iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Lwin Pyin
#Unicode Version
သြစတြေးလျ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ လက်ဖက်ရည် ပုံမှန်သောက်ခြင်းက အရိုးတွေ သန်မာစေကြောင်း သိရပါတယ်။ တစ်နေ့လျှင် လက်ဖက်ရည် ၃ ခွက် သောက်ခြင်းက အရိုးအဆစ်အတွက် ကောင်းမွန်စေပါတယ်။ နို့သောက်ခြင်းက အရိုးအဆစ် သန်မာစေကြောင်း ယခင်က သိရှိထားကြတာပါ။
ယခု အသစ်တွေ့ရှိမှုအရ လက်ဖက်ရည်သောက်ခြင်းက အရိုးကျိုးအက်မှုကို ၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ လက်ဖက်ရည်ဟာ အရိုးပွရောဂါကို ကာကွယ်နိုင်တဲ့ အဓိက ဖြည့်စွက်စာဖြစ်ကြောင်း သိရပါတယ်။
International Osteoporosis Foundation ရဲ့ ခန့်မှန်းမှုအရ ကမ္ဘာတစ်ဝန်းမှာ အရိုးပွရောဂါ ခံစားနေရသူ သန်း ၂၀ ကျော်ရှိပါတယ်။ အမေရိကန်နဲ့ ဗြိတိန်မှာ သွေးဆုံးပြီးတဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနီးပါးဟာ အရိုးပွရောဂါ ဖြစ်ပွားကြပါတယ်။
သြစတြေလျးနိုင်ငံရှိ ဖလင်ဒါစ်တက္ကသိုလ်မှ သုတေသီတွေက လက်ဖက်ရည်နဲ့ အရိုးအဆစ် ကျန်းမာရေး ဆက်နွယ်မှုကို လေ့လာခဲ့ကြတာဖြစ်ပြီး အသက်အရွယ်ကြီးတဲ့ အမျိုးသမီး ၁,၂၀၀ ကို ၁၀ နှစ်ကြာ စောင့်ကြည့်ခဲ့ကြောင်း သိရတယ်။
Credit : Lwin Pyin
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top