iMyanmarHouse.com - Best Property Website for Myanmar
×

လူရႊင္ေတာ္ဘ၀မွ စတင္ကာ သရုပ္ေဆာင္နယ္ပယ္ထဲကို စတင္၀င္ေရာက္လာခဲ့တဲ့ ဒိန္းေဒါင္ဟာဆုိရင္ လက္ရွိမွာ အႏုပညာသက္တမ္း ႏွစ္ ၃၀ ေက်ာ္ေနၿပီျဖစ္တယ္လို႕သိရပါတယ္။ ျဖတ္သန္းလာခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ သူဖန္တီးခဲ့တဲ့ ျပက္လံုးမ်ားဟာ ပရိသတ္နဲ႕အံ၀င္ခြင္က်ျဖစ္ခဲ့ရသလို ပရိသတ္အၾကိဳက္စကားလံုးမ်ားအျဖင့္လဲ လူသိမ်ားေက်ာ္ၾကားခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိမွာ လူရႊင္ေတာ္မွတစ္ဆင့္ သရုပ္ေဆာင္ ထုိမွတစ္ဆင့္ ဒါရုိက္တာအျဖစ္ ရပ္တည္ဖုိ႕ပါ ၾကိဳးစားဖန္တီးေနတဲ့ ဒိန္းေဒါင္ရဲ႕ အႏုပညာမ်ားအေၾကာင္းနဲ႕လက္ရွိရုိက္ကူးေနတဲ့ ဇာတ္ကားပါအေၾကာင္းအရာမ်ားကိုေမးျမန္းျဖစ္တဲ့အခါ

-ဒီေန႕ရုိက္ေနတဲ့ ကားၾကီးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

လူၾကမ္းအလုပ္နဲ႕စား၀တ္ေနေရး ေျဖရွင္းေနရတဲ့ လူတစ္ေယာက္ရဲ႕အေၾကာင္းကိုရုိက္ထားတာေပါ့။ ကားနာမည္က ေလွကားလိုလူမ်ားတဲ့။ ပါတဲ့သရုပ္ေဆာင္ေတြကေတာ့မ်ားတယ္။ ကိုယ္ကေတာ့ ဒီကားထဲမွာ ၃ ၊ ၄ ခန္းပဲပါတယ္။ ဒါရုိက္တာအေနနဲ႕အဓိက ပါတာေပါ့။

-ဒီကားေလးရိုက္ျဖစ္ဖို႕ အစပ်ိဳးျဖစ္တာကေရာ ဘယ္လိုေၾကာင့္လဲ။

လူရႊင္ေတာ္ေတြဒုကၡေရာက္တာကို ရုိက္ၾကတယ္။ လူၾကမ္းေတြဒုကၡေရာက္တဲ့အေၾကာင္းကို ဘယ္သူမွမရုိက္ေသးလို႕ရုိက္ေပးတာပါ။

-အစ္ကိုတို႕တုိက္က ထုတ္ရုိက္တဲ့ကားလို႕လဲသိရတယ္။

ဟုတ္ပါတယ္။ ဒီကားက ဒုတိယကားၾကီးပါ။ ဗီဒီယိုမရုိက္ဘူး။ ဇာတ္ကားၾကီးအေနနဲ႕ပဲ ရိုက္ကူးသြားမွာပါ။ ပထမကကားက မယံုရင္ေတာ့ ပံုျပင္မွတ္တဲ့။ စိုင္းလႊမ္းနဲ႕ပဲ။ ကားၾကီးပဲ ရုိက္တယ္ဆုိတာက အရွင္းဆံုးေျပာရရင္ကိုယ္လုပ္ထားသမွ်ကို တစ္ႏုိင္ငံလံုးကို လိုက္ျပခ်င္တယ္။ ပရိသတ္ေတြလဲၾကီးၾကီးၾကည့္ရမယ္။ ၿပီးေတာ့ ကၽြန္ေတာ္က လူရႊင္ေတာ္ ဒါေပမဲ့ အခုကၽြန္ေတာ့္တိုက္က ထုတ္ရုိက္ထားတဲ့ ၂ကားလံုးက ဒရာမာကားၾကီးပဲ။

-လူရႊင္ေတာ္တစ္ေယာက္ျဖစ္ၿပီး ကိုယ္ကုိတိုင္ထုတ္ရုိက္တဲ့ကားက်မွဘာလို႕ဒရာမာဇာတ္ေတြကိုဦးစားေပးရိုက္ကူးျဖစ္တာလဲ။

