iMyanmarHouse.com - Best Property Website for Myanmar
×

အေရျပား ယားယံျခင္းဟာ ပတ္ဝန္းက်င္မွာ ေတြ႕ေလ့ေတြ႕ထ ရွိတဲ့ က်န္းမာေရး ျပႆနာတစ္ခု ျဖစ္တယ္။

ခႏၶာကိုယ္ အေရျပားနဲ႔ အေရျပားေအာက္ရွိ အာ႐ံုေၾကာငယ္ေတြ အထိမခံႏိုင္ေအာင္ ျဖစ္ေစတဲ့အထိ ယားယံ ျခင္းမ်ဳိးကို ခံစားရတတ္တယ္။ အာ႐ံုေၾကာငယ္ အထိမခံ ျဖစ္လာရင္ နာလာတယ္။ ယားယံတာ ကလည္း တစ္ေနရာတည္းမွာ ျဖစ္တယ္။ ဒါ့အျပင္ ဝဲ၊ ယားနာမ်ား ေပါက္လို႔ ခႏၶာကိုယ္အႏွံ႔ ယားယံျခင္းလည္း ျဖစ္တတ္တယ္။ ေျခေခ်ာင္းမ်ား အၾကား၊ လက္ဖဝါး၊ ေျခဖဝါးမ်ား အၾကား၊ တံေတာင္ဆစ္၊ ေပါင္ၿခံတစ္ဝိုက္ ေတြမွာ ယားယံ တတ္တယ္။ ဝဲစုိနဲ႔ ဝဲေျခာက္ ႏွစ္မ်ဳိးရွိၿပီး ႏွစ္မ်ဳိးလံုးဟာ ကူးစက္ တတ္တယ္။

ဝဲယားနာ

ဝဲေရာဂါဟာ ကမ်ဥ္းနီ ပိုးေကာင္ငယ္၊ မႈိ(ဖန္းဂပ္) တစ္မ်ဳိး ျဖစ္တယ္။ အေရျပားေပၚမွာ ေပါက္ပြားႀကီးထြား လာျခင္း၊ မစင္စြန္႔ရာ ေျမက်င္းတူးရာမွ အေရျပားေပၚမွာ ယားယံျခင္း ခံစားရတယ္။ မတည့္တဲ့ အစားအစာ မ်ားစားမိရင္ အဖုအပိမ့္မ်ား ထြက္ျခင္း၊ ပန္းနာရင္က်ပ္ျခင္း၊ ယားယံျခင္းေတြ ျဖစ္တတ္တယ္။

ဆီးခ်ဳိ

ဆီးခ်ဳိေရာဂါ ရွိသူရဲ႕ ကုိယ္တြင္းမွာ သန္ေကာင္ေန ရွိရင္ ယားယံ တတ္တယ္။ သည္းေျချပြန္ေပါက္ ပိတ္ၿပီး မ်က္လံုး ဝါလာျခင္း၊ အသား ဝါလာျခင္း၊ ယားယံျခင္း၊ အင္ျပင္ ထျခင္း၊ မခံမရပ္ႏိုင္ေအာင္ ဗိုက္ေအာင့္ျခင္း တို႔ ျဖစ္တတ္တယ္။ သည္းေျခဆား (Bile Sults) မ်ား အူထဲ မဆင္းႏုိင္ေတာ့လို႔ ေသြးေၾကာမ်ားထဲကို ျပန္႔ႏွံ႕ၿပီး တစ္ကိုယ္လံုး ယားယံျခင္းေတြ ျဖစ္ေပၚတတ္တယ္။ သည္းေျခ ေက်ာက္မ်ား၊ သန္ေကာင္မ်ား ပိတ္ဆုိ႔ျခင္းေၾကာင့္ ကင္ဆာ ျဖစ္ႏုိင္တယ္။

ေဟာ္မုန္းဓာတ္ခ်ဳိ႕တဲ့

အမ်ဳိးသမီးေတြ ကေလး မီးဖြားခါနီးမွာ ယားယံေလ့ ရွိတယ္။ အသက္အရြယ္ ႀကီးလို႔ ေသြးဆံုးခ်ိန္ နီးရင္လည္း ေဟာ္မုန္းဓာတ္ ခ်ဳိ႕တဲ့တဲ့ အခါ ယားယံေလ့ ရွိတယ္။

