔) ဟု ေယ်ဘုယ်ခြဲျခားႏုိင္သည္။

အမဲေရာင္ျခယ္ထုတ္သည့္ဆဲလ္မွျဖစ္ေသာမွဲ႔ (Melanocytic Nevus)

       ၎တို႔သည္ အမ်ားအားျဖင့္  အနက္ေရာင္ရွိၿပီး ႐ိုး႐ိုးမွဲ႔ဟုလည္းေခၚတတ္ၾကသည္။ အမ်ားအားျဖင့္ ေမြးရာပါ သို႔မဟုတ္ ကေလးႏွင့္လူငယ္ဘ၀ကတည္းက ေပၚလာတတ္ၿပီး အခ်ိန္ကာလၾကာျမင့္စြာမေျပာင္းမလဲ တည္ရွိတတ္သည္။ အခ်ဳိ႕တြင္ အနည္းငယ္ႀကီးလာျခင္း၊ ေသးသြားျခင္းမ်ားရွိတတ္ေသာ္လည္း ပံုမွန္အားျဖင့္ ဒုကၡမေပးတတ္ေပ။

       မွဲ႔ကင္ဆာအျဖစ္သို႔ ေျပာင္းလဲလာပါက ပထမအဆင့္အေနျဖင့္  အရြယ္အစားသိသိသာသာႀကီးလာျခင္း၊  အေရာင္မညီမညာျဖစ္လာျခင္း၊ မွဲ႔အနားသတ္ မညီမညာျဖစ္လာျခင္းတို႔ႏွင့္အတူ ယားယံျခင္း၊ ေသြးထြက္ျခင္းတို႔ လည္းျဖစ္ေပၚလာတတ္သည္။ ထိုကဲ့သို႔ေသာ အေျခအေနမ်ဳိးတြင္ အေရျပားဆရာ၀န္ႏွင့္ျပသ၍ ကင္ဆာဟုတ္၊ မဟုတ္ စစ္ေဆးသင့္သည္။ ကင္ဆာျဖစ္ႏုိင္သည္ဟု သံသယရွိပါက အသားစအေျဖရယူကာ ကုသမႈကို ခံယူသင့္ပါသည္။

အျခားမွဲ႔မ်ား (Non-melanocytic Origin)

(1)    မွဲ႔ေျခာက္ သို႔မဟုတ္ သက္ႀကီးမွဲ႔ သို႔မဟုတ္ အိုမွဲ႔ (Seborrheic Keratosis)

        အေတြ႕ရအမ်ားဆံုးမွဲ႔အမ်ဳိးအစားျဖစ္ၿပီး အေခၚအေ၀ၚအားျဖင့္ အမ်ဳိးမ်ဳိးေခၚေ၀ၚၾကသည္။ အေရျပားေပၚ တြင္ကပ္ေနသည့္ အသားပိုအဖုပံုစံတည္ရွိၿပီး မူလအသားေရာင္ထက္ အနည္းငယ္ညိဳသည္။ အသက္ 30 ေနာက္ပိုင္း၊ သက္လတ္ပိုင္း၊ သက္ႀကီးပိုင္းတို႔တြင္  မ်ားသထက္မ်ားလာသည္။ မိဘ၊ ဘိုးဘြားတို႔တြင္ အလားတူ အိုမွဲ႔မ်ားရွိပါက မိမိတြင္လည္းရွိလာရန္ရာႏႈန္းမ်ားသည္။ ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ျခင္း၊ အေရျပားအတြက္ သင့္ေလ်ာ္ေကာင္းမြန္ေသာ အစားအစာမ်ား စားသံုးျခင္းျဖင့္ အိုမွဲ႔ျဖစ္ေပၚမႈနည္းရန္ ကာကြယ္ႏုိင္ပါသည္။