ကၽြန္ေတာ္ကေအာက္ေျခလူတန္းစားေတြကို ပိုသနားတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လဲေအာက္ေျခလူတန္းစားဘ၀ကပဲ လာတာျဖစ္တဲ့အတြက္သူတို႕ဘ၀ေလးေတြကိုေပၚေအာင္ရုိက္ေပးခ်င္တယ္။ ဒါေပမဲ့တတိယေျမာက္ကားက်ရင္ေတာ့ ဟာသကားရိုက္မွာပါ။

-ကားၾကီးေတြကိုပဲထုတ္ရုိက္မဲ့ သူတစ္ေယာက္အေနနဲ႕ တန္းစီစနစ္အေပၚမွာ အစ္ကို႕အျမင္ကဘယ္လိုရွိလဲဆိုတာလဲသိခ်င္ပါတယ္။

ရံုျပိဳင္ပဲျဖစ္ေစခ်င္တယ္။ ေကာင္းတာၾကည့္၊ မေကာင္းတာမၾကည့္နဲ႕ေပါ့ဗ်ာ။ ကၽြန္ေတာ္တို႕ကေတာ့ ရံုေတြဘာေတြေစာင့္မေနဘူး။ ပိုက္ဆံကို ထားထားလိုက္ၿပီး ပရိသတ္ကိုကိုယ့္လုပ္ကြက္ေလးျပခ်င္တယ္။

-ဒါရုိက္တာအေနနဲ႕လဲ ရပ္တည္လာတာေတြ႕ရေတာ့ အဲ့ဒီအပိုင္းေလးကိုလဲသိခ်င္ပါတယ္။

ကားၾကီးကႏွစ္ကားေျမာက္၊ ဗီဒီယိုကေတာ့ ကားငါးဆယ္ေလာက္ရွိၿပီ။ ဇာတ္လမ္းတြဲကေတာ့ အပိုင္း ၅၀ ရုိက္ထားတယ္။ Mntv ကလႊင့္မွာပါ။ ခၽြန္တြန္းလာၿပီဆုိတဲ့ ဇာတ္လမ္းတြဲေလးေပါ့။ မင္းသမီးေတာ္ေတာ္စံုတယ္။ ေတာ္ေတာ္မ်ားတယ္။ လူရႊင္ေတာ္ အကုန္ပါတယ္။ ဒါရိုက္တာကလဲ ကၽြန္ေတာ့္၀ါသနာတစ္ခုပါပဲ။

-လူရႊင္ေတာ္၊ သရုပ္ေဆာင္၊ ဒါရုိက္တာ ဒီသံုးခုမွာအစ္ကို႕ရဲ႕စီးေမ်ာမႈက ဘယ္အပိုင္းကို ပိုအားရလဲ။

ဒါရုိက္တာပိုလုပ္ခ်င္တယ္။ ဘာလို႕လဲဆိုေတာ့ သူမ်ားကို လုပ္ေပးရတဲ့အလုပ္မို႕လို႕ငယ္ငယ္ေလးကတည္းကလဲ ကိုယ္ခ်မ္းသာခဲ့တယ္။ ရွိခဲ့တယ္။ အဲ့ဒီမွာ ကိုယ့္အတြက္ဆိုလို႕ဒီေရႊဆြဲၾကိဳးေလးတစ္ကံုးပဲရွိခဲ့တယ္။ မ၀ယ္တာေပါ့။ သူမ်ားအတြက္ကိုပဲ စဥ္းစားတယ္။ ကိုယ့္အတြက္ ဘယ္ေတာ့မွမစဥ္းစားခဲ့ဘူး။ ရုပ္ရွင္ရုိက္တဲ့အခါမွာလဲ ဒီေနရာမွဟိုေနရာမွဘယ္ေတာ့မွ မေရြးခဲ့ဘူး။ ခိုင္းတဲ့ေနရာမွာ လုပ္တယ္။ အလုပ္လုပ္ရင္လဲ ကုိယ့္အတြက္ထက္သူမ်ားအတြက္ကိုပိုစဥ္းစားေပးတယ္။ အဲ့ဒါကမ်ားတယ္။ အဲ့ဒါေၾကာင့္မုိ႕လို႕ဒါရုိက္တာ အလုပ္ကုိ ပိုၿပီး၀ါသနာပါတယ္။ အသက္ၾကီးသြားရင္ ဒါရုိက္တာအလုပ္နဲ႕ရပ္တည္ဖို႕မ်ားတယ္။ ဖန္တီးခ်င္တယ္။