ေပြး၊ ဝဲ၊ ႏွင္းခူ

ေပြး၊ ဝဲ၊ ႏွင္းခူတို႔ လက္ေခ်ာင္း၊ ေျခေခ်ာင္း၊ ခ်ဳိင္း၊ ေပါင္ၿခံမွာ ေပါက္ရင္ မခံမရပ္ႏုိင္ေအာင္ ယားယံ တတ္တယ္။ ၾကမ္းပိုး ကိုက္ျခင္း၊ ပင့္ကူလွ်ပ္ျခင္း၊ မိတ္ထြက္ျခင္းေတြ ကလည္း ယားယံ တတ္တယ္။ အထူး သျဖင့္ အလြန္ပူျပင္းတဲ့ ေႏြအခါ၊ ခရမ္းလြန္ေရာင္ျခည္ဒဏ္ ခံရတဲ့ အေရျပားမ်ား အညိဳအမည္းစြဲၿပီး ယားယံ တတ္တယ္။

မိန္းမကိုယ္ ယားယံျခင္း

အမ်ဳိးသမီး အေတာ္မ်ားမ်ားမွာ ေတြ႕ရၿပီး သားေမြးလမ္းေၾကာင္း တစ္ေလွ်ာက္ ထ႐ိုင္ခုိမိုနပ္ (Trichomonura) ေရာဂါေၾကာင့္ အျဖဴဆင္းၿပီး ယားယံေစတယ္။ တစ္ကိုယ္ရည္ သန္႔ရွင္းမႈ အားနည္းၿပီး ေဆးဝါး သံုးစြဲမႈ မရွိေသာ မိန္းမမ်ားမွာ အေတြ႕မ်ားတယ္။

စအိုဝ ယားယံျခင္း

စအိုဝ ယားယံျခင္းမွာ ေခြၽးထြက္လြန္ကဲျခင္း၊ မစင္စြန္႔ၿပီး စအိုဝ စင္က်ယ္ေအာင္ မေဆးျခင္း၊ အူထဲမွာ သန္ေကာင္ ရွိျခင္းတို႔ဟာ စအုိဝ ယားယံေစတယ္။ တုတ္ေကာင္ စြဲကပ္ရင္ ညဘက္မွာ စအိုအျပင္ ထြက္လာ တတ္တဲ့ အတြက္ အလြယ္တကူ ဖမ္းလို႔ ရႏုိင္တယ္။ လူတိုင္း ႏွစ္စဥ္ တစ္ႏွစ္မွာ သန္ခ်ေဆး ႏွစ္ႀကိမ္ ေသာက္သင့္ ပါတယ္။

ယားယံတဲ့အခါ မကုတ္မိေအာင္

ယားယံတဲ့အခါ မကုတ္မိေအာင္ ေျခသည္း၊ လက္သည္း အရွည္မထားရပါ။ အိပ္ေပ်ာ္ေနစဥ္ ကုတ္မိတတ္တဲ့ အတြက္ တတ္ႏိုင္သေလာက္ အေရျပား ယားနာေရာဂါမ်ား မျဖစ္ပြား မျပန္႔ႏွံ႔ေစဖို႔ တစ္ကိုယ္ေရ သန္႔ရွင္းေရး ဂ႐ု စိုက္သင့္တယ္။ အေရျပား အထူးကု သို႔မဟုတ္ တတ္ကြၽမ္းေသာ ဆရာဝန္နဲ႔ ျပသင့္တယ္။

ယားယံျခင္း မျဖစ္ရန္

ယားယံျခင္း မျဖစ္ေစဖို႔ ခႏၶာကိုယ္ အေရျပားကို သန္႔ရွင္းစြာ ထားရမယ္။ မိတ္ဖု ေပါက္ရင္ ဘာစေကဘီ သို႔မဟုတ္ မဲဇင္ကယ္ေဆး လိမ္းေပးႏုိင္တယ္။

ပါးလႊာၿပီး ေလဝင္ေလထြက္ ေကာင္းတဲ့ အဝတ္အထည္မ်ားကို ဝတ္သင့္တယ္။ ေန႔စဥ္ ေရမွန္မွန္ခ်ဳိး၊ ေျခာက္ေအာင္သုတ္၊ ေဆးလိမ္း၊ ဝဲေဆး၊ ဘာစေကဘီ၊ စကီနာ စသည္ျဖင့္ လိမ္းၿပီး သန္ခ်ေဆး ေသာက္သင့္တယ္။