 အိုမွဲ႔မ်ားေၾကာင့္ အသားအေရအလွပ်က္ေသာ္လည္း ၎ေၾကာင့္ သက္သက္ျဖင့္ လူကိုအႏၱရာယ္မျဖစ္ေစႏိုင္ပါ။ သို႔ေသာ္ အခ်ဳိ႕ၾကြက္ႏုိ႔ႏွင့္ အေရျပားကင္ဆာ (SCC)တို႔မွာ အိုမွဲ႔ႏွင့္ဆင္တူတတ္ေသာေၾကာင့္ မေသခ်ာပါက ကၽြမ္းက်င္ေသာ ဆရာ၀န္ႏွင့္ ျပသစစ္ေဆးသင့္ပါသည္။

အိုမွဲ႔သည္ သာမန္အားျဖင့္ လူကိုအႏၱရာယ္မျပဳေသာ္လည္း အိုမင္းရင့္ေရာ္မႈ၏ လကၡဏာတစ္ရပ္ျဖစ္သျဖင့္ မလိုခ်င္ၾကေပ။ မ်က္ႏွာတြင္ရွိေသာ အိုမွဲ႔မ်ားက မိတ္ကပ္လိမ္းရန္ခက္ခဲေစျခင္း၊ လည္ပင္းတြင္ရွိေသာ အိုမွဲ႔မ်ားက ဆြဲႀကိဳးျဖင့္ၿငိ၍ ေသြးထြက္ျခင္းျဖင့္ စိတ္အေႏွာင့္အယွက္ျဖစ္ၾကရသည္။ ယခုအခါ ေလဆာ၊ လွ်ပ္စစ္အပူကိရိယာ စသည္တို႔ျဖင့္ ထိေရာက္စြာ ဖယ္ရွားႏိုင္ၿပီျဖစ္သည္။

(2)    မွဲ႔နီ (Cherry Angioma)

        အနီေရာင္ သို႔မဟုတ္ နီညိဳေရာင္ရွိၿပီး ေသြးေၾကာမွ်င္မ်ားက်ယ္ေဖာင္းရာမွ ျဖစ္လာသည္။ အသက္ 30 ခန္႔တြင္ စတင္ေပၚလာတတ္ၿပီး တျဖည္းျဖည္းမ်ာလာတတ္သည္။ အသက္ႀကီးသူ၊ အိုမင္းသူနီးပါးတိုင္းတြင္ ေတြ႕ႏုိင္၍ အိုမင္းျခင္း၏ လကၡဏာတစ္ရပ္ဟုပင္ ဆိုႏုိင္သည္။ အလွအပ႐ႈေထာင့္မွၾကည့္လွ်င္ မလိုခ်င္မႏွစ္သက္ၾကေသာ္လည္း က်န္းမာေရး႐ႈေထာင့္မွမူ မည္သည့္ဆိုုးက်ဳိးမွမရွိပါ။ အလွအပဆိုင္ရာ လိုအပ္ခ်က္အရ ဖယ္ရွားလိုပါက လွ်ပ္စစ္အပူနည္း သို႔မဟုတ္ ေလဆာနည္းသံုး၍ ဖယ္ရွားႏိုင္ပါသည္။ ကၽြမ္းက်င္ေသာဆရာ၀န္ႏွင့္ ေဆာင္ရြက္သင့္ပါသည္။

(3)    အမဲစက္၊ မွဲ႕ေျခာက္မ်ား (Freckles)

         ဤမွဲ႔ေျခာက္အမ်ဳိးအစားသည္ 0.5cm ထက္ေသးသယ္ေသာ အမဲစက္ကေလးမ်ားျဖစ္ၿပီး ေနေရာင္ ထိေတြ႕မႈမ်ားေသာ အေရျပားျဖစ္သည့္ မ်က္ႏွာ၊ လည္ပင္း၊ ပခံုးႏွင့္ လက္ဖမိုးဧရိယာမ်ားတြင္ အမ်ားအျပားေတြ႕ရသည္။ ေနေလာင္ကြက္မ်ားႏွင့္တြဲ၍ ေတြ႕ရတတ္ၿပီး အသက္ႀကီးသည္ႏွင့္အမွ် ပိုမိုမ်ားျပားလာတတ္သည္။ ေနေရာင္ျခည္ကို ထိေရာက္စြာကာကြယ္ျခင္းျဖင့္ ဤမွဲ႔ေျခာက္ႏွင့္ ေနေလာင္ကြက္မ်ားျဖစ္ေပၚမႈကို ကာကြယ္ႏုိင္သည္။ ဗုိက္တာမင္ A လိမ္းေဆးမ်ား၊ ေလဆာစသည္တို႔ျဖင့္ ကုသႏုိင္ပါသည္။

