iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္သြယ္လ်လွပ လိုသူေတြအေနနဲ႔ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ အေထာက္အကူျပဳေစေအာင္ ဘယ္လိုအရာေတြ စားသင့္သလဲ၊ ဘယ္လိုေဖ်ာ္ရည္မ်ဳိးေတြ ေသာက္သံုးသင့္သလဲဆိုတာ ေရြးခ်ယ္ရ ခက္ေနတတ္ပါတယ္။ ဒါေၾကာင့္ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ရာမွာမ်ားစြာ အကူအညီေပးႏိုင္မယ့္ ေဖ်ာ္ရည္ႏွစ္မ်ဳိး ကို ေဖာ္ျပေပးလိုက္ပါတယ္။

1.     လက္ဖက္စိမ္းလက္ဖက္ရည္ႏွင့္ဂ်င္း

        လက္ဖက္စိမ္းလက္ဖက္ရည္တြင္ အစာအလြန္အမင္းစားလိုစိတ္ကို ထိန္းေပးႏုိင္ေသာ သီယာမင္ဓါတ္၊ လန္းဆန္းတတ္ႂကြေစႏုိင္ေသာ ကဖင္းဓာတ္နဲ႔ အဆီစုပ္ယူမႈေလ်ာ့က်ေစႏုိင္ေသာ အင္တီေအာက္ဆီးဒင့္ျဖစ္တဲ့ catechin အစရွိေသာ ဓါတ္သံုးမ်ဳိးနဲ႔ ေပါင္းစပ္ဖြဲ႕စည္းထားတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ ကူညီေပးႏုိင္စြမ္းရွိပါတယ္။

ပါ၀င္ပစၥည္း -  ဂ်င္းမႈန္႔ (လက္ဖက္ရည္ဇြန္းတစ္၀က္စာ)၊ ေရ (250 ml)၊ လက္ဖက္ေျခာက္ (လက္ဖက္ရည္ဇြန္းတစ္ဇြန္း)

ျပဳလုပ္နည္း - ဆူပြက္ေအာင္က်ဳိထားတဲ့ေရထဲသို႔ လက္ဖက္ေျခာက္လက္ဖက္ရည္နဲ႔ ဂ်င္းမႈန္႔ေရာထည့္ၿပီး အခ်ိန္သံုးမိနစ္ခန္႔ထားပါ။ အရသာခ်ဳိခ်ဳိႏွစ္သက္ပါက ပ်ားရည္အနည္းငယ္ကိုထည့္ ကာ ေသာက္သံုးႏိုင္ၿပီး၊ ေန႔စဥ္တစ္ေန႔ 2 ခြက္ေသာက္သံုးေပးႏုိင္ပါတယ္။

2.     ေရွာက္သီးႏွင့္္င႐ုတ္ေကာင္း

        ေရွာက္ေဖ်ာ္ရည္ဟာ ခႏၶာကိုယ္လန္းဆန္းေစႏုိင္တဲ့အျပင္ အစာေျခဖ်က္ရာမွာ ကူညီေပးႏုိင္စြမ္းရွိၿပီး င႐ုတ္ေကာင္းမွာ အဆီသိုေလွာင္ဆဲလ္ကို ဟန္႔တားေပးႏုိင္ေသာ Piperine ဓါတ္ပါရွိပါတယ္။ ဒါေၾကာင့္ေရွာက္သီးနဲ႔ ငရုတ္ေကာင္းႏွစ္မ်ဳိး ေရာစပ္ေဖ်ာ္ရည္ဟာ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ မ်ားစြာအေထာက္အကူျပဳေပးႏုိင္တဲ့ ေသာက္ဖြယ္ရာျဖစ္ပါတယ္။

ပါ၀င္ပစၥည္း  - ေရ (250 ml) ၊ ေရွာက္ရည္ (စားပြဲတင္ဇြန္း 2 ဇြန္း)၊ င႐ုတ္ေကာင္း (လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာ၏ 4 ပံု 1 ပံု)၊