အမ်ဳိးသမီးမ်ားဟာ တင္းက်ပ္တဲ့ အဝတ္အစားေတြ မဝတ္သင့္ဘူး။ အဝတ္အစား အသစ္ဆိုရင္ ေလွ်ာ္ၿပီးမွ ဝတ္သင့္တယ္။ ထ႐ိုင္ခုိမုိနပ္ ေရာဂါျဖစ္ရင္ မက္ထ႐ုိတေဆး သုိ႔မဟုတ္ ဆရာဝန္ၫႊန္တဲ့ ေဆး သံုးႏိုင္တယ္။ တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ ျပသၿပီး ၫႊန္ၾကားခ်က္ ခံယူ သင့္ပါတယ္။ ။

Credit : Lwin Pyin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

အရေပြား ယားယံခြင်းဟာ ပတ်ဝန်းကျင်မှာ တွေ့လေ့တွေ့ထ ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်တယ်။

ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်တွေ အထိမခံနိုင်အောင် ဖြစ်စေတဲ့အထိ ယားယံ ခြင်းမျိုးကို ခံစားရတတ်တယ်။ အာရုံကြောငယ် အထိမခံ ဖြစ်လာရင် နာလာတယ်။ ယားယံတာ ကလည်း တစ်နေရာတည်းမှာ ဖြစ်တယ်။ ဒါ့အပြင် ဝဲ၊ ယားနာများ ပေါက်လို့ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တတ်တယ်။ ခြေချောင်းများ အကြား၊ လက်ဖဝါး၊ ခြေဖဝါးများ အကြား၊ တံတောင်ဆစ်၊ ပေါင်ခြံတစ်ဝိုက် တွေမှာ ယားယံ တတ်တယ်။ ဝဲစိုနဲ့ ဝဲခြောက် နှစ်မျိုးရှိပြီး နှစ်မျိုးလုံးဟာ ကူးစက် တတ်တယ်။

ဝဲယားနာ

ဝဲရောဂါဟာ ကမျဉ်းနီ ပိုးကောင်ငယ်၊ မှို(ဖန်းဂပ်) တစ်မျိုး ဖြစ်တယ်။ အရေပြားပေါ်မှာ ပေါက်ပွားကြီးထွား လာခြင်း၊ မစင်စွန့်ရာ မြေကျင်းတူးရာမှ အရေပြားပေါ်မှာ ယားယံခြင်း ခံစားရတယ်။ မတည့်တဲ့ အစားအစာ များစားမိရင် အဖုအပိမ့်များ ထွက်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ်တယ်။

ဆီးချို

ဆီးချိုရောဂါ ရှိသူရဲ့ ကိုယ်တွင်းမှာ သန်ကောင်နေ ရှိရင် ယားယံ တတ်တယ်။ သည်းခြေပြွန်ပေါက် ပိတ်ပြီး မျက်လုံး ဝါလာခြင်း၊ အသား ဝါလာခြင်း၊ ယားယံခြင်း၊ အင်ပြင် ထခြင်း၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း တို့ ဖြစ်တတ်တယ်။ သည်းခြေဆား (Bile Sults) များ အူထဲ မဆင်းနိုင်တော့လို့ သွေးကြောများထဲကို ပြန့်နှံ့ပြီး တစ်ကိုယ်လုံး ယားယံခြင်းတွေ ဖြစ်ပေါ်တတ်တယ်။ သည်းခြေ ကျောက်များ၊ သန်ကောင်များ ပိတ်ဆို့ခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်တယ်။

ဟော်မုန်းဓာတ်ချို့တဲ့

အမျိုးသမီးတွေ ကလေး မီးဖွားခါနီးမှာ ယားယံလေ့ ရှိတယ်။ အသက်အရွယ် ကြီးလို့ သွေးဆုံးချိန် နီးရင်လည်း ဟော်မုန်းဓာတ် ချို့တဲ့တဲ့ အခါ ယားယံလေ့ ရှိတယ်။