မွဲ႔ဖ်က္နည္းအမ်ဳိးမ်ိဳး

1.     ခြဲစိတ္ျခင္း

        မွဲ႔ရွိေနေသာ အေရျပားကို ခြဲစိတ္ထုတ္ယူ၍ က်န္ခဲ့ေသာ ဒဏ္ရာကို ျပန္ခ်ဳပ္ရေသာနည္းျဖစ္သည္။ ခ်ဳပ္႐ိုး ဒဏ္ရာက်န္ႏုိင္သည္။ အသားစအေျဖရယူႏိုုင္ေသာေၾကာင့္ ကင္ဆာျဖစ္ႏိုင္သည္ဟု သံသယရွိေသာမွဲ႔မ်ားအတြက္ သင့္ေလ်ာ္သည္။

2.     ေလဆာ သို႔မဟုတ္ လွ်ပ္စစ္အပူနည္း

        အိုမွဲ႔မ်ား၊ မွဲ႔နီမ်ား ဖ်က္ရာတြင္ တြင္က်ယ္စြာအသံုးျပဳၿပီး ေဘးထြက္ဆိုးက်ဳိးနည္းပါးသည္။ အသားစအေျဖ မရယူႏုိင္ေသာေၾကာင့္ ကင္ဆာဟုသံသယရွိေသာ မွဲ႔မ်ားတြင္ မသံုးသင့္ပါ။

3.     စားေလာင္ေစေသာေဆးရည္မ်ား၊ တို႔ေဆးမ်ား

        ၾကြက္ႏို႔ႏွင့္ အသားပိုမ်ားအတြက္ ရည္ရြယ္ထုတ္လုပ္ေသာ ဓာတုေဆးရည္မ်ားျဖစ္သည္။ ၎တို႔သည္ မွဲ႔အမ်ဳိးမ်ဳဳိးရွိရာ အေရျပားကိုလည္း စားေလာင္သြားေစတတ္ေသာေၾကာင့္ မွဲ႔ဖ်က္ရာတြင္ အသံုးျပဳသင့္ေသာ နည္းလမ္းေကာင္းတစ္ခုေတာ့မဟုတ္ေပ။

ေဆာင္ရန္၊ ေရွာင္ရန္

-   မွဲ႔မ်ားကို သြားမဆြသင့္ပါ။ လက္သည္းျဖင့္ ကုတ္ျခင္း၊ မိမိဘာသာေဆးရည္တို႔ျခင္းတို႔ကို ေရွာင္ၾကဥ္ပါ။

-   မွဲ႔၏ ပံုသ႑ာန္ေျပာင္းလဲပါက ကင္ဆာဟုတ္၊ မဟုတ္ စစ္ေဆးရန္အေရျပားဆရာ၀န္ႏွင့္ တိုင္ပင္ပါ။

-   မလိုခ်င္ေသာ မွဲ႔မ်ား၊ အိုမွဲ႔မ်ားကို ဖယ္ရွားလိုပါက ကၽြမ္းက်င္ေသာ ဆရာ၀န္ႏွင့္ စနစ္တက် ေဆာင္ရြက္ပါ။

Credit:Health Digest Journal

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

“ဒေါက်တာရေ ကျွန်မမျက်နှာမှာ မှဲ့ခြောက်တွေများသထက်များလာတယ်။ ကျွန်မမေမေလိုအများကြီးဖြစ် လာမှာစိုးတယ်”

          “ဆရာမရေ သမီးရဲ့မျက်ရည်ခံမှဲ့ကိုမကြိုက်ဖူး ဖျက်ချင်တယ်။ ဖျက်လို့ရလားဟင်။”

          “အန်တီ့လည်ပင်းက မှဲ့အသားပိုလေးတွေက ဆွဲကြိုးနဲ့ငြိပြီး သွေးထွက်တယ် ဒေါက်တာရယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ”