-အႏုပညာသက္တမ္းနဲ႕ ဒီတစ္ေလွ်ာက္ရရွိလာတဲ့ ေအာင္ျမင္မႈေတြအေပၚ စိတ္ေက်နပ္မႈအတိုင္းအတာကိုလဲသိခ်င္ပါတယ္။

ႏွစ္ ၃၀ေက်ာ္ၿပီေပါ့။ ပညာကုန္ေအာင္တတ္သြားတဲ့သူတစ္ေယာက္မွမရွိပါဘူး။ ကိုယ့္ကိုကိုယ္လဲတတ္ေသးတယ္လို႕မထင္ဘူး။ ကုိယ္မလုပ္ႏုိင္တာေတြလဲတစ္ပံုၾကီးရွိေသးတယ္။ အားမရဘူး။ ပရိသတ္ကခ်စ္လို႕အားေပးတယ္။ ကိုယ့္ကုသိုလ္ကံ၊ ကုိယ္စန္းေလးနဲ႕ဆိုေပမဲ့ ကိုယ့္ကိုကိုယ္လဲအားမရပါဘူး။ ေသတဲ့ထိလဲအားရသြားမယ္ မထင္ပါဘူး။ လူ႕သက္တမ္းကတိုတာကိုး။ အဲ့ဒါေၾကာင့္ေကာင္းေကာင္းမြန္မြန္ေလးဖန္တီး၊ နာမည္ပ်က္မရွိေအာင္နဲ႕အေသလွေအာင္ပဲၾကိဳးစားရမွာေပါ့။ ကၽြန္ေတာ္က၀ီရိယေတာ့ ရွိတယ္။ ဘယ္ေလာက္ပင္ပန္းပန္းေပါ့။ အခုဆိုေန႕ဖက္ကားရုိက္တယ္။ ညပိုင္း အမ်ိဳးသမီးေရးရာႏွစ္ပါးသြားပြဲအတြက္ ဒါရုိက္တာလုပ္ေပးေနပါတယ္။

-သူမ်ားတုိက္နဲ႕ရိုက္ရတာနဲ႕ ကိုယ့္တုိက္မွာကိုယ္ရုိက္ရတာဘယ္ဟာကိုပိုသေဘာက်လဲ။

ကုိယ့္တိုက္မွာကိုယ္က်ေတာ့ စိတ္ခ်မ္းသာတယ္။ နယ္ေတြဘာေတြထြက္မရုိက္ဖူးေသးဘူး။ ေနာက္တစ္ကားဟာသကားက်ရင္ေတာ့ နယ္ထြက္ရုိက္ဖို႕စဥ္းစားထားတယ္။

-၂၀၁၆ ထဲမွာရုိက္ကူးတဲ့ ကားၾကီးအေနနဲ႕ဒီကားက ဘယ္ႏွကားေျမာက္ေလာက္ျဖစ္မလဲ။

အနည္းဆံုးေတာ့ ၁၀ကားေလာက္ရွိၿပီ။

-အစ္ကိုတို႕ကုိခင္လႈိင္တို႕က ပံုမွန္ရုိက္ကူးေနတဲ့ နာမည္ရမင္းသားေတြထက္ သူတို႕ရုိက္သမွ်ကားတိုင္းမွာပါ၀င္ခြင့္ရတဲ့အတြက္သူတို႕ထက္ဇာတ္ကားအေရအတြက္ရမ်ားတယ္လို႕သံုးသပ္ျခင္းခံရတဲ့အေပၚမွာေရာ ဘယ္လုိျမင္မိလဲ။

ပံုမွန္ရုိက္ေနရျခင္းအဓိက က ဟာသေနရာမွာဆို ကၽြန္ေတာ္တို႕ျမန္မာပရိသတ္ေတြက အစြဲအလန္းၾကီးတယ္။ ခ်စ္မိၿပီဆုိဒီလူေတြပဲၾကည့္ခ်င္တာ ေနာက္လူေတြတက္မလာနဲ႕ဆိုတဲ့ သေဘာတရားရွိတယ္။ အဲ့ဒီအေပၚမွာလဲ ကၽြန္ေတာ္တို႕တခ်ိဳ႕ကားၾကီးေတြမွာဆိုလဲ ေတာ္ေတာ္ေလးအားရတဲ့အပိုင္းေတြရွိတယ္။ တခ်ိဳ႕ဆိုပါၿပီးေရာကားေလးေတြလဲရွိတယ္။ အဲ့ဒီလိုကားဆိုရင္ေတာ့အားမရဘူးေပါ့။