ပွေး၊ ဝဲ၊ နှင်းခူ

ပွေး၊ ဝဲ၊ နှင်းခူတို့ လက်ချောင်း၊ ခြေချောင်း၊ ချိုင်း၊ ပေါင်ခြံမှာ ပေါက်ရင် မခံမရပ်နိုင်အောင် ယားယံ တတ်တယ်။ ကြမ်းပိုး ကိုက်ခြင်း၊ ပင့်ကူလျှပ်ခြင်း၊ မိတ်ထွက်ခြင်းတွေ ကလည်း ယားယံ တတ်တယ်။ အထူး သဖြင့် အလွန်ပူပြင်းတဲ့ နွေအခါ၊ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတဲ့ အရေပြားများ အညိုအမည်းစွဲပြီး ယားယံ တတ်တယ်။

မိန်းမကိုယ် ယားယံခြင်း

အမျိုးသမီး အတော်များများမှာ တွေ့ရပြီး သားမွေးလမ်းကြောင်း တစ်လျှောက် ထရိုင်ခိုမိုနပ် (Trichomonura) ရောဂါကြောင့် အဖြူဆင်းပြီး ယားယံစေတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းပြီး ဆေးဝါး သုံးစွဲမှု မရှိသော မိန်းမများမှာ အတွေ့များတယ်။

စအိုဝ ယားယံခြင်း

စအိုဝ ယားယံခြင်းမှာ ချွေးထွက်လွန်ကဲခြင်း၊ မစင်စွန့်ပြီး စအိုဝ စင်ကျယ်အောင် မဆေးခြင်း၊ အူထဲမှာ သန်ကောင် ရှိခြင်းတို့ဟာ စအိုဝ ယားယံစေတယ်။ တုတ်ကောင် စွဲကပ်ရင် ညဘက်မှာ စအိုအပြင် ထွက်လာ တတ်တဲ့ အတွက် အလွယ်တကူ ဖမ်းလို့ ရနိုင်တယ်။ လူတိုင်း နှစ်စဉ် တစ်နှစ်မှာ သန်ချဆေး နှစ်ကြိမ် သောက်သင့် ပါတယ်။

ယားယံတဲ့အခါ မကုတ်မိအောင်

ယားယံတဲ့အခါ မကုတ်မိအောင် ခြေသည်း၊ လက်သည်း အရှည်မထားရပါ။ အိပ်ပျော်နေစဉ် ကုတ်မိတတ်တဲ့ အတွက် တတ်နိုင်သလောက် အရေပြား ယားနာရောဂါများ မဖြစ်ပွား မပြန့်နှံ့စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရု စိုက်သင့်တယ်။ အရေပြား အထူးကု သို့မဟုတ် တတ်ကျွမ်းသော ဆရာဝန်နဲ့ ပြသင့်တယ်။

ယားယံခြင်း မဖြစ်ရန်

ယားယံခြင်း မဖြစ်စေဖို့ ခန္ဓာကိုယ် အရေပြားကို သန့်ရှင်းစွာ ထားရမယ်။ မိတ်ဖု ပေါက်ရင် ဘာစကေဘီ သို့မဟုတ် မဲဇင်ကယ်ဆေး လိမ်းပေးနိုင်တယ်။

ပါးလွှာပြီး လေဝင်လေထွက် ကောင်းတဲ့ အဝတ်အထည်များကို ဝတ်သင့်တယ်။ နေ့စဉ် ရေမှန်မှန်ချိုး၊ ခြောက်အောင်သုတ်၊ ဆေးလိမ်း၊ ဝဲဆေး၊ ဘာစကေဘီ၊ စကီနာ စသည်ဖြင့် လိမ်းပြီး သန်ချဆေး သောက်သင့်တယ်။

အမျိုးသမီးများဟာ တင်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်သင့်ဘူး။ အဝတ်အစား အသစ်ဆိုရင် လျှော်ပြီးမှ ဝတ်သင့်တယ်။ ထရိုင်ခိုမိုနပ် ရောဂါဖြစ်ရင် မက်ထရိုတဆေး သို့မဟုတ် ဆရာဝန်ညွှန်တဲ့ ဆေး သုံးနိုင်တယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက် ခံယူ သင့်ပါတယ်။ ။

Credit : Lwin Pyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top