iMyanmarHouse.com - Best Property Website for Myanmar
×

ခံတွင်းနံ့ဆိုးခြင်းဟာ ဘယ်သူမှ မကြိုက်လှတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူတွေအတွက် စိတ်ပျက်စရာ အရာတစ်ခုဖြစ်လို့ ကမ္ဘာပေါ်က ရှိရှိသမျှ လူသားတွေအားလုံး ခံတွင်းနံ့ မဆိုးအောင် တက်နိုင်သလောက် ပြုပြင်လေ့ရှိပါတယ်။

ဘာကြောင့်ခံတွင်းနံ့ ဆိုးရသလဲဆိုတာ သင်သတိမထားနိုင်သေးတဲ့ အကြောင်းပြချက် (၈) ခုရှိပါတယ်။

၁။ မနက်စာ မစားခြင်း

သင်မနက်စာ မစားတဲ့အခါ သွားရည်ထွက်စေတဲ့ အကျိတ်က အလုပ်မလုပ်တော့ပါဘူး။ ဒီတော့ ခံတွင်းခြောက်လာပြီး အနံ့ဆိုး ထွက်တော့တာပါပဲ။

၂။ ကော်ဖီသောက်ခြင်း

ကော်ဖီ ချစ်သူတွေကတော့ ဒီအကြောင်းပြချက် သိပ်ကြိုက်မယ်မထင်ပါဘူး။ ကော်ဖီကလည်း ခံတွင်းကို ခြောက်သွေ့စေပြီး အနံ့ဆိုး ထွက်စေပါတယ်။ ဒါပေမယ့် ကော်ဖီသောက်ပြီးတိုင်း ရေသောက်ရင်တော့ အနံ့ဆိုးတာ သက်သာပါလိမ့်မယ်။

၃။ ဘက်တီးရီးယားတွေကြောင့်

ပါးစပ်ထဲက ဆိုးရွားတဲ့ ဘက်တီးရီးယားတွေကြောင့်လည်း ခံတွင်းနံ့ ဆိုးနိုင်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ကနေ၊ သုံးကြိမ်အထိ သွားတိုင်ရင်တော့ သက်သာစေနိုင်ပါတယ်။

၎။ ပီကေစားလို့

ခံတွင်းနံ့ဆိုးရင် ပီကေးစားလိုက်လေ့ရှိကြပါတယ်။ ဒါဟာခဏပဲ သက်သာစေမှာဖြစ်ပြီး သိပ်မကြာခင်မှာ ခံတွင်းနံ့ဆိုး ပြန်ထွက်တော့တာပါပဲ။ ပီကေမှာ ပါတဲ့ အချိုဓာတ်ကြောင့် ဖြစ်ပြီး အဲဒီအချိုဓာတ်က ခံတွင်းထဲက ဆိုးရွားတဲ့ ဘက်တီးရီးယားတွေကို အားပေးအားမြှောက်လုပ်ပေးပါတယ်။

၅။ စားကြွင်းစားကျန်တွေကြောင့်

သင့်ရဲ့ သွားတွေကြားထဲမှာ စားကြွင်းစားကျန်တွေ ရှိနေနိုင်ပါတယ်။ သွားတိုက်ပေမယ့်လည်း ဒါတွေက တော်တော်နဲ့ မပျောက်ပဲ ကပ်နေတတ်ပြန်ပါတယ်။ သွားကြားထဲက အစာစတွေကို ရှင်းထုတ်တဲ့ ကြိုး(floss) သုံးရင် အဆင်ပြေနိုင်ပါတယ်။ ဒါတွေကြောင့်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ သွားတိုက်လို့ မပျောက်ပါဘူး။

၆။ အသီးအရွက်မစားလို့

အသီးအရွက်အစားနည်းရင်လည်း ဖြစ်တတ်ပါတယ်။ အသီးအရွက်မစားပဲ အသားတွေချည်း အစားများရင်တော့ ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ သင့်ရဲ့သွားတွေမှာ အခေါင်းပေါက်

တစ်ချို့ ဖြစ်နေရင်တော့ အသားစားတာ သတိထားသင့်ပါတယ်။

၇။ ပါးစပ်ဖွင့် အိပ်လို့

တစ်ချို့ အိပ်တဲ့အခါ သူ့အလိုလို ပါးစပ်ပွင့်သွားတတ်ပါတယ်။ တနည်းအားဖြင့်တော့ နှာခေါင်းပေါက်နဲ့ အိပ်နေတုန်းအသက်ရှုရတာ အားမရလို့ ပါးစပ်ပွင့်လာတာပါပဲ။ အချိန်ကြာမြင့်စွာ ပါးစပ်နဲ့ အသက်ရှုခြင်းဟာ ပါးစပ်ကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ဆိုး ထွက်လာတတ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top