iMyanmarHouse.com - Best Property Website for Myanmar
×

ပြတ်ဆဲသွားကြတယ် ဆိုပေမယ့် တစ်ချို့တွေက အတော်ကြာတဲ့အထိ ချစ်နေဆဲ ဖြစ်တတ်ကြပါတယ်။

၁။ မကြာမကြာ မက်ဆေ့တွေပို့နေတုန်းပဲ။ ချစ်ကြောင်း ကြိုက်ကြောင်း မဟုတ်တော့ပေမယ့် အသေးအမွှားကိစ္စလေးတွေကို သင့်ဆီ မက်ဆေ့ ခဏခဏ ပို့တယ်။

၂။ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်က သင့်ရဲ့ပုံတွေကိုလည်း မလွတ်တမ်း Like လုပ်နေသေးတယ်။ ဓာတ်ပုံမှမဟုတ်ပဲ အခြားပို့စ်တွေကိုလည်း Like လုပ်နေလေ့ရှိပါတယ်။

၃။ သင့်ကို မနာလိုဖြစ်အောင် လုပ်လေ့ရှိတယ်။ အမှန်ကတော့ သူကိုယ်တိုင်သာ သင့်ကို မေ့မရနိုင်ဖြစ်နေတာပါ။ သင်မကြိုက်တာတွေ၊ သဝန်တိုစေမယ့် အရာတွေ လုပ်ပြမယ်။

၎။ သင့်အကြောင်းတွေ စုံစမ်းနေတာပဲ။ သင်ဘယ်သွားလဲ၊  ဘာတွေလုပ်နေလဲဆိုတာ သင့်ပတ်ဝန်းကျင်ကိုလိုက်ပြီး မေးမြန်းနေတုန်းပဲဆိုရင် သင့်ကိုသူ ချစ်နေပါသေးတယ်။

၅။ ရည်းစားသစ် မထားသေးဘူး။သင်နဲ့ ပြတ်သွားတယ်ဆိုပေမယ့်လည်း နောက်ထပ်ရည်းစားသစ် မထားသေးပဲ တကိုယ်ထဲ နေနေဆဲပဲ(မရသေးတာလည်း ဖြစ်နိုင်)။ အခြားအရှုပ်အရှင်းတွေမထားပဲ နေသေးတယ်ဆိုရင်တော့ သင့်ကို လွမ်းနေသေးတာ ဖြစ်နိုင်ပါတယ်။

၆။ အလွမ်းဇာတ်တွေ ခင်းပြမယ်။ သူတို့ ဘယ်လောက် စိတ်ညစ်နေရကြောင်း၊ ဘယ်လောက် အသည်းကွဲနေရကြောင်း လူမှုကွန်ယက်မှာ မကြာမကြာ တင်နေသေးတယ်ဆိုရင်လည်း သင့်ကို စိတ်မကုန်သေးလို့ပါ။

၇။ သင့်ပတ်ဝန်းကျင်မှာ သူ့ကို မကြာခဏ တွေ့နေရတုန်းပဲဆိုရင် ဒါဟာ တိုက်ဆိုင်မှုလို့ မထင်လိုက်ပါနဲ့။ သူနဲ့သင်ဟာ အလုပ်အတူတူ၊ ကျောင်းအတူတူ မဟုတ်ဘူးဆိုရင် ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပဲ သင်ရှိတဲ့ အနားတစ်ဝိုက်ကို သူလာလာနေတတ်လို့ဆိုတာ သတိရပါ။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top