iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ ေဟာလီး၀ုဒ္ မင္းသမီး Chrissy Teigen လိုမ်ိဳး အသားအေရ လွပေနတာမ်ိဳးကိုလိုခ်င္မိမွာပါ။ သင္ဟာ အေရျပားနဲ႔ဆိုင္တဲ့ အလွျပင္ပစၥည္းေတြ မ်ိဳးစံုသံုးခဲ့ေပမယ့္လည္း သင့္အသားအေရဟာ လွပမလာပဲ အဖုအပိန္႔ေတြထြက္ေနတုန္းပါပဲ။ ဒါဆိုရင္ေတာ့ သင္လိုအပ္ေနတာ အလွကုန္ပစၥည္းမဟုတ္ပါဘူး။ သင္ေန႔စဥ္စားသံုးေနတဲ့ အစားအစာေတြကို ဆင္ျခင္ဖို႔ လိုအပ္ေနတာပါ။

Journal of the Academy of Dermatology ဆိုတဲ့ စာေစာင္ထဲမွာ ေဖာ္ျပခဲ့တဲ့ ေလ့လာမႈ တစ္ခုအရေတာ့ သင့္ရဲ ႔ အသားအေရနဲ႔ သင္ေသာက္သံုးေနတဲ့ မလိုင္ထုတ္ထားၿပီး ႏြားႏို႔ရည္ ေတြဟာ ဆက္စပ္မႈ ရွိေနပါတယ္။  အသက္ ၁၄ ႏွစ္ကေန အသက္ ၁၉ ႏွစ္ၾကားရွိတဲ့ အမ်ိဳးသမီး ၂၂၅ ေယာက္ခန္႔ကို ေလ့လာခဲ့ရမွာေတာ့ အဖုအပိန္႔ေတြရွိတဲ့ အသားအေရပိုင္ရွင္ေတြဟာ မလိုင္ထုတ္ထားၿပီး သားႏြားႏို႔ရည္ေတြကို ေသာက္သံုးေလ့ ရွိၾကတာကို ေတြ႔ရပါတယ္။ ေလ့လာမႈက ထပ္မံေဖာ္ျပခဲ့တာကေတာ့ ႏို႔ရည္တိုင္းကေတာ့ အသားအေရကို မထိခိုက္ေစႏိုင္ပါဘူး။ ၾကည္လင္သန္႔ရွင္းတဲ့ အသားအေရပိုင္ရွင္ေတြဟာ ပဲႏို႔(Soy) နဲ႔ ဗာဒံသီး(Almond) တို႔လိုမ်ိဳး ႏို႔ထြက္ပစၥည္းေတြနဲ႔ ႏြားႏို႔စစ္စစ္ေတြကို ေသာက္သံုးေလ့ရွိၾကတာကိုလည္း ေလ့လာမႈက ေတြ႔ရွိခဲ့ၾကပါတယ္။

အဖုအပိန္႔ေတြထြက္ရွိျခင္းနဲ႔ မလိုင္ထုတ္ၿပီးသား ႏြားႏို႔ရည္ေတြနဲ႔ ဘယ္လိုဆက္စပ္ေနတယ္ဆိုတာကို အတိအက် မသိခဲ့ရေပမယ့္ သုေတသီေတြ ခန္႔မွန္း ေျပာဆိုခဲ့တာကေတာ့ မလိုင္ထုတ္ထားၿပီးသား ႏြားႏို႔ရည္ ေတြဟာ ႏြားႏို႔စစ္စစ္ေတြမွာပါ၀င္တဲ့ Fatty အက္ဆစ္ေတြမပါ၀င္တာေၾကာင့္ျဖစ္တယ္ဆိုတာပါပဲ။ Fatty အက္ဆစ္ဟာ အေရျပား အတြက္ အထူးေကာင္းမြန္တယ္လို႔လည္း သုေတသီေတြက ဆိုထားပါ ေသးတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ဟောလီးဝုဒ် မင်းသမီး Chrissy Teigen လိုမျိုး အသားအရေ လှပနေတာမျိုးကိုလိုချင်မိမှာပါ။ သင်ဟာ အရေပြားနဲ့ဆိုင်တဲ့ အလှပြင်ပစ္စည်းတွေ မျိုးစုံသုံးခဲ့ပေမယ့်လည်း သင့်အသားအရေဟာ လှပမလာပဲ အဖုအပိန့်တွေထွက်နေတုန်းပါပဲ။ ဒါဆိုရင်တော့ သင်လိုအပ်နေတာ အလှကုန်ပစ္စည်းမဟုတ်ပါဘူး။ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကို ဆင်ခြင်ဖို့ လိုအပ်နေတာပါ။

Journal of the Academy of Dermatology ဆိုတဲ့ စာစောင်ထဲမှာ ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ သင့်ရဲ့ အသားအရေနဲ့ သင်သောက်သုံးနေတဲ့ မလိုင်ထုတ်ထားပြီး နွားနို့ရည် တွေဟာ ဆက်စပ်မှု ရှိနေပါတယ်။  အသက် ၁၄ နှစ်ကနေ အသက် ၁၉ နှစ်ကြားရှိတဲ့ အမျိုးသမီး ၂၂၅ ယောက်ခန့်ကို လေ့လာခဲ့ရမှာတော့ အဖုအပိန့်တွေရှိတဲ့ အသားအရေပိုင်ရှင်တွေဟာ မလိုင်ထုတ်ထားပြီး သားနွားနို့ရည်တွေကို သောက်သုံးလေ့ ရှိကြတာကို တွေ့ရပါတယ်။ လေ့လာမှုက ထပ်မံဖော်ပြခဲ့တာကတော့ နို့ရည်တိုင်းကတော့ အသားအရေကို မထိခိုက်စေနိုင်ပါဘူး။ ကြည်လင်သန့်ရှင်းတဲ့ အသားအရေပိုင်ရှင်တွေဟာ ပဲနို့(Soy) နဲ့ ဗာဒံသီး(Almond) တို့လိုမျိုး နို့ထွက်ပစ္စည်းတွေနဲ့ နွားနို့စစ်စစ်တွေကို သောက်သုံးလေ့ရှိကြတာကိုလည်း လေ့လာမှုက တွေ့ရှိခဲ့ကြပါတယ်။

အဖုအပိန့်တွေထွက်ရှိခြင်းနဲ့ မလိုင်ထုတ်ပြီးသား နွားနို့ရည်တွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို အတိအကျ မသိခဲ့ရပေမယ့် သုတေသီတွေ ခန့်မှန်း ပြောဆိုခဲ့တာကတော့ မလိုင်ထုတ်ထားပြီးသား နွားနို့ရည် တွေဟာ နွားနို့စစ်စစ်တွေမှာပါဝင်တဲ့ Fatty အက်ဆစ်တွေမပါဝင်တာကြောင့်ဖြစ်တယ်ဆိုတာပါပဲ။ Fatty အက်ဆစ်ဟာ အရေပြား အတွက် အထူးကောင်းမွန်တယ်လို့လည်း သုတေသီတွေက ဆိုထားပါ သေးတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top