          “ကျွန်မအဖေမျက်နှာက ဟောဒီမှဲ့ကြီးက ကြီးသည်ထက်ကြီးလာတယ် ဆရာမရယ်။ ကင်ဆာဖြစ်မှာစိုးလို့  လာပြတာ”

          အထက်ပါ မေးခွန်းများသည် အရေပြားပေါ်မှ မှဲ့နဲ့ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်လေ့ရှိသော အဓိက မေးခွန်းများဖြစ်သည်။


မှဲ့ဖျက်ချင်ကြသော အကြောင်းရင်းများမှာ ယေဘုယျအားဖြင့် အောက်ပါအတိုင်းဖြစ်သည်။

(1)     အလှအပရှုထောင့်အရ မလိုချင်သောနေရာတွင်ရှိခြင်း။

(2)     ဗေဒင်ကိန်းခန်းအရ မလိုချင်သောနေရာတွင်ရှိခြင်း။

(3)     အိုမင်းရင့်ရော်သော အသွင်အပြင်ကို ဖြစ်ပေါ်စေခြင်း (အိုမှဲ့နှင့် မှဲ့နီများ)

(4)     ဆွဲကြိုး၊ အကျႌအဝတ်အစားတို့နှင့်ငြိ၍ သွေးထွက်နာကျင်ခြင်း

(5)     ကင်ဆာဖြစ်မှာစိုးရိမ်ခြင်း

          “မှဲ့” ဟုဆိုလိုက်လျှင် အရေပြားပေါ်တွင် ကာလကြာမြင့်စွာ မပြောင်းမလဲ တည်ရှိနေတတ်သည့် အနက် ရောင်မှဲ့လေးများကို အများအားဖြင့် ဆိုလိုသော်လည်း မှဲ့နီ၊ မှဲ့ညို၊ မှဲ့ခြောက်စသည်တို့ကိုလည်း မှဲ့အမျိုးအစားတွင် ထည့်သွင်းပြောဆိုလေ့ရှိကြသည်။ အရပ်သုံးစကားတွင် မှဲ့နက်၊ မှဲ့နီ၊ အိုမှဲ့၊ မှဲ့ခြောက်၊ အမည်းစက်၊ နေလောင်ကွက် စသည်တို့ကို ရောထွေးပြောဆိုတတ်ကြသော်လည်း တစ်ခုချင်းစီ၏ အခြေခံ (Origin)တို့မတူညီဘဲ ကွဲပြားခြားနားလေသည်။


အရေပြားဆိုင်ရာ ဆေးပညာတွင်မူ Melanocytic (အမဲရောင်ခြယ်ထုတ်သည့် ဆဲလ်မှဖြစ်သော အဖု/မှဲ့) နှင့် Non-melanocytic (မယ်လနင်ထုတ်သည့် ဆဲလ်မှဖြစ်ခြင်းမဟုတ်သော  အဖု/မှဲ့) ဟု ယျေဘုယျခွဲခြားနိုင်သည်။

အမဲရောင်ခြယ်ထုတ်သည့်ဆဲလ်မှဖြစ်သောမှဲ့ (Melanocytic Nevus)

       ၎င်းတို့သည် အများအားဖြင့်  အနက်ရောင်ရှိပြီး ရိုးရိုးမှဲ့ဟုလည်းခေါ်တတ်ကြသည်။ အများအားဖြင့် မွေးရာပါ သို့မဟုတ် ကလေးနှင့်လူငယ်ဘဝကတည်းက ပေါ်လာတတ်ပြီး အချိန်ကာလကြာမြင့်စွာမပြောင်းမလဲ တည်ရှိတတ်သည်။ အချို့တွင် အနည်းငယ်ကြီးလာခြင်း၊ သေးသွားခြင်းများရှိတတ်သော်လည်း ပုံမှန်အားဖြင့် ဒုက္ခမပေးတတ်ပေ။

