iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ချစ်သူကောင်လေးရှေ့ ရောက်တဲ့အခါပဲဖြစ်ဖြစ်၊ အတူရှိနေချိန်ပဲဖြစ်ဖြစ် မထင်မှတ်ပဲ ပြုမူလိုက်တဲ့ ကိုယ့်လှုပ်ရှားမှု အပြုအမူတွေကြောင့် တစ်ဖက်လူမှာ စိတ်လှုပ်ရှားသွားရတာမျိုး၊ ရင်ခုန်သွားရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို ဖြစ်ဖို့ ကိုယ့်ဘက်က စနစ်တကျလုပ်ဆောင်လိုက်တာမျိုး မဟုတ်ပဲ အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်ပြုမူပုံလေးတွေက ကိုယ့်ကောင်လေးကို ဆွဲဆောင်လိုက်နိုင်တာမျိုးပေါ့။ အဲ့ဒီလို ဆက်စီကျတဲ့ လုပ်ရပ်လေးတွေကတော့

၁။အားလပ်ရက် အတူရှိနေချိန်၊ အပန်းဖြေခရီးအတူသွားချိန်မှာ အဖြူရောင်ရှပ်အကျီ ပွပွကြီး ၀တ်နေတာမျိုး

အထူးတလည် ရွေးချယ်ထားတဲ့ အနက်ရောင်ဂါဝန်က အမျိုးသားတွေကို ဆွဲဆောင်နိုင်သလားဆိုတာ မသေချာပါဘူး။ အဲ့ဒီထက် သေချာတာကတော့ သင်ကပိုကရို ၀တ်ထားတဲ့ အဖြူရောင် ရှပ်အကျီပွပွကြီးတစ်ထည်ပါပဲ။ ဒါ သူတို့အတွက် ဆက်စီဖြစ်တယ်လို့ အမျိုးသားတွေက ဖွင့်ဟထားကြပါတယ်။

၂။သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တာမျိုး

နှစ်ဦးသားဆုံချိန်မှာ စကားပြောနေရင်းနဲ့ သူ့ကို အမှတ်မထင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ခြင်းဟာ တစ်ဖက်လူအတွက် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် ခံစားချက်ကို ပေးစွမ်းလိုက်သလိုပါပဲ။ သင့်ဆီကရတဲ့ ရနံ့လေးတွေကြောင့်သာမက၊ တင်းကျပ်လွန်းတဲ့ ပွေ့ဖက်မှုကြောင့် သူဘယ်လောက် ရင်ခုန်သွားလိမ့်မလဲ။

၃။ဘာရယ်မလုပ် သူ့ပေါင်ကို လက်ကလေးနဲ့ ကစားမိလိုက်တာမျိုး

တစ်ဖက်က ဖုန်းကိုဖွင့်ပြီး ကလိနေတယ်ဆိုရင်တောင် ကျန်တစ်ဖက်က သူ့ကိုမကြည့်ပဲ သူ့ပေါင်ကို မထိတထိကစားလိုက်တာမျိုးကလည်း အမျိုးသားတွေအတွက် ရင်ခုန်စရာတစ်မျိုးပါတဲ့။

၎။ချစ်သူရှေ့မှာ အပျင်းကြောဆန့်လိုက်တာမျိုး

ရင့်ကိုကော့၊ လက်ကိုတန်းပြီး အပျင်းကြောဆန့်လိုက်တာမျိုးဟာ သင့်ချစ်သူကို သင့်ကောက်ကြောင်းအလှကို မြင်ရစေတာမို့ ရင်ခုန်ဖွယ်အခိုက်အတန့်လေးပါပဲ။

၅။သင့်ရဲ့အောက်နှုတ်ခမ်းကို ဖိကိုက်တာမျိုး

ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသားတွေ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြတဲ့ အရာထဲမှာ ခုလို သူတို့ချစ်သူကောင်မလေးတွေ သူတို့ကို ကြည့်ပြီး အောက်နှုတ်ခမ်းကိုက်ပြတာမျိုးဟာ ဆက်စီဖြစ်ပါသတဲ့။

၆။သူ့ရှပ်အကျီလေးကို ၀တ်ထားတာမျိုး

ကိုယ့်ချစ်သူ ကောင်မလေးက ကိုယ့်တီရှပ်၊ ရှပ်အကျီ ၀တ်ထားမယ်ဆိုရင် ဘယ်ယောင်္ကျားသားမဆို သဘောကျနှစ်ခြိုက်ကြမှာပါ။

၇။ချွေးလေးတွေ စို့နေတာမျိုး

တစ်ခါတစ်လေ နေပူလို့၊ ဒါမှမဟုတ် အတူရှိနေချိန် ပူတဲ့နေရာတစ်ခုခုရောက်နေလို့ ကိုယ့်လည်ပင်း၊ လက် စတာတွေမှာ ချွေးဆို့နေတဲ့အခါ ကိုယ်တိုင်က နေရခက်နေပေမယ့် အမျိုးသားတွေအတွက်ကတော့ ဒါဆွဲဆောင်မှုတစ်ခုပဲနော်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top