iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ရင်သားသေးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အစားထိုးကုသရန်လည်း စိတ်ကူးမရှိပါက ဖြေရှင်းနည်းတစ်ခုရှိပါတယ်။ ဒီနေ့စဉ် အလေ့အကျင့် (၃) ခုနဲ့ သင့်ရင်သားကို သဘာဝအလျောက် ကြီးထွားအောင် လုပ်ယူနိုင်ပါတယ်။

၁။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ

ကြီးမားကျစ်လစ်တဲ့ ရင်သားပိုင်ဆိုင်လိုပါက သင့်ခန္ဓာကိုယ်ကို estrogen နဲ့ progesterone လို အမျိုးသမီးဟော်မုန်းများဖြင့် သဘာဝနည်းဖြင့် ဖြည့်စွမ်းပေးပါ။ အသား၊ ငါးနဲ့ ကြက်ဥစသော ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကြောင့် အရင်ထက် ပိုမိုကြီးမားတဲ့ ရင်သားကို ရရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက် ပိုကြိုက်နှစ်သက်ပါက ကွေနိုအာ (quinoa)၊ ပဲ၊ အခွံမာအစေ့၊ ဟင်းနုနွယ်နဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေ စားဖြစ်အောင် စားပါ။

၂။ အမျိုးသမီးဟော်မုန်းမျိုး (estrogen) ကြွယ်ဝတဲ့ အစားအစာများ စားပါ

သဘာဝအရ ဟော်မုန်းအပြောင်းအလဲများက အန္တရာယ်မရှိပါဘူး။ ဒီတော့ နေ့စဉ်အစားအသောက်စာရင်းထဲမှာ ခန္ဓာကိုယ်အတွင်း estrogen ပမာဏတိုးမြင့်ပေးတဲ့ အစားအစာတွေ ထည့်သွင်းနိုင်ပါတယ်။ နှမ်းကြတ်စေ့၊ နေကြာစေ့၊ ပဲပုပ်၊ ကြက်ဥနဲ့ ပဲတောင့်ရှည်ပဲမျိုးတွေမှာ ဒီအကျိုးသက်ရောက်မှု ရှိပါတယ်။

၃။ သွေးလည်ပတ်မှုတိုးမြင့်ပေးတဲ့ အစားအစာများ စားသုံးပါ

အသားရေလှပခြင်းနဲ့ အရေပြားအောက် အဆီဆဲလ် လျှော့နည်းစေခြင်းအပြင် သွေးလည်ပတ်မှုကောင်းမွန်ခြင်းက သင့်ရင်သားကို ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အပန်းဖြေမှုအပြင် ကြက်သွန်နီ၊ ချောကလက်အမည်း၊ ဂျင်း၊ ရှောက် သံပုရာမျိုးဝင်အသီး၊ အုတ်ဂျုံ၊ ထောပတ်သီးနဲ့ ဖရဲသီး/သခွားသီးတွေကို မကြာခဏ စားပေးပါက ဒီအကျိုးသက်ရောက်မှု ရရှိနိုင်ပါတယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top