       မှဲ့ကင်ဆာအဖြစ်သို့ ပြောင်းလဲလာပါက ပထမအဆင့်အနေဖြင့်  အရွယ်အစားသိသိသာသာကြီးလာခြင်း၊  အရောင်မညီမညာဖြစ်လာခြင်း၊ မှဲ့အနားသတ် မညီမညာဖြစ်လာခြင်းတို့နှင့်အတူ ယားယံခြင်း၊ သွေးထွက်ခြင်းတို့ လည်းဖြစ်ပေါ်လာတတ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အရေပြားဆရာဝန်နှင့်ပြသ၍ ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးသင့်သည်။ ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိပါက အသားစအဖြေရယူကာ ကုသမှုကို ခံယူသင့်ပါသည်။

အခြားမှဲ့များ (Non-melanocytic Origin)

(1)    မှဲ့ခြောက် သို့မဟုတ် သက်ကြီးမှဲ့ သို့မဟုတ် အိုမှဲ့ (Seborrheic Keratosis)

        အတွေ့ရအများဆုံးမှဲ့အမျိုးအစားဖြစ်ပြီး အခေါ်အဝေါ်အားဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ အရေပြားပေါ် တွင်ကပ်နေသည့် အသားပိုအဖုပုံစံတည်ရှိပြီး မူလအသားရောင်ထက် အနည်းငယ်ညိုသည်။ အသက် 30 နောက်ပိုင်း၊ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတို့တွင်  များသထက်များလာသည်။ မိဘ၊ ဘိုးဘွားတို့တွင် အလားတူ အိုမှဲ့များရှိပါက မိမိတွင်လည်းရှိလာရန်ရာနှုန်းများသည်။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း၊ အရေပြားအတွက် သင့်လျော်ကောင်းမွန်သော အစားအစာများ စားသုံးခြင်းဖြင့် အိုမှဲ့ဖြစ်ပေါ်မှုနည်းရန် ကာကွယ်နိုင်ပါသည်။


 အိုမှဲ့များကြောင့် အသားအရေအလှပျက်သော်လည်း ၎င်းကြောင့် သက်သက်ဖြင့် လူကိုအန္တရာယ်မဖြစ်စေနိုင်ပါ။ သို့သော် အချို့ကြွက်နို့နှင့် အရေပြားကင်ဆာ (SCC)တို့မှာ အိုမှဲ့နှင့်ဆင်တူတတ်သောကြောင့် မသေချာပါက ကျွမ်းကျင်သော ဆရာဝန်နှင့် ပြသစစ်ဆေးသင့်ပါသည်။


အိုမှဲ့သည် သာမန်အားဖြင့် လူကိုအန္တရာယ်မပြုသော်လည်း အိုမင်းရင့်ရော်မှု၏ လက္ခဏာတစ်ရပ်ဖြစ်သဖြင့် မလိုချင်ကြပေ။ မျက်နှာတွင်ရှိသော အိုမှဲ့များက မိတ်ကပ်လိမ်းရန်ခက်ခဲစေခြင်း၊ လည်ပင်းတွင်ရှိသော အိုမှဲ့များက ဆွဲကြိုးဖြင့်ငြိ၍ သွေးထွက်ခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ ယခုအခါ လေဆာ၊ လျှပ်စစ်အပူကိရိယာ စသည်တို့ဖြင့် ထိရောက်စွာ ဖယ်ရှားနိုင်ပြီဖြစ်သည်။

(2)    မှဲ့နီ (Cherry Angioma)

        အနီရောင် သို့မဟုတ် နီညိုရောင်ရှိပြီး သွေးကြောမျှင်များကျယ်ဖောင်းရာမှ ဖြစ်လာသည်။ အသက် 30 ခန့်တွင် စတင်ပေါ်လာတတ်ပြီး တဖြည်းဖြည်းမျာလာတတ်သည်။ အသက်ကြီးသူ၊ အိုမင်းသူနီးပါးတိုင်းတွင် တွေ့နိုင်၍ အိုမင်းခြင်း၏ လက္ခဏာတစ်ရပ်ဟုပင် ဆိုနိုင်သည်။ အလှအပရှုထောင့်မှကြည့်လျှင် မလိုချင်မနှစ်သက်ကြသော်လည်း ကျန်းမာရေးရှုထောင့်မှမူ မည်သည့်ဆိုးကျိုးမှမရှိပါ။ အလှအပဆိုင်ရာ လိုအပ်ချက်အရ ဖယ်ရှားလိုပါက လျှပ်စစ်အပူနည်း သို့မဟုတ် လေဆာနည်းသုံး၍ ဖယ်ရှားနိုင်ပါသည်။ ကျွမ်းကျင်သောဆရာဝန်နှင့် ဆောင်ရွက်သင့်ပါသည်။

