iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာအေရးအေၾကာင္းေတြအတြက္ ခရင္မ္ေတြ ရွာေဖြလိမ္းေနစရာေတာင္ မလိုေတာ့ပါဘူး။ လူတစ္ေယာက္ႏုပ်ိဳလန္းဆန္းေနဖုိ႕အတြက္ သူ႕စိတ္က အျမဲႏုပ်ိဳေနဖုိ႕ လိုအပ္ပါတယ္။ အဓိကကေတာ့ စိတ္ပါပဲ။ စိတ္ထားတတ္ဖုိ႕ အေရးၾကီးပါတယ္။ သင္တုိ႕ၾကားဖူးထားျပီးသား အျမဲရယ္ေမာ ေပ်ာ္ရႊင္ေနတတ္တဲ့သူ၊ အသစ္အဆန္းေတြကို လုပ္ေဆာင္ဖုိ႕ တြန္႕ဆုတ္မေနတတ္သူ၊ ခရီးသြားရတာႏွစ္ျခိဳက္သူ စတဲ့သူေတြဟာ စိတ္ပ်ိဳတဲ့အတြက္ ကိုယ္ပါႏုတယ္ဆုိတာမ်ိဳးပါ။ ဒီေတာ့ ကိုယ့္ရဲ႕ေန႕စဥ္ဘ၀မွာ ေပ်ာ္ရႊင္မႈေလးေတြရဖုိ႕ ဘယ္လိုလုပ္ေဆာင္ရမလဲဆုိတာ သင့္ေရြးခ်ယ္မႈပါ။ အဲ့ဒီေရြးခ်ယ္မႈေလးသာ မွန္ကန္မယ္ဆုိ သင္ဟာ အပူအပင္ေတြ နည္းပါးလာမွာ ျဖစ္ျပီး အျမဲငယ္ရြယ္ႏုပ်ိဳေနမွာပါပဲ။ ဒီေတာ့ ဘယ္လိုအရာေတြက သင့္ကို အျမဲငယ္ရြယ္ႏုပ်ိဳေအာင္ စြမ္းေဆာင္ေပးႏိုင္မလဲ ၾကည့္ၾကရေအာင္။

၁။ စကားမေျပာခင္ ေသခ်ာစဥ္းစားပါ။

စကားတစ္ခြန္းမေျပာခင္ ငါ အမွန္အတုိင္း ထုတ္ေဖာ္ေျပာလိုက္သင့္သလား၊ ခုေျပာမွာက လိုအပ္လုိ႕လား၊ ဒါ ၾကင္နာသနားစရာေကာင္းတာမုိ႕ ဘာေျပာသင့္သလဲ စသျဖင့္ စကားေျပာခါနီး ေသခ်ာစဥ္းစားျပီး ေျပာဖုိ႕လုိပါတယ္။ သင္ေမးသင့္တဲ့ ေမးခြန္းဆိုလည္း၊ သိသင့္တဲ့အရာဆုိလည္း ေမးျမန္းျပီး သိေအာင္ လုပ္ပါ။ စပ္စုတာမ်ိဳး မျဖစ္ပါေစနဲ႕။ ဒါေပမယ့္ တစ္ေန႕ထက္ တစ္ေန႕ေတာ့ သိရွိနားလည္ရမယ့္အရာေတြကို နားလည္လာေအာင္ သင္ၾကိဳးစားၾကည့္ပါ။

