iMyanmarHouse.com - Best Property Website for Myanmar
×

ဒီမေးခွန်းဟာ IQ အဆင့်စစ်ဆေးတဲ့ မေးခွန်းတော့ မဟုတ်ပေမယ့် စိတ်ထဲမှာ မသေချာမရေရာနဲ့ ဘယ်လိုအဖြေပေးရမလဲဆိုတာတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ သစ်သီးပိုစားတဲ့သူဟာ မစားတဲ့သူထက်တော့ ခန္ဓာကိုယ် သွယ်လျနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် အဲလိုလူတွေက သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ကြတယ်လေ။ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ကြတယ်။ အသီးတွေဟာ ကယ်လိုရီနည်းပြီးတော့ အာဟာရ ရှိပါတယ်။ ဥပမာ - ပန်းသီးတစ်လုံးက တစ်နာရီ အဆာခံနိုင်အောင် ကူညီပေးပါတယ်။ ဆိုလိုချင်တာကတော့ ကိုယ်အလေးချိန်အများဆုံး တိုးလာစေတာကတော့ ကယ်လိုရီပဲဖြစ်ပါတယ်။

တချို့လူတွေက အသီးစားတယ်ဆိုပြီးတော့ ဗူးထဲသွပ်ထားတဲ့အသီးတွေ၊ အသီးဖျော်ရည်တွေနဲ့ အစားထိုးတတ်ကြပါတယ်။ အဲလိုမျိုးအသီးဖျော်ရည်တွေမှာ သကြားနဲ့ကယ်လိုရီ မြောက်များစွာပါဝင်တဲ့အတွက် ပိုပြီးဝလာစေပါတယ်။

မေးခွန်းနဲ့အထိုက်တန်ဆုံးအဖြေကတော့ သန့်ရှင်းလတ်ဆတ်တဲ့ အသီးစားမယ်ဆိုရင်တော့ ခန္ဓာကိုယ် တကယ်သွယ်လျနိုင်ပါတယ်။


Credit : Trend Myanmar
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top