iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲေသတၱာဆိုတာ အစားအစာေတြကို လတ္ဆတ္ေစဖို႔၊ မပုပ္မသိုးေစဘဲ တာရွည္ခံဖို႔၊ က်န္းမာေရးနဲ႔ ညီၫြတ္ေစဖို႔ဆိုၿပီး အပူခ်ိန္ေလွ်ာ့ခ်၍ အေအးခံသိမ္းဆည္းထားတဲ့ ေနရာေလးျဖစ္တာမို႔ ဇိမ္ခံပစၥည္း မဟုတ္ဘဲ အိမ္တစ္အိမ္အတြက္ မရွိမျဖစ္ ပစၥည္းတစ္ခုေလးပါပဲ။ အိမ္ရွင္မမ်ားအတြက္ သက္မဲ့အတြင္းေရးမွဴး (လက္ေထာက္)ဆိုလည္း မမွားပါဘူး။

ဒါေပမယ့္ သဘာဝနဲ ့ဆန္႔က်င္ၿပီး အပူခ်ိန္ေလွ်ာ့ခ်ကာ အေအးခံေပးထားတာျဖစ္လို႔ အစားအစာ (အားလံုး)ကိုေတာ့ ေရခဲေသတၱာထဲ ထည့္သိမ္းလို႔ မရႏိုင္ပါဘူး။ အခ်ဳိ႕ အစားအစာေတြကို ေအးခဲထားလိုက္တဲ့အခါ မူလအနံ႔၊ အရသာကို ပ်က္ျပယ္သြားေစတဲ့အျပင္ အခ်ိန္မတိုင္ခင္ ပုပ္သိုးႏြမ္းအိသြားေစလို႔ပါ။

အာလူး

အာလူးေတြက အလင္းသိပ္မႀကိဳက္ၾကပါဘူး။ ေျခာက္ေသြ႕တဲ့ေနရာနဲ႔ သဘာဝအခန္းအပူခ်ိန္ကိုသာ ႀကိဳက္ၾကပါတယ္။ အကယ္၍ အာလူးကို ေရခဲေသတၱာထဲ ထည့္လိုက္တဲ့အခါ သူ႔ရဲ႕မူလအရသာမ်ား ပ်က္စီးသြားပါေတာ့တယ္။ ဒါ့ျပင္ ခ်က္ျပဳတ္တဲ့အခါ ေတာ္ေတာ္နဲ႔ မႏူးအိလာေတာ့ဘဲစားတဲ့အခါမွာ မာဆတ္ဆတ္ျဖစ္သြားပါတယ္။ အာလူးအခြံေပၚမွာ အစိမ္းေရာင္ သန္းေနရင္ (လံုးဝ)မဝယ္ပါနဲ႔။ အဆိပ္ျဖစ္ေစတတ္လို႔ပါ။ (ထိုနည္းတူစြာပင္ ပိန္းဥ၊ ကန္စြန္းဥေတြကိုလည္း ေရခဲေသတၱာထဲသိမ္းမထားသင့္ပါဘူး။)

ၾကက္သြန္နီ

ၾကက္သြန္နီေတြကို ပံုမွန္ အခန္းအပူခ်ိန္ထဲမွာသာထားေပးရပါမယ္။ ၾကက္သြန္နီေတြ ၾကာၾကာခံေစဖို႔အတြက္ ဇာကြက္၊ ပိုက္ကြန္အိတ္ေတြက အေကာင္းဆံုးပါပဲ။ ေနာက္ထပ္ အေရးႀကီးဆံုးအခ်က္က ၾကက္သြန္နီေတြနဲ႔ အာလူးေတြကို အတူတူေရာမထားသင့္ပါဘူး။ ၾကက္သြန္ထဲမွာပါတဲ့ သဘာဝဟင္းခတ္အေမႊးအႀကိဳင္ရနံ႔ေတြကို အာလူးက စုပ္ယူပစ္လို႔ပါ။ ဒါ့ျပင္ ၾကက္သြန္နဲ ့အာလူးမ်ားအားလံုး တစ္ခဏတြင္းမွာပင္ ပုပ္သြားေစပါတယ္။ (ၾကက္သြန္နီေတြကို တစ္ေန႔တာ ခ်က္ျပဳတ္ဖို႔အတြက္ လိုအပ္သေလာက္သာ အခြံႏႊာပါ။ အကယ္၍ အခြံႏႊာ ထက္ျခမ္းျခမ္းၿပီးေတာ့မွ ပိုလွ်ံ၍ ေနာက္ေန႔မွ သံုးတဲ့အခါ အစာအိမ္ကို အဆိပ္ျပဳေစၿပီး ေအာ့အန္ေစႏိုင္ပါတယ္။ အဲဒီလို ျပႆနာမျဖစ္ရေလေအာင္ အခြံႏႊာၿပီးသား ပိုလွ်ံေနတဲ့ၾကက္သြန္နီေတြကို အပူေပး၊ ဆီသတ္၍ အေအးခံၿပီးေနာက္ ဘူးထဲမွာေရလံုေအာင္ဖံုးၿပီးမွသာ ေရခဲေသတၲာထဲ ထည့္သိမ္းေပးပါ။ ဘူးေလလံုဖို႔အေရးႀကီးပါတယ္။ ေလမလံုပါက ေရခဲေသတၱာတစ္ခုလံုး အနံ႔ဆိုးထြက္ၿပီး အထဲမွာရွိတဲ့ တျခားပစၥည္း အားလံုးကို အနံ႔ကူးကာ လတ္ဆတ္မႈ မရွိေစေတာ့ပါဘူး။)

