iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun



#Unicode

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဂျေဘီဟာ မိန်းကလေးတွေနဲ့ ကစားရတာ ဝသွားပြီ ထင်ပါတယ်။


ဂျက်စတင်ဘီဘာဟာ ထရမ်စဖော်မာ မင်းသမီး နီကိုလာပက်စ်နဲ့ ဒိတ်လုပ်ခဲ့ပြီးတဲ့နောက် သူဟာ ဘဝကို အခြေတကျ ဖြစ်ချင်ပြီဆိုတဲ့ သတင်း ထွက်လာခဲ့တာပါ။


ဂျက်စတင်ဟာ နီကိုလာကို အသေအလဲ ကြွေနေပြီး သူမနဲ့ ဒိတ်လုပ်ရတာ ပျော်နေတယ်လို့ ဆိုပါတယ်။


"သူက ဘဝကို အခြေတကျနဲ့ ချစ်သူတစ်ယောက် ရှိချင်နေပြီ။ တည်တည်ငြိမ်ငြိမ်နေတာ သူ့အတွက် ကောင်းလိမ့်မယ်လို့ သူခံစားနေရတယ်" လို့ ဂျေဘီနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။


ဂျေဘီဟာ ဆယ်လီနာဂိုးမက်စ်နဲ့ ဆက်လိုက်ပြတ်လိုက်နဲ့ အကြိမ်ကြိမ်ဖြစ်နေခဲ့ပြီး ဆယ်လီနာက သူ့အပေါ် ချစ်စိတ်မပြယ်သေးကြောင်း အကြိမ်ကြိမ် သက်သေတွေ ပြခဲ့ပါတယ်။ ဒါ့အပြင် ဂျေဘီရဲ့ Purpose ကမ္ဘာလှည့် ဖျော်ဖြေပွဲကို လော့ဆန်းဂျလိစ်မှာ ကျင်းပခဲ့စဉ်က ဆယ်လီနာ အားပေးခဲ့ပြီး နှစ်လအကြာမှာ ဂျေဘီက အခြေတကျ နေထိုင်ဖို့ စဉ်းစားနေပါပြီ။ ဒါပေမဲ့ အဲဒါဟာ ဆယ်လီနာနဲ့ မဟုတ်ဘူး ဆိုတော့....


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top