-အခုဒီကားနဲ႕ပတ္သက္ၿပီးေတာ့ေရာ ပရိသတ္ကုိ ဘယ္လိုေျပာျပခ်င္ေသးလဲ။

အခုကေတာ့ လိုေကးရွင္းဆန္းတဲ့သေဘာအေနနဲ႕ရုိက္ေနတာပါ။ ျဖစ္သလိုေလးေပါ့။ ကားၾကီးက်ေတာ့ ဒီ့ထက္ပိုအေသးစိတ္ျပင္ဆင္ရမယ္။ ၾကိဳးစားရမယ္ေပါ့။ အခုရုိက္ေနတာကေတာ့ အဆန္းသေဘာမ်ိဳးဆိုေတာ့ ဒီ့ထက္ပိုၿပီးအားထည့္ရုိက္ကူးတဲ့အပိုင္းေတြရွိမယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လူရွှင်တော်ဘဝမှ စတင်ကာ သရုပ်ဆောင်နယ်ပယ်ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ ဒိန်းဒေါင်ဟာဆိုရင် လက်ရှိမှာ အနုပညာသက်တမ်း နှစ် ၃၀ ကျော်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ သူဖန်တီးခဲ့တဲ့ ပြက်လုံးများဟာ ပရိသတ်နဲ့အံဝင်ခွင်ကျဖြစ်ခဲ့ရသလို ပရိသတ်အကြိုက်စကားလုံးများအဖြင့်လဲ လူသိများကျော်ကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင် ထိုမှတစ်ဆင့် ဒါရိုက်တာအဖြစ် ရပ်တည်ဖို့ပါ ကြိုးစားဖန်တီးနေတဲ့ ဒိန်းဒေါင်ရဲ့ အနုပညာများအကြောင်းနဲ့လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားပါအကြောင်းအရာများကိုမေးမြန်းဖြစ်တဲ့အခါ

-ဒီနေ့ရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

လူကြမ်းအလုပ်နဲ့စားဝတ်နေရေး ဖြေရှင်းနေရတဲ့ လူတစ်ယောက်ရဲ့အကြောင်းကိုရိုက်ထားတာပေါ့။ ကားနာမည်က လှေကားလိုလူများတဲ့။ ပါတဲ့သရုပ်ဆောင်တွေကတော့များတယ်။ ကိုယ်ကတော့ ဒီကားထဲမှာ ၃ ၊ ၄ ခန်းပဲပါတယ်။ ဒါရိုက်တာအနေနဲ့အဓိက ပါတာပေါ့။

-ဒီကားလေးရိုက်ဖြစ်ဖို့ အစပျိုးဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

လူရွှင်တော်တွေဒုက္ခရောက်တာကို ရိုက်ကြတယ်။ လူကြမ်းတွေဒုက္ခရောက်တဲ့အကြောင်းကို ဘယ်သူမှမရိုက်သေးလို့ရိုက်ပေးတာပါ။

-အစ်ကိုတို့တိုက်က ထုတ်ရိုက်တဲ့ကားလို့လဲသိရတယ်။

ဟုတ်ပါတယ်။ ဒီကားက ဒုတိယကားကြီးပါ။ ဗီဒီယိုမရိုက်ဘူး။ ဇာတ်ကားကြီးအနေနဲ့ပဲ ရိုက်ကူးသွားမှာပါ။ ပထမကကားက မယုံရင်တော့ ပုံပြင်မှတ်တဲ့။ စိုင်းလွှမ်းနဲ့ပဲ။ ကားကြီးပဲ ရိုက်တယ်ဆိုတာက အရှင်းဆုံးပြောရရင်ကိုယ်လုပ်ထားသမျှကို တစ်နိုင်ငံလုံးကို လိုက်ပြချင်တယ်။ ပရိသတ်တွေလဲကြီးကြီးကြည့်ရမယ်။ ပြီးတော့ ကျွန်တော်က လူရွှင်တော် ဒါပေမဲ့ အခုကျွန်တော့်တိုက်က ထုတ်ရိုက်ထားတဲ့ ၂ကားလုံးက ဒရာမာကားကြီးပဲ။

-လူရွှင်တော်တစ်ယောက်ဖြစ်ပြီး ကိုယ်ကိုတိုင်ထုတ်ရိုက်တဲ့ကားကျမှဘာလို့ဒရာမာဇာတ်တွေကိုဦးစားပေးရိုက်ကူးဖြစ်တာလဲ။

