iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ဳိေမေတြတိုင္း လစဥ္ပံုမွန္ႀကံဳေတြ႕ရေလ့ရွိတဲ့ ဓမၼတာလာခ်ိန္မွာ စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္ရာ နာက်င္ကိုက္ခဲမႈ ေ၀ဒနာမ်ားကိုခံစားရေလ့ရွိတဲ့အတြက္ နာက်င္ကိုက္ခဲမႈေ၀ဒနာမ်ားကို သက္သာေစဖို႔အစားအစာမ်ားကို အထူးဂ႐ုျပဳ စားေသာက္ဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ ရာသီလာခ်ိန္မွာ ေရြးခ်ယ္စားေသာက္သင့္ေသာ အစားအစာ ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

1.       အစိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ား

        ကိုက္လန္၊ ဟင္းႏုႏြယ္၊ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္၊ အစိမ္းေရာင္အရြက္မ်ားစြာပါေသာ ဟင္းသီးဟင္းရြက္မ်ားဟာ ရာသီလာခ်ိန္တြင္ လြန္စြာလိုအပ္တဲ့သတၱဳဓာတ္ကို ျဖည့္တင္းေပးႏုိင္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္ႂကြ၀စြာ ပါ၀င္တာေၾကာင့္ စူးစူးရွရွခံစားရတဲ့ေ၀ဒနာမ်ားကိုလည္း သက္သာေစႏုိင္ပါတယ္။

2.       အနီေရာင္အသား

        အနီေရာင္အသားေတြျဖစ္တဲ့ ၾကက္သား၊ အမဲသား၊ ၀က္သား၊ ဆိတ္သားစတာေတြမွာ သံဓာတ္အျပည့္ အ၀ပါ၀င္ပါတယ္။ ဒါေၾကာင့္ သံဓာတ္ခ်ဳိ႕တဲ့ျခင္းေၾကာင့္ ေသြးအားနည္းျခင္းမွ ကာကြယ္ဖို႔အတြက္ အနီေရာင္ အသားမ်ားမ်ားစားေပးသင့္ပါတယ္။

3.       ပဲအမ်ဳိးမ်ဳိး၊ ပဲေတာင့္အမ်ဳိးမ်ဳိး၊ ပဲနီကေလး

        ပဲမ်ဳိးႏြယ္၀င္ေတြကလည္း သံဓာတ္ရရွိႏုိင္တဲ့ အေကာင္းဆံုးအစားအစာရင္းျမစ္ေတြပဲျဖစ္ပါတယ္။ ဒါ့အျပင္ ပ႐ိုတင္းဓာတ္နဲ႔ အမွ်င္ဓာတ္ေတြ မ်ားစြာပါ၀င္ၿပီး မေကာင္းတဲ့ကိုလက္စထေရာေတြ ပါ၀င္မႈမရွိပါဘူး။

4.       ပင္လယ္စာ

        အိုမီဂါ ၃ ဖက္တီးအက္ဆစ္ဟာ ရာသီလာစဥ္ ဗုိက္နာျခင္းကို သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။ ဒါေၾကာင့္ အိုမီဂါ ၃ ဖက္တီးအက္ဆစ္ပါ၀င္တဲ့ ေဆာ္လမြန္ငါး၊ တူနာငါး၊ ဆာဒင္းငါး၊ ပုစြန္ထုပ္၊ ပုစြန္ဆိတ္၊ ကမာ၊ ျပည္ႀကီးငါး၊ ဂဏန္းစေသာ ပင္လယ္စာမ်ားကို စားသံုးေပးသင့္ပါတယ္။

5.       အခြံမာသီးမ်ားႏွင့္အေစ့အဆန္မ်ား

        အခြံမာသီးမ်ား၊ အေစ့အဆန္မ်ားဟာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အိုမီဂါ ၃ ဖက္တီးအက္ဆစ္ ကိုျဖည့္စြက္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ယင္းအစားအစာမ်ားကိုမျဖစ္မေန ေရြးခ်ယ္စားသံုးေပးသင့္ပါတယ္။

6.       ေကာက္ႏွံတစ္ခုလံုးပါ၀င္စာ

        ေကာက္ႏွံတစ္ခုလံုးပါ၀င္စာေတြျဖစ္တဲ့ ဆန္လံုးညိဳ၊ ေပါင္မုန္႔ၾကမ္း၊ ေခါက္ဆြဲ၊ အျခားဂ်ံဳနဲ႔ျပဳလုပ္ထားေသာ အစားအစာမ်ားစတာေတြမွာ အမွ်င္ဓာတ္မ်ားစြာပါ၀င္ၿပီး ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ေတြနဲ႔ ၾကြယ္၀တာေၾကာင့္ ရာသီလာစဥ္မွာ ဂ႐ုျပဳၿပီးစားသံုးေပးသင့္ပါတယ္။ ဒါ့အျပင္ ဗိုက္ေအာင့္ျခင္း၊ ပင္ပန္းႏြမ္းလ်ျခင္းနဲ႔ အျခားေသာရာသီလာခ်ိန္တြင္ ျဖစ္ေလ့ရွိတဲ့ ေရာဂါလကၡဏာေတြကိုလည္း သက္သာေစပါတယ္။

7.       ေခ်ာကလက္

        ေခ်ာကလက္တြင္ အာ႐ံုေၾကာစနစ္ကို မ်ားစြာအေထာက္အကူျပဳေပးႏုိင္တဲ့ ဓာတ္မ်ားစြာပါ၀င္ၿပီး စိတ္ခံစား ခ်က္ကိုတိုးတက္ေကာင္းမြန္ေစႏိုင္တာေၾကာင့္ ရာသီစက္၀န္းအတြင္း ျဖစ္ေလ့ရွိတဲ့ နာက်င္ကိုက္ခဲမႈေ၀ဒနာမ်ားကို သက္သာေလ်ာ့ပါးေစႏုိင္ပါတယ္။

