iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူတွေ စတင်ဖြစ်သွားခဲ့ကြတဲ့နောက် ပထမဆုံး ချိန်းတွေ့ကြမယ်ဆိုတဲ့နေ့မှာ ဘယ်သွားရမှန်းမသိ ဖြစ်နေတတ်တာ စုံတွဲတိုင်းရဲ့ သဘာဝ ပါ။ အားလုံးရဲ့ ရွေးချယ်မှုကတော့ ၀ိုင်သောက်ရင်း ညစာစားကြမယ် ၊ ဒါမှမဟုတ် ဘား တစ်ခုခုမှာ ဘီယာ သောက်ကြမယ် စသဖြင့် အိုင်ဒီယာ ထုတ်ကြတာ များပါတယ်။ ရည်းစားဖြစ်ကာစ ဆိုတော့လည်း အသောက်အစား လေးပါမှ ပြောလို့ဆိုလို့ ကောင်းမယ် ထင်တတ်ကြလို့ပါ။ တစ်ကယ်တော့ နှစ်ယောက်လုံးအတွက် သက်တောင့်သက်သာ ရှိစေပြီး တစ်ယောက်အကြောင်းတစ်ယောက် ပိုသိသွားစေနိုင်မယ့် ချိန်းတွေ့ပုံ ချိန်းတွေ့နည်းလေးတွေရှိပါတယ်။ အဲဒါတွေကတော့

လမ်းလျှောက်ရတာကြိုက်တယ်ဆိုရင် တိရိစ္ဆာန် ရုံကို သွားပါ

တိရိစ္ဆာန်ရုံတွေဆိုတာဟာ သင့်ရဲ့ ကလေးဆန်နေသေးတဲ့ အတွင်းစိတ်ကို ငြိမ်းချမ်းသွားစေပါတယ်။ တိရိစ္ဆာန်တွေကို လိုက်ကြည့်နေရတာဟာ စိတ်ဝင်စားဖို့လည်း ကောင်းသလို လမ်းလျှောက်ရတယ်ဆိုတာလည်း ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ ကောင်မလေးက ကြောက်တတ်တယ်ဆိုရင်တော့ တိရိစ္ဆာန်ရုံ ရောက်ရောက်ချင်း ယုန်လေးတွေရှိရာကို အရင်ဆုံး သွားဖို့ မမေ့ပါနဲ့။

စာပေကိုချစ်မြတ်နိုးတတ်ရင် စာကြည့်တိုက်ကိုသွားပါ

စာအုပ်ဆိုင်တွေကိုတော့ မေ့ထားလိုက်ပါ။ တကယ် ကဗျာဆန်တဲ့နေရာက စာကြည့်တိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ဆုံး စာအုပ်တွေ ဖလှယ်ရင်း ဆွေးနွေးကြမယ် ဆိုရင် ရည်းစားဖြစ်ကာစကတည်းက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုကို တည်ဆောက်ပြီးသား ဖြစ်သွားမှာပါ။

ယှဉ်ပြိုင်ရတာ နှစ်သက်ရင်တော့ ဂိမ်းစင်တာ ကို သွားပါ

သမီးရည်းစား နှစ်ယောက် ဂိမ်းတူတူဆော့တယ်ဆိုတာ ဘ၀တစ်ခုလုံးစာ ဆက်ပြီး ဘယ်လို ဖြတ်သန်းမယ်ဆိုတဲ့ ပုံရိပ် ကို ထင်ဟပ်စေပါတယ်။ ဘ၀ ဆိုတာလည်း ဂိမ်းလိုပါပဲ။ အပြိုင်အဆိုင် အခက်အခဲတွေကို ဖြတ်သန်းမှ အောင်မြင်တာပါ။

တိတ်ဆိတ်နေတာမှ သဘောကျရင် သချိုင်း တစ်ခုခုကို သွားပါ

အုတ်ဂူ တွေ တောင်ပုံယာပုံ နဲ့ လက်တွေ့ အသုဘ ချရတဲ့ ခြောက်ခြားဖွယ် သချိုင်းကုန်းမျိုး ကို ဆိုလိုတာ မဟုတ်ပါဘူး။ အလှအပတွေနဲ့ ဂုဏ်ပြုထားတဲ့ စစ်သချိုင်း ၊ အထိမ်းအမှတ်ကျောက်တိုင် ၊ အုတ်ဂူ စတာတွေကို သွားရောက် လေ့လာခြင်းဟာလည်း ကဗျာဆန်တဲ့ ချိန်းတွေ့ခြင်း တစ်မျိုးပါပဲ။ အဲဒီ သမိုင်းကြောင်းတွေရဲ့  ဆန်းကြယ်မှုက သင်တို့ စုံတွဲ ရဲ့  ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ ကြည်နူးမှုတွေဖြစ်စေမှာပါ။


Credit: Trend Myanmar
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top