ကျွန်တော်ကအောက်ခြေလူတန်းစားတွေကို ပိုသနားတယ်။ ကျွန်တော်ကိုယ်တိုင်လဲအောက်ခြေလူတန်းစားဘဝကပဲ လာတာဖြစ်တဲ့အတွက်သူတို့ဘဝလေးတွေကိုပေါ်အောင်ရိုက်ပေးချင်တယ်။ ဒါပေမဲ့တတိယမြောက်ကားကျရင်တော့ ဟာသကားရိုက်မှာပါ။

-ကားကြီးတွေကိုပဲထုတ်ရိုက်မဲ့ သူတစ်ယောက်အနေနဲ့ တန်းစီစနစ်အပေါ်မှာ အစ်ကို့အမြင်ကဘယ်လိုရှိလဲဆိုတာလဲသိချင်ပါတယ်။

ရုံပြိုင်ပဲဖြစ်စေချင်တယ်။ ကောင်းတာကြည့်၊ မကောင်းတာမကြည့်နဲ့ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ရုံတွေဘာတွေစောင့်မနေဘူး။ ပိုက်ဆံကို ထားထားလိုက်ပြီး ပရိသတ်ကိုကိုယ့်လုပ်ကွက်လေးပြချင်တယ်။

-ဒါရိုက်တာအနေနဲ့လဲ ရပ်တည်လာတာတွေ့ရတော့ အဲ့ဒီအပိုင်းလေးကိုလဲသိချင်ပါတယ်။

ကားကြီးကနှစ်ကားမြောက်၊ ဗီဒီယိုကတော့ ကားငါးဆယ်လောက်ရှိပြီ။ ဇာတ်လမ်းတွဲကတော့ အပိုင်း ၅၀ ရိုက်ထားတယ်။ Mntv ကလွှင့်မှာပါ။ ချွန်တွန်းလာပြီဆိုတဲ့ ဇာတ်လမ်းတွဲလေးပေါ့။ မင်းသမီးတော်တော်စုံတယ်။ တော်တော်များတယ်။ လူရွှင်တော် အကုန်ပါတယ်။ ဒါရိုက်တာကလဲ ကျွန်တော့်ဝါသနာတစ်ခုပါပဲ။

-လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဒီသုံးခုမှာအစ်ကို့ရဲ့စီးမျောမှုက ဘယ်အပိုင်းကို ပိုအားရလဲ။

ဒါရိုက်တာပိုလုပ်ချင်တယ်။ ဘာလို့လဲဆိုတော့ သူများကို လုပ်ပေးရတဲ့အလုပ်မို့လို့ငယ်ငယ်လေးကတည်းကလဲ ကိုယ်ချမ်းသာခဲ့တယ်။ ရှိခဲ့တယ်။ အဲ့ဒီမှာ ကိုယ့်အတွက်ဆိုလို့ဒီရွှေဆွဲကြိုးလေးတစ်ကုံးပဲရှိခဲ့တယ်။ မဝယ်တာပေါ့။ သူများအတွက်ကိုပဲ စဉ်းစားတယ်။ ကိုယ့်အတွက် ဘယ်တော့မှမစဉ်းစားခဲ့ဘူး။ ရုပ်ရှင်ရိုက်တဲ့အခါမှာလဲ ဒီနေရာမှဟိုနေရာမှဘယ်တော့မှ မရွေးခဲ့ဘူး။ ခိုင်းတဲ့နေရာမှာ လုပ်တယ်။ အလုပ်လုပ်ရင်လဲ ကိုယ့်အတွက်ထက်သူများအတွက်ကိုပိုစဉ်းစားပေးတယ်။ အဲ့ဒါကများတယ်။ အဲ့ဒါကြောင့်မို့လို့ဒါရိုက်တာ အလုပ်ကို ပိုပြီးဝါသနာပါတယ်။ အသက်ကြီးသွားရင် ဒါရိုက်တာအလုပ်နဲ့ရပ်တည်ဖို့များတယ်။ ဖန်တီးချင်တယ်။

-အနုပညာသက်တမ်းနဲ့ ဒီတစ်လျှောက်ရရှိလာတဲ့ အောင်မြင်မှုတွေအပေါ် စိတ်ကျေနပ်မှုအတိုင်းအတာကိုလဲသိချင်ပါတယ်။