၂။ သင္မၾကိဳက္ဘူးဆုိတဲ့အရာေတြဆီက ေကာင္းတဲ့အခ်က္ေတြကို ရွာေဖြၾကည့္ပါ။

ဒီေန႕ေခတ္လူငယ္ေတြက ဘာေတြမွန္းမသိဘူး ဆိုျပီး သင္အျပစ္တင္မိတတ္ပါတယ္။ သူတုိ႕နားေထာင္တဲ့ သီခ်င္း၊ ဆံပင္ပံုစံ၊ ဖက္ရွင္စတာေတြကို သင္ဘယ္လုိမွ သေဘာမက်ဘူး ဆုိပါေတာ့။ သင့္စိတ္ကို ဖြင့္ျပီး ဒီအရာေတြရဲ႕ ေကာင္းတဲ့အခ်က္က ဘာေတြမ်ားလဲဆုိတာ ေလ့လာစူးစမ္းၾကည့္ပါ။ ေကာင္းတဲ့အခ်က္မရွိဘူးခ်ည္း မျငင္းပါနဲ႕။ အ့ဲဒီ သင္လက္မခံႏိုင္ဘူးဆိုတဲ့အရာေတြဆီမွာ ေကာင္းတဲ့အရာေတြလည္း ရွိလိမ့္ယ္ဆုိတာကို လက္ခံျပီး အဲ့ဒါဘာမ်ားလဲ သိေအာင္လုပ္ဖုိ႕ ကိုယ့္ကိုကိုယ္ စိန္ေခၚၾကည့္လိုက္ပါ။

၃။ သင္စကားေျပာေလ့ေျပာထမရွိတဲ့ လူေတြနဲ႕ စကားေျပာၾကည့္ပါ။

တကယ္ေတာ့ သင္ထင္မထားတဲ့ ကေလးေတြကလည္းသင့္ကို ပညာျပန္ေပးႏိုင္တာ၊ သင့္အတြက္ အသိတိုးေစမယ့္ စကားေတြ ေျပာႏိုင္တယ္ဆုိတာ မေမ့ပါနဲ႕။ ကိုယ္နဲ႕အသက္အရြယ္ မတူညီတဲ့ လူငယ္ေတြနဲ႕ စကားစျမည္ေျပာဖုိ႕ ဘယ္ကစရမွန္းမသိရင္ သူတုိ႕သေဘာက်တဲ့ ဇာတ္ကား၊ ရုပ္ရွင္၊ ဒါမွမဟုတ္ ဗီဒီယိုဂိမ္း စတဲ့အေၾကာင္းေတြနဲ႕ စေျပာၾကည့္လိုက္ပါ။ နည္းပညာပိုင္းဆုိင္ရာ စကား၀ိုင္းဟာ သင့္ကို အံ့ၾသသင့္သြားေစႏိုင္သလို မ်ိဳးဆက္တစ္ခုနဲ႕တစ္ခု အျမဲခ်ိတ္ဆက္ေပးႏုိင္တဲ့ အရာပါပဲ။

၄။ ဂီတအမ်ိဳးအစားအသစ္တစ္ခုကို နားေထာင္ၾကည့္ပါ။

ခုအခါမွာ နည္းပညာတိုးတက္လာတာေၾကာင့္ သီခ်င္းနဲ႕ပတ္သက္တဲ့ ဆုိက္ဒ္ေတာ္ေတာ္မ်ားမ်ားက သင့္ကို ဒီေန႕ေခတ္စားေနတဲ့ ျမဴးဇစ္အမ်ိဳးအစားအေၾကာင္းေတြ မိတ္ဆက္ေပးႏိုင္ပါတယ္။ Valslist လို ဆိုက္ဒ္မ်ိဳးမွာဆုိရင္ အရင္တုန္းက ေခတ္စားခဲ့တဲ့ band ေတြနဲ႕ နီးစပ္တဲ့ အႏုပညာရွင္ေတြကို ညႊန္ေပးထားတာေတာင္ ရွိပါေသးတယ္။ သင္အသက္ဘယ္ေလာက္ရရ ဂီတအမ်ိဳးအစားသစ္ေတြကို နားေထာင္ဖုိ႕ မတြန္႕ဆုတ္ပါနဲ႕။ ဒီအရာက သင့္ကိုငယ္ရြယ္ႏုပ်ိဳေစတဲ့ အဓိကအေၾကာင္းပါပဲ။