ျပဳလုပ္နည္း - ပါ၀င္ပစၥည္းမ်ားကို ေရာေဖ်ာ္ၿပီး အခိ်ဳႀကိဳက္ပါက ပ်ားရည္အနည္းငယ္ကိုထည့္ကာ အနည္းဆံုးတစ္ေန႔ 2 ႀကိမ္ေသာက္ေပးပါ။

Credit:Drmyanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ခန္ဓာကိုယ်သွယ်လျလှပ လိုသူတွေအနေနဲ့ ကိုယ်အလေးချိန်လျော့ချရာမှာ အထောက်အကူပြုစေအောင် ဘယ်လိုအရာတွေ စားသင့်သလဲ၊ ဘယ်လိုဖျော်ရည်မျိုးတွေ သောက်သုံးသင့်သလဲဆိုတာ ရွေးချယ်ရ ခက်နေတတ်ပါတယ်။ ဒါကြောင့်ကိုယ်အလေးချိန် လျော့ချရာမှာများစွာ အကူအညီပေးနိုင်မယ့် ဖျော်ရည်နှစ်မျိုး ကို ဖော်ပြပေးလိုက်ပါတယ်။

1.     လက်ဖက်စိမ်းလက်ဖက်ရည်နှင့်ဂျင်း

        လက်ဖက်စိမ်းလက်ဖက်ရည်တွင် အစာအလွန်အမင်းစားလိုစိတ်ကို ထိန်းပေးနိုင်သော သီယာမင်ဓါတ်၊ လန်းဆန်းတတ်ကြွစေနိုင်သော ကဖင်းဓာတ်နဲ့ အဆီစုပ်ယူမှုလျော့ကျစေနိုင်သော အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ catechin အစရှိသော ဓါတ်သုံးမျိုးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးနိုင်စွမ်းရှိပါတယ်။

ပါဝင်ပစ္စည်း -  ဂျင်းမှုန့် (လက်ဖက်ရည်ဇွန်းတစ်ဝက်စာ)၊ ရေ (250 ml)၊ လက်ဖက်ခြောက် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း)

ပြုလုပ်နည်း - ဆူပွက်အောင်ကျိုထားတဲ့ရေထဲသို့ လက်ဖက်ခြောက်လက်ဖက်ရည်နဲ့ ဂျင်းမှုန့်ရောထည့်ပြီး အချိန်သုံးမိနစ်ခန့်ထားပါ။ အရသာချိုချိုနှစ်သက်ပါက ပျားရည်အနည်းငယ်ကိုထည့် ကာ သောက်သုံးနိုင်ပြီး၊ နေ့စဉ်တစ်နေ့ 2 ခွက်သောက်သုံးပေးနိုင်ပါတယ်။

2.     ရှောက်သီးနှင့်ငရုတ်ကောင်း

        ရှောက်ဖျော်ရည်ဟာ ခန္ဓာကိုယ်လန်းဆန်းစေနိုင်တဲ့အပြင် အစာခြေဖျက်ရာမှာ ကူညီပေးနိုင်စွမ်းရှိပြီး ငရုတ်ကောင်းမှာ အဆီသိုလှောင်ဆဲလ်ကို ဟန့်တားပေးနိုင်သော Piperine ဓါတ်ပါရှိပါတယ်။ ဒါကြောင့်ရှောက်သီးနဲ့ ငရုတ်ကောင်းနှစ်မျိုး ရောစပ်ဖျော်ရည်ဟာ ကိုယ်အလေးချိန်လျော့ချရာမှာ များစွာအထောက်အကူပြုပေးနိုင်တဲ့ သောက်ဖွယ်ရာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း  - ရေ (250 ml) ၊ ရှောက်ရည် (စားပွဲတင်ဇွန်း 2 ဇွန်း)၊ ငရုတ်ကောင်း (လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၏ 4 ပုံ 1 ပုံ)၊

ပြုလုပ်နည်း - ပါဝင်ပစ္စည်းများကို ရောဖျော်ပြီး အချိုကြိုက်ပါက ပျားရည်အနည်းငယ်ကိုထည့်ကာ အနည်းဆုံးတစ်နေ့ 2 ကြိမ်သောက်ပေးပါ။

Credit:Drmyanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top