နှစ် ၃၀ကျော်ပြီပေါ့။ ပညာကုန်အောင်တတ်သွားတဲ့သူတစ်ယောက်မှမရှိပါဘူး။ ကိုယ့်ကိုကိုယ်လဲတတ်သေးတယ်လို့မထင်ဘူး။ ကိုယ်မလုပ်နိုင်တာတွေလဲတစ်ပုံကြီးရှိသေးတယ်။ အားမရဘူး။ ပရိသတ်ကချစ်လို့အားပေးတယ်။ ကိုယ့်ကုသိုလ်ကံ၊ ကိုယ်စန်းလေးနဲ့ဆိုပေမဲ့ ကိုယ့်ကိုကိုယ်လဲအားမရပါဘူး။ သေတဲ့ထိလဲအားရသွားမယ် မထင်ပါဘူး။ လူ့သက်တမ်းကတိုတာကိုး။ အဲ့ဒါကြောင့်ကောင်းကောင်းမွန်မွန်လေးဖန်တီး၊ နာမည်ပျက်မရှိအောင်နဲ့အသေလှအောင်ပဲကြိုးစားရမှာပေါ့။ ကျွန်တော်ကဝီရိယတော့ ရှိတယ်။ ဘယ်လောက်ပင်ပန်းပန်းပေါ့။ အခုဆိုနေ့ဖက်ကားရိုက်တယ်။ ညပိုင်း အမျိုးသမီးရေးရာနှစ်ပါးသွားပွဲအတွက် ဒါရိုက်တာလုပ်ပေးနေပါတယ်။

-သူများတိုက်နဲ့ရိုက်ရတာနဲ့ ကိုယ့်တိုက်မှာကိုယ်ရိုက်ရတာဘယ်ဟာကိုပိုသဘောကျလဲ။

ကိုယ့်တိုက်မှာကိုယ်ကျတော့ စိတ်ချမ်းသာတယ်။ နယ်တွေဘာတွေထွက်မရိုက်ဖူးသေးဘူး။ နောက်တစ်ကားဟာသကားကျရင်တော့ နယ်ထွက်ရိုက်ဖို့စဉ်းစားထားတယ်။

-၂၀၁၆ ထဲမှာရိုက်ကူးတဲ့ ကားကြီးအနေနဲ့ဒီကားက ဘယ်နှကားမြောက်လောက်ဖြစ်မလဲ။

အနည်းဆုံးတော့ ၁၀ကားလောက်ရှိပြီ။

-အစ်ကိုတို့ကိုခင်လှိုင်တို့က ပုံမှန်ရိုက်ကူးနေတဲ့ နာမည်ရမင်းသားတွေထက် သူတို့ရိုက်သမျှကားတိုင်းမှာပါဝင်ခွင့်ရတဲ့အတွက်သူတို့ထက်ဇာတ်ကားအရေအတွက်ရများတယ်လို့သုံးသပ်ခြင်းခံရတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။

ပုံမှန်ရိုက်နေရခြင်းအဓိက က ဟာသနေရာမှာဆို ကျွန်တော်တို့မြန်မာပရိသတ်တွေက အစွဲအလန်းကြီးတယ်။ ချစ်မိပြီဆိုဒီလူတွေပဲကြည့်ချင်တာ နောက်လူတွေတက်မလာနဲ့ဆိုတဲ့ သဘောတရားရှိတယ်။ အဲ့ဒီအပေါ်မှာလဲ ကျွန်တော်တို့တချို့ကားကြီးတွေမှာဆိုလဲ တော်တော်လေးအားရတဲ့အပိုင်းတွေရှိတယ်။ တချို့ဆိုပါပြီးရောကားလေးတွေလဲရှိတယ်။ အဲ့ဒီလိုကားဆိုရင်တော့အားမရဘူးပေါ့။

-အခုဒီကားနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘယ်လိုပြောပြချင်သေးလဲ။

အခုကတော့ လိုကေးရှင်းဆန်းတဲ့သဘောအနေနဲ့ရိုက်နေတာပါ။ ဖြစ်သလိုလေးပေါ့။ ကားကြီးကျတော့ ဒီ့ထက်ပိုအသေးစိတ်ပြင်ဆင်ရမယ်။ ကြိုးစားရမယ်ပေါ့။ အခုရိုက်နေတာကတော့ အဆန်းသဘောမျိုးဆိုတော့ ဒီ့ထက်ပိုပြီးအားထည့်ရိုက်ကူးတဲ့အပိုင်းတွေရှိမယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top