၅။ သင့္အတြက္ ပိုအဆင္ေျပမယ့္အရာေလးေတြ တစ္ျဖည္းျဖည္း ေဖာ္ထုတ္သြားပါ။

သင္လုပ္ေနက်မဟုတ္ေပမယ့္ လုပ္သင့္တယ္လုိ႕ ထင္တဲ့ အလုပ္ေတြလုပ္ရင္း သင့္အတြက္ အဆင္ေျပမယ့္ အရာေလးေတြကို တျဖည္းျဖည္းေဖာ္ထုတ္သြားလိုက္ပါ။ ေလ့က်င့္ခန္း လုပ္တာမ်ိဳး၊ သတင္းစာ အေျပာင္းအလဲ ဖတ္ၾကည့္တာမ်ိဳး၊ မတူညီတဲ့ ေနရာေတြကို သြားေရာက္ လည္ပတ္တာမ်ိဳး၊ တစ္ပတ္ကို အသိတစ္ေယာက္တိုးေအာင္ ၾကိဳးစားလုပ္ေဆာင္ၾကည့္တာမ်ိဳးေတြဟာ သင့္အတြက္ တကယ္ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

မျက်နှာအရေးအကြောင်းတွေအတွက် ခရင်မ်တွေ ရှာဖွေလိမ်းနေစရာတောင် မလိုတော့ပါဘူး။ လူတစ်ယောက်နုပျိုလန်းဆန်းနေဖို့အတွက် သူ့စိတ်က အမြဲနုပျိုနေဖို့ လိုအပ်ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ သင်တို့ကြားဖူးထားပြီးသား အမြဲရယ်မော ပျော်ရွှင်နေတတ်တဲ့သူ၊ အသစ်အဆန်းတွေကို လုပ်ဆောင်ဖို့ တွန့်ဆုတ်မနေတတ်သူ၊ ခရီးသွားရတာနှစ်ခြိုက်သူ စတဲ့သူတွေဟာ စိတ်ပျိုတဲ့အတွက် ကိုယ်ပါနုတယ်ဆိုတာမျိုးပါ။ ဒီတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုလေးတွေရဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သင့်ရွေးချယ်မှုပါ။ အဲ့ဒီရွေးချယ်မှုလေးသာ မှန်ကန်မယ်ဆို သင်ဟာ အပူအပင်တွေ နည်းပါးလာမှာ ဖြစ်ပြီး အမြဲငယ်ရွယ်နုပျိုနေမှာပါပဲ။ ဒီတော့ ဘယ်လိုအရာတွေက သင့်ကို အမြဲငယ်ရွယ်နုပျိုအောင် စွမ်းဆောင်ပေးနိုင်မလဲ ကြည့်ကြရအောင်။

၁။ စကားမပြောခင် သေချာစဉ်းစားပါ။

စကားတစ်ခွန်းမပြောခင် ငါ အမှန်အတိုင်း ထုတ်ဖော်ပြောလိုက်သင့်သလား၊ ခုပြောမှာက လိုအပ်လို့လား၊ ဒါ ကြင်နာသနားစရာကောင်းတာမို့ ဘာပြောသင့်သလဲ စသဖြင့် စကားပြောခါနီး သေချာစဉ်းစားပြီး ပြောဖို့လိုပါတယ်။ သင်မေးသင့်တဲ့ မေးခွန်းဆိုလည်း၊ သိသင့်တဲ့အရာဆိုလည်း မေးမြန်းပြီး သိအောင် လုပ်ပါ။ စပ်စုတာမျိုး မဖြစ်ပါစေနဲ့။ ဒါပေမယ့် တစ်နေ့ထက် တစ်နေ့တော့ သိရှိနားလည်ရမယ့်အရာတွေကို နားလည်လာအောင် သင်ကြိုးစားကြည့်ပါ။

၂။ သင်မကြိုက်ဘူးဆိုတဲ့အရာတွေဆီက ကောင်းတဲ့အချက်တွေကို ရှာဖွေကြည့်ပါ။

ဒီနေ့ခေတ်လူငယ်တွေက ဘာတွေမှန်းမသိဘူး ဆိုပြီး သင်အပြစ်တင်မိတတ်ပါတယ်။ သူတို့နားထောင်တဲ့ သီချင်း၊ ဆံပင်ပုံစံ၊ ဖက်ရှင်စတာတွေကို သင်ဘယ်လိုမှ သဘောမကျဘူး ဆိုပါတော့။ သင့်စိတ်ကို ဖွင့်ပြီး ဒီအရာတွေရဲ့ ကောင်းတဲ့အချက်က ဘာတွေများလဲဆိုတာ လေ့လာစူးစမ်းကြည့်ပါ။ ကောင်းတဲ့အချက်မရှိဘူးချည်း မငြင်းပါနဲ့။ အဲ့ဒီ သင်လက်မခံနိုင်ဘူးဆိုတဲ့အရာတွေဆီမှာ ကောင်းတဲ့အရာတွေလည်း ရှိလိမ့်ယ်ဆိုတာကို လက်ခံပြီး အဲ့ဒါဘာများလဲ သိအောင်လုပ်ဖို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ကြည့်လိုက်ပါ။

