iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတစ်ယောက်၊ မိန်းကလေးတစ်ယောက်အတွက်တော့ ပုံကျပြီး သင့်ရင်သားနဲ့ ကွက်တိကြည့်ကောင်းနေမယ့် ဘရာစီယာတွေ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ အ၀တ်အစားတွေ ဘယ်လောက် ဈေးကြီးပေးပြီးဝယ်ဝယ် အောက်ခံ ဘရာ ပုံမကျရင် အပေါ်က အကျီအ၀-တ်အစားလည်း ရုပ်မထွက်နိုင်ဘူး၊ ဖက်ရှင်လည်း ကျမှာ မဟုတ်ဘူးလေ။ ဒီတော့ အမျိုးသမီးတွေအတွက် အရေးကြီး ဘရာကို ဘယ်လို ပုံမပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတာပေါ့။

သင့်အနေနဲ့ကတော့ သင့်ဗီရိုထဲမှာ ပါတဲ့ အံဆွဲထဲမှာ ဘရာစီယာလေးတွေ စီစီရီရီ ထည့်ထားရင် ဒါအဆင်အပြေဆုံးပဲလို့ ထင်မှာပါ။ နေရာလည်း သိပ်အများကြီး မလိုဘူး။ ထပ်ထပ်ပြီး ထည့်ထားရုံပဲကိုး။ ဒါပေမယ့် ဘရာစီယာရဲ့ သဘောတရားကိုက သူ့ကို နည်းနည်းခေါက်သိမ်းထည့်မယ်ဆိုရင် ဒါဟာ ဘရာပုံကို ပျက်စီးစေတာပါပဲ။

ဒီတော့ဘရာစီယာတွေကို ခေါက်ထည့်ထားမယ်၊ ခုနပြောသလို အစီအရီထပ်ထည့်ထားခြင်းထက် ပိုမိုကောင်းမွန်တဲ့ နည်းကတော့ ချိတ်နဲ့ ချိတ်ထားခြင်းပါပဲ။ ဘယ်လို ချိတ်မျိုးလဲဆိုတာ အောက်မှာ ပြထားပါတယ်။ ဒါဆို ချိတ်တစ်ခုကို အနည်းဆုံး ဘရာနှစ်ထည်၊ သုံးထည် ချိတ်လို့ရပါတယ်။ ဒီလိုထားခြင်းဟာ သင့်ဘရာအုံမပျက်အောင် အထိရောက်ဆုံး ကာကွယ်ခြင်းပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top