iMyanmarHouse.com - Best Property Website for Myanmar
×

အပေါင်းအသင်းနည်းပါးပြီး သီးသီးသန့်သန့် နေတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ရတာ ယောက်ျားလေးတွေ သဘောကျတတ်ပေမဲ့ တကယ်တွဲတဲ့အခါ နားလည်ရခက်ကောင်းခက်နိုင်ပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ဒီအချက်လေးတွေကို နားလည်ထားရင် အချစ်ရေးက အဆင်ပြေသွားမှာပါ။

၁။ သူတို့က လူတွေကို မုန်းနေတာ မဟုတ်ပါဘူး

သီးသန့်ဆန်တဲ့ မိန်းကလေးတွေက လူတွေကို ကြောက်လို့၊ မုန်းလို့ ဘာသိဘာသာနေတာ မဟုတ်ပါဘူး။ အတွင်းစိတ်မတည်ငြိမ်တဲ့ လူတွေနဲ့ ဆက်ဆံရတာ စိတ်ကုန်တာပါ။  သူတို့ သဘောကျတဲ့သူတွေက အနည်းငယ်ပဲ ရှိပါတယ်။ သင့်ကို အဲဒီလိုမိန်းကလေးမျိုးက တွဲတယ်ဆိုရင်တော့ သူသဘောကျတဲ့ လူနည်းစုထဲမှာ သင်လည်း ပါနေလို့ပါပဲ။

၂။ စကားမပြောတာ စိတ်တိုနေလို့ မဟုတ်ဘူး

သီးသန့်ဆန်တဲ့အတွက် သင့်ကို စကားမပြောလို့ စိတ်မညစ်ပါနဲ့။ သူတို့ဟာ တစ်ယောက်တည်းနေရတာ ကြိုက်တဲ့သူတွေ ဖြစ်တဲ့အတွက် သူ အတွေးနက်နေပြီဆိုရင် တစ်ယောက်တည်း ခဏထားလိုက်ပါ။

၃။ သတိထားဆက်ဆံဖို့တော့ လိုတယ်

အိပ်နေတဲ့ ကျားကို သွားမနိုးမိပါစေနဲ့။ သူအဆင်သင့်မဖြစ်သေးဘဲ အပြင်ထွက်ဖို့ အတင်းအကျပ်လုပ်မယ်ဆိုရင် သူတို့တွေက ဒေါသကြီးတတ်ပါတယ်။ သီးသန့်နေတတ်တဲ့ မိန်းကလေးတွေက သူတို့ကို နားပူနားဆာလုပ်တာလည်း မကြိုက်ပါဘူး။

၎။ အပြင်ထွက်ရင် သူတို့ စိတ်တိုင်းကျဖြစ်ဖို့လိုတယ်

သီးသန့်နေတတ်တဲ့ မိန်းကလေးတွေက အပြင်ကို အကြာကြီးထွက်ရတာ မကြိုက်တဲ့အတွက် အပြင်ကို ခေါ်သွားတဲ့အခါ စောစောပြန်ဖို့ ကြိုစဉ်းစားထားရမယ်။ လူကြားထဲမှာနေရတာ သူစိတ်ညစ်လာပြီဆိုရင် ချက်ချင်းထပြန်နိုင်ဖို့ စဉ်းစားပါ။ ဆက်နေဖို့အတွက် သူ့ကို ဇွတ်အတင်းဖိအားမပေးပါနဲ့။

၅။ အပြင်ထွက်ရတာ ငြီးငွေ့လွန်းသူတွေ

သီးသန့်ဆန်သူတွေက လူတွေနဲ့ တစ်ပတ်လုံး စကားပြောဆို အလုပ်လုပ်ရပြီးတဲ့နောက် စနေတနင်္ဂနွေမှာ အိပ်ရာထဲ အနားယူရင်း ကုန်ဆုံးချင်သူတွေပါ။ ဒါဟာ သူတို့ နေမကောင်းလို့၊ စိတ်ညစ်နေလို့၊ အပျင်းထူလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အပန်းဖြေအနားယူမှုက သင့်လို သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်တာမျိုးမဟုတ်ဘဲ နားအေးပါးအေး တစ်ယောက်တည်း နေချင်တာပါ။ သူနဲ့အတူ နှစ်ယောက်တည်း သင်နေပေးနိုင်ရင်တော့ သူ ပျော်ရွှင်မိမှာ အမှန်ပါပဲ။



Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top