ၾကက္သြန္ျဖဴ

ၾကက္သြန္အျဖဴေတြကိုလည္း ၾကက္သြန္နီေတြလိုပဲ ဇာကြက္၊ ပိုက္ကြန္ အိတ္ေတြထဲထည့္ၿပီး အခန္းအပူခ်ိန္မွာသာ သိမ္းထားသင့္ပါတယ္။ခရမ္းခ်ဥ္သီးအိမ္ရွင္မတိုင္းလိုလိုက ခရမ္းခ်ဥ္သီးေတြကို ေရခဲေသတၱာထဲသိမ္းထားမွ ၾကာၾကာခံတယ္လို႔ ထင္မွတ္မွားေနၾကပါတယ္။ အဲဒီလို သိမ္းထားျခင္းက ခရမ္းခ်ဥ္သီးရဲ႕ အနံ႔အရသာေတြ(အားလံုး) ပ်က္ယြင္းသြားေစလို ့အင္မတန္မွားယြင္းတဲ့ အျပဳအမူျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ ခရမ္းခ်ဥ္သီးေတြကို ပလတ္စတစ္အိတ္ထဲေလလံုေအာင္ထည့္၍ ပံုမွန္အခန္းအပူခ်ိန္မွာသာ သိမ္းထားရပါမယ္။ (အကယ္၍ ခရမ္းခ်ဥ္သီးေတြကို ျမန္ျမန္မွည့္ေစခ်င္ရင္ စကၠဴအိတ္မွာ သိမ္းေပးပါ။)

ငွက္ေပ်ာသီး

ရခိုင္၊ ဖီၾကမ္း၊ သီးေမႊး၊ ေရႊငွက္ေပ်ာစတဲ့ ငွက္ေပ်ာသီး ဘယ္အမ်ဳိးအစားေတြကိုမဆို ေရခဲေသတၱာထဲ (လံုးဝ)သိမ္းမထားသင့္ပါဘူး။ အဲဒီလို သိမ္းထားလိုက္တဲ့အခါ မၾကာမီအတြင္းမွာပင္ ငွက္ေပ်ာသီးကို အေအး႐ိုက္၍ ငွက္ေပ်ာခြံေတြ မည္းလာၿပီး အနံ႔အရသာ၊ က်န္းမာေရးဂုဏ္သတၱိေတြအားလံုးဓာတ္ျပယ္သြားေစပါတယ္။ ငွက္ေပ်ာသီးရဲ႕ သေဘာတရားက မၾကာခဏထိကိုင္မိတဲ့အခါ အပူေလာင္ၿပီး ေပ်ာ့လာတတ္တာမို႔ငွက္ေပ်ာသီးအခိုင္တြဲကို အလယ္ကေန ႀကိဳးခြခ်ည္ၿပီး တိုင္မွာခ်ိတ္ထားေပးပါ။ ငွက္ေပ်ာသီးရဲ႕ အညႇာကို ပလတ္စတစ္အစနဲ႔ တုပ္ခ်ည္ေပးျခင္းက ေနာက္ထပ္ေလးရက္ သို႔မဟုတ္ ငါးရက္ေလာက္ အထားခံပါတယ္။ (ငွက္ေပ်ာခြံေပၚမွာ အမည္းအစက္အေျပာက္ပါတဲ့ အသီးေတြက အပင္ေပၚမွာ ၾကာၾကာရင့္မွည့္လာတာမို႔အရသာပိုေကာင္းျပီး ေဆးစြမ္းပိုထက္ပါတယ္။)

Credit : GoodHealth

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ရေခဲသေတ္တာဆိုတာ အစားအစာတွေကို လတ်ဆတ်စေဖို့၊ မပုပ်မသိုးစေဘဲ တာရှည်ခံဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုပြီး အပူချိန်လျှော့ချ၍ အအေးခံသိမ်းဆည်းထားတဲ့ နေရာလေးဖြစ်တာမို့ ဇိမ်ခံပစ္စည်း မဟုတ်ဘဲ အိမ်တစ်အိမ်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုလေးပါပဲ။ အိမ်ရှင်မများအတွက် သက်မဲ့အတွင်းရေးမှူး (လက်ထောက်)ဆိုလည်း မမှားပါဘူး။

