iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ေပါ့ပ္ၾကယ္ပြင့္ ေလဒီဂါဂါသည္ ေယာဂက်င့္စဥ္ကို ေဆြးေႏြးရန္ တိဘက္ဘုန္း ေတာ္ႀကီး ဒလိုင္းလားမားႏွင့္ ေတြ႔ဆံုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရသည္ ေလဒီဂါဂါကို တ႐ုတ္ ကြန္ျမဴ နစ္ပါတီက တားျမစ္ထားသည့္ ရန္လိုေသာ ျပည္ပအင္အားစုမ်ား စာရင္းအတြင္းသို႔ ထည့္ခဲ့သည္။

ေလဒီဂါဂါသည္ အင္ဒီအာနာပိုလစ္ျမိဳ႕တြင္ ေဆြးေႏြးပြဲမတိုင္မီ ဇြန္ ၂၆ ရက္က တိဘက္ဘုန္း ေတာ္ႀကီး ဒလိုင္းလားမားႏွင့္ ေတြ႔ဆံုခဲ့ျခင္း ျဖစ္သည္။ ေလဒီဂါဂါသည္ တရားထိုင္ျခင္းႏွင့္ စိတ္ပိုင္း ဆိုင္ရာ က်န္းမာေရးကဲ့သို႔ေသာ ကိစၥရပ္မ်ားအေၾကာင္းကို ေဆြးေႏြးထားေသာ ၁၉ မိနစ္စာ ဗီဒီယို ဖိုင္ကို ၎၏ ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ တင္ခဲ့သည္။

ဒလိုင္းလားမားႏွင့္ ေလဒီဂါဂါ ေတြ႔ဆံုၿပီးေနာက္ ကြန္ျမဴနစ္ပါတီ၏ ၀ါဒျဖန္႔ဌာနက တ႐ုတ္ ျပည္မႀကီးတြင္ ေလဒီဂါဂါ၏ ေဖ်ာ္ေျဖတင္ဆက္မႈအားလံုးကို ပိတ္ပင္သြားရန္ အေရးေပၚ ညြန္ၾကားခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့ေၾကာင္း ဇြန္ ၂၇ ရက္ထုတ္ ေဟာင္ေကာင္၏ ဒီမိုကေရစီ လိုလားေသာ သတင္းစာ  Apple Daily တြင္ ေဖာ္ျပထားသည္။

တ႐ုတ္အစိုးရ၏ ေဒါသထြက္မႈတစ္ရပ္အျဖစ္ ေလဒီဂါဂါ၏ ေတးသီခ်င္းမ်ား ျဖန္႔ခ်ိေပးျခင္းကို ရပ္နားရန္ တ႐ုတ္၀က္ဆိုက္ဘ္ႏွင့္ မီဒီယာအဖြဲ႔အစည္းမ်ားကို အမိန္႔ထုတ္ျပန္ခဲ့ေၾကာင္း သတင္းစာ တြင္ ေျပာၾကားထားသည္။

Credit : Mizzima

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

 အမေရိကန်ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည် ယောဂကျင့်စဉ်ကို ဆွေးနွေးရန် တိဘက်ဘုန်း တော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်အစိုးရသည် လေဒီဂါဂါကို တရုတ် ကွန်မြူ နစ်ပါတီက တားမြစ်ထားသည့် ရန်လိုသော ပြည်ပအင်အားစုများ စာရင်းအတွင်းသို့ ထည့်ခဲ့သည်။

လေဒီဂါဂါသည် အင်ဒီအာနာပိုလစ်မြို့တွင် ဆွေးနွေးပွဲမတိုင်မီ ဇွန် ၂၆ ရက်က တိဘက်ဘုန်း တော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ လေဒီဂါဂါသည် တရားထိုင်ခြင်းနှင့် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကဲ့သို့သော ကိစ္စရပ်များအကြောင်းကို ဆွေးနွေးထားသော ၁၉ မိနစ်စာ ဗီဒီယို ဖိုင်ကို ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် တင်ခဲ့သည်။

ဒလိုင်းလားမားနှင့် လေဒီဂါဂါ တွေ့ဆုံပြီးနောက် ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ဌာနက တရုတ် ပြည်မကြီးတွင် လေဒီဂါဂါ၏ ဖျော်ဖြေတင်ဆက်မှုအားလုံးကို ပိတ်ပင်သွားရန် အရေးပေါ် ညွန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဇွန် ၂၇ ရက်ထုတ် ဟောင်ကောင်၏ ဒီမိုကရေစီ လိုလားသော သတင်းစာ  Apple Daily တွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ ဒေါသထွက်မှုတစ်ရပ်အဖြစ် လေဒီဂါဂါ၏ တေးသီချင်းများ ဖြန့်ချိပေးခြင်းကို ရပ်နားရန် တရုတ်ဝက်ဆိုက်ဘ်နှင့် မီဒီယာအဖွဲ့အစည်းများကို အမိန့်ထုတ်ပြန်ခဲ့ကြောင်း သတင်းစာ တွင် ပြောကြားထားသည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top