(3)    အမဲစက်၊ မှဲ့ခြောက်များ (Freckles)

         ဤမှဲ့ခြောက်အမျိုးအစားသည် 0.5cm ထက်သေးသယ်သော အမဲစက်ကလေးများဖြစ်ပြီး နေရောင် ထိတွေ့မှုများသော အရေပြားဖြစ်သည့် မျက်နှာ၊ လည်ပင်း၊ ပခုံးနှင့် လက်ဖမိုးဧရိယာများတွင် အများအပြားတွေ့ရသည်။ နေလောင်ကွက်များနှင့်တွဲ၍ တွေ့ရတတ်ပြီး အသက်ကြီးသည်နှင့်အမျှ ပိုမိုများပြားလာတတ်သည်။ နေရောင်ခြည်ကို ထိရောက်စွာကာကွယ်ခြင်းဖြင့် ဤမှဲ့ခြောက်နှင့် နေလောင်ကွက်များဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။ ဗိုက်တာမင် A လိမ်းဆေးများ၊ လေဆာစသည်တို့ဖြင့် ကုသနိုင်ပါသည်။

မှဲ့ဖျက်နည်းအမျိုးမျိုး

1.     ခွဲစိတ်ခြင်း

        မှဲ့ရှိနေသော အရေပြားကို ခွဲစိတ်ထုတ်ယူ၍ ကျန်ခဲ့သော ဒဏ်ရာကို ပြန်ချုပ်ရသောနည်းဖြစ်သည်။ ချုပ်ရိုး ဒဏ်ရာကျန်နိုင်သည်။ အသားစအဖြေရယူနိုင်သောကြောင့် ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိသောမှဲ့များအတွက် သင့်လျော်သည်။

2.     လေဆာ သို့မဟုတ် လျှပ်စစ်အပူနည်း

        အိုမှဲ့များ၊ မှဲ့နီများ ဖျက်ရာတွင် တွင်ကျယ်စွာအသုံးပြုပြီး ဘေးထွက်ဆိုးကျိုးနည်းပါးသည်။ အသားစအဖြေ မရယူနိုင်သောကြောင့် ကင်ဆာဟုသံသယရှိသော မှဲ့များတွင် မသုံးသင့်ပါ။

3.     စားလောင်စေသောဆေးရည်များ၊ တို့ဆေးများ

        ကြွက်နို့နှင့် အသားပိုများအတွက် ရည်ရွယ်ထုတ်လုပ်သော ဓာတုဆေးရည်များဖြစ်သည်။ ၎င်းတို့သည် မှဲ့အမျိုးမျိုးရှိရာ အရေပြားကိုလည်း စားလောင်သွားစေတတ်သောကြောင့် မှဲ့ဖျက်ရာတွင် အသုံးပြုသင့်သော နည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပေ။

ဆောင်ရန်၊ ရှောင်ရန်

-   မှဲ့များကို သွားမဆွသင့်ပါ။ လက်သည်းဖြင့် ကုတ်ခြင်း၊ မိမိဘာသာဆေးရည်တို့ခြင်းတို့ကို ရှောင်ကြဉ်ပါ။

-   မှဲ့၏ ပုံသဏ္ဍာန်ပြောင်းလဲပါက ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးရန်အရေပြားဆရာဝန်နှင့် တိုင်ပင်ပါ။

-   မလိုချင်သော မှဲ့များ၊ အိုမှဲ့များကို ဖယ်ရှားလိုပါက ကျွမ်းကျင်သော ဆရာဝန်နှင့် စနစ်တကျ ဆောင်ရွက်ပါ။

Credit:Health Digest Journal



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top