ဒါပေမယ့် သဘာဝနဲ့ဆန့်ကျင်ပြီး အပူချိန်လျှော့ချကာ အအေးခံပေးထားတာဖြစ်လို့ အစားအစာ (အားလုံး)ကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မရနိုင်ပါဘူး။ အချို့ အစားအစာတွေကို အေးခဲထားလိုက်တဲ့အခါ မူလအနံ့၊ အရသာကို ပျက်ပြယ်သွားစေတဲ့အပြင် အချိန်မတိုင်ခင် ပုပ်သိုးနွမ်းအိသွားစေလို့ပါ။

အာလူး

အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့တဲ့နေရာနဲ့ သဘာဝအခန်းအပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲစားတဲ့အခါမှာ မာဆတ်ဆတ်ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင် သန်းနေရင် (လုံးဝ)မဝယ်ပါနဲ့။ အဆိပ်ဖြစ်စေတတ်လို့ပါ။ (ထိုနည်းတူစွာပင် ပိန်းဥ၊ ကန်စွန်းဥတွေကိုလည်း ရေခဲသေတ္တာထဲသိမ်းမထားသင့်ပါဘူး။)

ကြက်သွန်နီ

ကြက်သွန်နီတွေကို ပုံမှန် အခန်းအပူချိန်ထဲမှာသာထားပေးရပါမယ်။ ကြက်သွန်နီတွေ ကြာကြာခံစေဖို့အတွက် ဇာကွက်၊ ပိုက်ကွန်အိတ်တွေက အကောင်းဆုံးပါပဲ။ နောက်ထပ် အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေနဲ့ အာလူးတွေကို အတူတူရောမထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့ သဘာဝဟင်းခတ်အမွှေးအကြိုင်ရနံ့တွေကို အာလူးက စုပ်ယူပစ်လို့ပါ။ ဒါ့ပြင် ကြက်သွန်နဲ့အာလူးများအားလုံး တစ်ခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။ (ကြက်သွန်နီတွေကို တစ်နေ့တာ ချက်ပြုတ်ဖို့အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှ သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။ အဲဒီလို ပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ကြက်သွန်နီတွေကို အပူပေး၊ ဆီသတ်၍ အအေးခံပြီးနောက် ဘူးထဲမှာရေလုံအောင်ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ ဘူးလေလုံဖို့အရေးကြီးပါတယ်။ လေမလုံပါက ရေခဲသေတ္တာတစ်ခုလုံး အနံ့ဆိုးထွက်ပြီး အထဲမှာရှိတဲ့ တခြားပစ္စည်း အားလုံးကို အနံ့ကူးကာ လတ်ဆတ်မှု မရှိစေတော့ပါဘူး။)

ကြက်သွန်ဖြူ

ကြက်သွန်အဖြူတွေကိုလည်း ကြက်သွန်နီတွေလိုပဲ ဇာကွက်၊ ပိုက်ကွန် အိတ်တွေထဲထည့်ပြီး အခန်းအပူချိန်မှာသာ သိမ်းထားသင့်ပါတယ်။ခရမ်းချဉ်သီးအိမ်ရှင်မတိုင်းလိုလိုက ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲသိမ်းထားမှ ကြာကြာခံတယ်လို့ ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့အရသာတွေ(အားလုံး) ပျက်ယွင်းသွားစေလို့အင်မတန်မှားယွင်းတဲ့ အပြုအမူဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလတ်စတစ်အိတ်ထဲလေလုံအောင်ထည့်၍ ပုံမှန်အခန်းအပူချိန်မှာသာ သိမ်းထားရပါမယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို မြန်မြန်မှည့်စေချင်ရင် စက္ကူအိတ်မှာ သိမ်းပေးပါ။)

ငှက်ပျောသီး

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျောစတဲ့ ငှက်ပျောသီး ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ)သိမ်းမထားသင့်ပါဘူး။ အဲဒီလို သိမ်းထားလိုက်တဲ့အခါ မကြာမီအတွင်းမှာပင် ငှက်ပျောသီးကို အအေးရိုက်၍ ငှက်ပျောခွံတွေ မည်းလာပြီး အနံ့အရသာ၊ ကျန်းမာရေးဂုဏ်သတ္တိတွေအားလုံးဓာတ်ပြယ်သွားစေပါတယ်။ ငှက်ပျောသီးရဲ့ သဘောတရားက မကြာခဏထိကိုင်မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့ငှက်ပျောသီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။ ငှက်ပျောသီးရဲ့ အညှာကို ပလတ်စတစ်အစနဲ့ တုပ်ချည်ပေးခြင်းက နောက်ထပ်လေးရက် သို့မဟုတ် ငါးရက်လောက် အထားခံပါတယ်။ (ငှက်ပျောခွံပေါ်မှာ အမည်းအစက်အပြောက်ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာရင့်မှည့်လာတာမို့အရသာပိုကောင်းပြီး ဆေးစွမ်းပိုထက်ပါတယ်။)

Credit : GoodHealth


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top