iMyanmarHouse.com - Best Property Website for Myanmar
×

စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသော အမျိုးသားများသည် ရုပ်ရည်ချောမောသော အမျိုးသမီးများကို ပိုမိုနှစ်သက်ကြကြောင်း ဟောင်ကောင်ရှိ သုတေသန ပညာရှင်များက သက်သေပြလိုက်ပြီ ဖြစ်သည်။

          သုတေသ ပညာရှင်များသည် ကြွယ်ဝချမ်းသာမှု အနေအထားက မေတ္တာရေးဆိုင်ရာ အပြုအမူများပေါ်သို့ မည်မျှသက်ရောက်မှု ရှိသည်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ သုတေသန ပညာရှင်များသည် လိင်ကွဲများကိုသာ နှစ်သက်သည့် တရုတ်လူမျိုး ကောလိပ်ကျောင်းသားကို လေ့လာခဲ့ခြင်း ဖြစ်သည်။

          အလေ့လာခံများကို ကြွယ်ဝချမ်းသာသူများ အုပ်စုနှင့် ဆင်းရဲသူများ အုပ်စုဟူ၍ နှစ်ခုခွဲပြီး ထားရှိခဲ့သည်။ ချမ်းသာသောအုပ်စုမှ ကျောင်းသားများကို ၎င်းတို့၏ ပိုင်ဆိုင်မှုမည်မျှရှိသည်ကို ဖော်ပြသည့် မှတ်တမ်းများကို ပေးထားခဲ့သည်။ ယင်းနောက်တွင် အလေ့လာခံများအား ၎င်းတို့ပုဂ္ဂလိက ဘဏ္ဍာရေး အခြေအနေ အပေါ် မည်မျှနှစ်သက် ကျေနပ်သည်၊ ၎င်းတို့၏ ချစ်သူများနှင့် ပတ်သက်ပြီး မည်မျှနှစ်သက်သည်တို့နှင့် ပတ်သက်ပြီး ရေးသားစေခဲ့သည်။

          ချစ်သူ၏ ရုပ်ပိုင်းဆွဲဆောင်မှု နှင့် အရင်းအမြစ်များနှင့် ပတ်သက်သော သဘောထားကိုလည်း ရေးသားစေခဲ့သည်။ ကြွယ်ဝချမ်းသာသူများ အုပ်စုတွင် ပါဝင်သည့် အမျိုးသားများသည် ဆင်းရဲသော အုပ်စုတွင် ပါဝင်သော အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ ချစ်သူ၏ ရုပ်ရည်နှင့် ပတ်သက်ပြီးများစွာ ကျေနပ်လေ့မရှိကြဘဲ ရေတိုဆက်ဆံရေးကိုသာ လိုလားကြောင်း ပြောဆိုခဲ့သည်။

          ထို့ပြင် ပညာရှင်များသည် အုပ်စုနှစ်စုရှိ အမျိုးသားများအား အမျိုးသမီးများ၏ ဓာတ်ပုံများ၊ ၎င်းတို့၏ ပညာအရည်အချင်း၊ ဘဏ္ဍာရေး အခြေအနေတို့ကို ဖော်ပြထားသော ကိုယ်ရေးအကျဉ်းတို့ကို ပေးကာ မည်သူတို့ကို နှစ်သက်ကြောင်း ရွေးချယ်စေခဲ့သည်။

          ကြွယ်ဝချမ်းသာသော အုပ်စုမှ အမျိုးသားများသည် အမျိုးသမီး၏ ပညာအရည်အချင်းကို များစွာ အလေးမထားဘဲ ရုပ်ရည်ကိုသာ အလေးထားပြီး လှပချောမောသော အမျိုးသမီးများကိုသာ ၄င်းတို့၏ ရေတို ချစ်သူများ အဖြစ် ရွေးချယ်ခဲ့ကြောင်း ဟောင်ကောင် တက္ကသိုလ်ရှိ စိတ်ပညာဌာနမှ ပါမောက္ခ ဒေးရီးယပ်စ်ချန်းက ပြောဆိုခဲ့သည်။



Credit:Messenger

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top