8.       သစ္သီးမ်ား

        သစ္သီးေတြမွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြမ်ားစြာပါ၀င္ပါတယ္။ ငွက္ေပ်ာသီး၊ ေထာပတ္သီး၊ ဘယ္ရီသီး၊ လိေမၼာ္သီးေတြက စိတ္ခံစားခ်က္ကိုေကာင္းမြန္ေစပါတယ္။

9.       ေရ

        ေရဟာ ရာသီလာခ်ိန္မွာ ဆံုး႐ံႈးသြားတဲ့ေရဓာတ္ေတြကို ျပန္လည္ျဖည့္တင္းေပးႏုိင္ပါတယ္။ ကယ္လိုရီပါ၀င္ မႈမရွိတာေၾကာင့္ ကိုယ္အေလးခ်ိန္တက္ျခင္းမွလည္း ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ေကာ္ဖီ၊ လက္ဖက္ရည္ေတြ ကဲ့သို႔ကဖင္းဓာတ္ပါ၀င္မႈမရွိတာေၾကာင့္ ႂကြက္တက္ျခင္းမွလည္း ကင္းေ၀းေစႏုိင္ပါတယ္။

Credit:Drmyanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode


ပျိုမေတွေတိုင်း လစဉ်ပုံမှန်ကြုံတွေ့ရလေ့ရှိတဲ့ ဓမ္မတာလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ နာကျင်ကိုက်ခဲမှု ဝေဒနာများကိုခံစားရလေ့ရှိတဲ့အတွက် နာကျင်ကိုက်ခဲမှုဝေဒနာများကို သက်သာစေဖို့အစားအစာများကို အထူးဂရုပြု စားသောက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ရွေးချယ်စားသောက်သင့်သော အစားအစာ တွေကို ဖော်ပြပေးလိုက်ပါတယ်။

1.       အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

        ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင်အရွက်များစွာပါသော ဟင်းသီးဟင်းရွက်များဟာ ရာသီလာချိန်တွင် လွန်စွာလိုအပ်တဲ့သတ္တုဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ကြွဝစွာ ပါဝင်တာကြောင့် စူးစူးရှရှခံစားရတဲ့ဝေဒနာများကိုလည်း သက်သာစေနိုင်ပါတယ်။

2.       အနီရောင်အသား

        အနီရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ အမဲသား၊ ဝက်သား၊ ဆိတ်သားစတာတွေမှာ သံဓာတ်အပြည့် အဝပါဝင်ပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းမှ ကာကွယ်ဖို့အတွက် အနီရောင် အသားများများစားပေးသင့်ပါတယ်။

3.       ပဲအမျိုးမျိုး၊ ပဲတောင့်အမျိုးမျိုး၊ ပဲနီကလေး

        ပဲမျိုးနွယ်ဝင်တွေကလည်း သံဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံးအစားအစာရင်းမြစ်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး မကောင်းတဲ့ကိုလက်စထရောတွေ ပါဝင်မှုမရှိပါဘူး။

4.       ပင်လယ်စာ

        အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဟာ ရာသီလာစဉ် ဗိုက်နာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ပုစွန်ထုပ်၊ ပုစွန်ဆိတ်၊ ကမာ၊ ပြည်ကြီးငါး၊ ဂဏန်းစသော ပင်လယ်စာများကို စားသုံးပေးသင့်ပါတယ်။

5.       အခွံမာသီးများနှင့်အစေ့အဆန်များ

        အခွံမာသီးများ၊ အစေ့အဆန်များဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကိုဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါကြောင့် ယင်းအစားအစာများကိုမဖြစ်မနေ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

6.       ကောက်နှံတစ်ခုလုံးပါဝင်စာ

        ကောက်နှံတစ်ခုလုံးပါဝင်စာတွေဖြစ်တဲ့ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ ခေါက်ဆွဲ၊ အခြားဂျုံနဲ့ပြုလုပ်ထားသော အစားအစာများစတာတွေမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကြွယ်ဝတာကြောင့် ရာသီလာစဉ်မှာ ဂရုပြုပြီးစားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းနဲ့ အခြားသောရာသီလာချိန်တွင် ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

7.       ချောကလက်

        ချောကလက်တွင် အာရုံကြောစနစ်ကို များစွာအထောက်အကူပြုပေးနိုင်တဲ့ ဓာတ်များစွာပါဝင်ပြီး စိတ်ခံစား ချက်ကိုတိုးတက်ကောင်းမွန်စေနိုင်တာကြောင့် ရာသီစက်ဝန်းအတွင်း ဖြစ်လေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာများကို သက်သာလျော့ပါးစေနိုင်ပါတယ်။

8.       သစ်သီးများ

        သစ်သီးတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီးတွေက စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။

9.       ရေ

        ရေဟာ ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ကယ်လိုရီပါဝင် မှုမရှိတာကြောင့် ကိုယ်အလေးချိန်တက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကော်ဖီ၊ လက်ဖက်ရည်တွေ ကဲ့သို့ကဖင်းဓာတ်ပါဝင်မှုမရှိတာကြောင့် ကြွက်တက်ခြင်းမှလည်း ကင်းဝေးစေနိုင်ပါတယ်။

Credit:Drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top