၃။ သင်စကားပြောလေ့ပြောထမရှိတဲ့ လူတွေနဲ့ စကားပြောကြည့်ပါ။

တကယ်တော့ သင်ထင်မထားတဲ့ ကလေးတွေကလည်းသင့်ကို ပညာပြန်ပေးနိုင်တာ၊ သင့်အတွက် အသိတိုးစေမယ့် စကားတွေ ပြောနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်နဲ့အသက်အရွယ် မတူညီတဲ့ လူငယ်တွေနဲ့ စကားစမြည်ပြောဖို့ ဘယ်ကစရမှန်းမသိရင် သူတို့သဘောကျတဲ့ ဇာတ်ကား၊ ရုပ်ရှင်၊ ဒါမှမဟုတ် ဗီဒီယိုဂိမ်း စတဲ့အကြောင်းတွေနဲ့ စပြောကြည့်လိုက်ပါ။ နည်းပညာပိုင်းဆိုင်ရာ စကားဝိုင်းဟာ သင့်ကို အံ့သြသင့်သွားစေနိုင်သလို မျိုးဆက်တစ်ခုနဲ့တစ်ခု အမြဲချိတ်ဆက်ပေးနိုင်တဲ့ အရာပါပဲ။

၄။ ဂီတအမျိုးအစားအသစ်တစ်ခုကို နားထောင်ကြည့်ပါ။

ခုအခါမှာ နည်းပညာတိုးတက်လာတာကြောင့် သီချင်းနဲ့ပတ်သက်တဲ့ ဆိုက်ဒ်တော်တော်များများက သင့်ကို ဒီနေ့ခေတ်စားနေတဲ့ မြူးဇစ်အမျိုးအစားအကြောင်းတွေ မိတ်ဆက်ပေးနိုင်ပါတယ်။ Valslist လို ဆိုက်ဒ်မျိုးမှာဆိုရင် အရင်တုန်းက ခေတ်စားခဲ့တဲ့ band တွေနဲ့ နီးစပ်တဲ့ အနုပညာရှင်တွေကို ညွှန်ပေးထားတာတောင် ရှိပါသေးတယ်။ သင်အသက်ဘယ်လောက်ရရ ဂီတအမျိုးအစားသစ်တွေကို နားထောင်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဒီအရာက သင့်ကိုငယ်ရွယ်နုပျိုစေတဲ့ အဓိကအကြောင်းပါပဲ။

၅။ သင့်အတွက် ပိုအဆင်ပြေမယ့်အရာလေးတွေ တစ်ဖြည်းဖြည်း ဖော်ထုတ်သွားပါ။

သင်လုပ်နေကျမဟုတ်ပေမယ့် လုပ်သင့်တယ်လို့ ထင်တဲ့ အလုပ်တွေလုပ်ရင်း သင့်အတွက် အဆင်ပြေမယ့် အရာလေးတွေကို တဖြည်းဖြည်းဖော်ထုတ်သွားလိုက်ပါ။ လေ့ကျင့်ခန်း လုပ်တာမျိုး၊ သတင်းစာ အပြောင်းအလဲ ဖတ်ကြည့်တာမျိုး၊ မတူညီတဲ့ နေရာတွေကို သွားရောက် လည်ပတ်တာမျိုး၊ တစ်ပတ်ကို အသိတစ်ယောက်တိုးအောင် ကြိုးစားလုပ်ဆောင်ကြည့်တာမျိုးတွေဟာ သင့်အတွက် တကယ်ကောင်းမွန်တဲ့ အချက်တွေပါပဲ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top