iMyanmarHouse.com - Best Property Website for Myanmar
×

အ႐ြယ္ေရာက္သူ အမ်ိဳးသမီးတိုင္း ေစ်းဝယ္ထြက္တဲ့အခါ မၾကာခဏ ဝယ္ရတဲ့အရာက ဘရာစီယာ ျဖစ္ပါတယ္။ ကုိယ္နဲ႔သင့္ေတာ္မယ့္ ဘရာစီယာကို ဝယ္ယူျခင္းဟာ လြယ္ကူတယ္လို႔ ထင္စရာ

ရွိေပမယ့္ အမ်ိဳးသမီးတိုင္းလိုလို ဒီေနရာမွာ အမွားလုပ္တတ္ၾကပါတယ္။အမ်ိဳးသမီးအမ်ားစု ဘရာစီယာဝယ္ယူရာမွာ မွားေလ့ရွိတဲ့ အမွား (၇) ခုရွိပါတယ္။

၁။ Band size (ခါးဆိုက္ဒ္ဟုေခၚၾက) ႀကီးႀကီးဝယ္ျခင္း

အတိုးအေလ်ာ့လုပ္လို႔ရတယ္ဆိုေပမယ့္ ခါးဆုိက္ ႀကီးႀကီးဝယ္လိုက္တဲ့အခါ ရင္သားနဲ႔ အံမဝင္ပဲျဖစ္တတ္ပါတယ္။ ဥပမာ ရင္သားက ေသးေနၿပီး ခါးဆိုက္က်ယ္တာ ဝယ္မယ္ဆိုရင္ အံဝင္ခြင္က် ျဖစ္မွာ မဟုတ္ေတာ့ပါဘူး

၂။ cup size မွားျခင္း

ကုိယ့္ရဲ႕ ရင္သားပံုစံနဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ ဒီဇိုင္းကိုသာ ေ႐ြးသင့္ပါတယ္။ ဒီဇိုင္းအလွအပေနာက္ သိပ္မလုိက္ပါနဲ႔။ ရင္သားပံုစံ အမ်ိဳးမ်ိဳးရွိတဲ့အတြက္ ဘရာစီယာဒီဇိုင္း အမ်ိဳးမ်ိဳး လာပါတယ္။ ရင္သားကို အျပည့္ဖံုးေပးႏိုင္တဲ့ ဒီဇိုင္း၊ push-up လုပ္ေပးႏုိင္တဲ့ဒီဇိုင္း စသျဖင့္ ကိုယ္ရဲ႕ ပံုစံနဲ႔ အဆင္ေျပတာကိုသာ ေ႐ြးရမွာပါ။

၃။ ေရပန္စားသမွ် ဝယ္ျခင္း

ဘာေတြ ေရပန္းစားေနလဲဆိုၿပီး ေရပန္စားတဲ့ ဒီဇိုင္းေတြ လိုက္ဝယ္ေနလို႔ အဆင္မေျပႏုိင္ပါဘူး။ ဥပမာ သင္က တီရွပ္အဝတ္မ်ားသူဆိုရင္ တီရွပ္နဲ႔ တြဲဝတ္ဖို႔ ဒီဇိုင္းသပ္သပ္ထုတ္ထားတာမ်ိဳး ရွိပါတယ္။ သင္ဝတ္တဲ့အဝတယ္အစားကို လုိက္ၿပီး ၾကည့္ေကာင္းဖို႔နဲ႔ သက္ေသာင့္သက္သာျဖစ္တာကို ေ႐ြးခ်ယ္ရမွာမွာပါ။ သူမ်ားေတြ ဘာဝတ္ေနလဲ စိတ္မဝင္စားပါနဲ႔။

၄။ ဆိုက္နံပတ္ တစ္မ်ိဳးကို အၿမဲဝယ္ေနျခင္း

လြန္ခဲ့တဲ့ ဆယ္ႏွစ္ကလည္း ဒီဆိုက္နံပတ္ပဲ ဝတ္ခဲ့တာျဖစ္တဲ့အတြက္ အခုလည္း ဒီနံပတ္ပဲ ဝယ္ေနတာမ်ိဳး မလုပ္ပါနဲ႔။ မွန္ထဲမွာ ေသခ်ာျပန္စစ္ေဆးၾကည့္ပါ။ ကၽြမ္းက်င္သူေတြကေတာ့ ကိုယ့္ရဲ႕ ဘရာစီယာဆိုက္ကို ေျခာက္လတစ္ႀကိမ္ စစ္သင့္တယ္လို႔ ဆိုပါတယ္။ ဂ်ိဳင္းသားေတြထြက္ေနတာမ်ိဳး ျဖစ္ေနၿပီဆိုရင္ သင္ဆိုက္ေျပာင္းဝယ္ဖို႔ စဥ္းစားသင့္ပါၿပီ။

၅။ ခႏၶာကိုယ္ႏွင့္ တိုင္းဝယ္ျခင္း


ကိုယ့္ရဲ႕ ခႏၶာကိုယ္က ဝသလား၊ ပိန္သလားဆိုတာအေပၚ ၾကည့္ၿပီး ဘရာစီယာကို ဝယ္ယူတတ္ၾကပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္နဲ႔ ဘရာစီယာ ဆိုက္၊ ပံုစံက တိုက္႐ိုက္အခ်ိဳး မက်ႏုိင္ပါဘူး။ သင့္ရဲ႕ ရင္သားအ႐ြယ္အစားနဲ႔ ပံုစံအေပၚသာ အဓိကထားၿပီး ဝယ္ယူပါ။ ဥပမာ ပုခံုးက်ဥ္းတဲ့ မိန္းကေလးေတြဆို ေနာက္ေက်ာမွာ ႀကိဳးသိုင္းပါတဲ့ ဒီဇိုင္းေတြ ေ႐ြးခ်ယ္သင့္တယ္လို႔ ကၽြမ္းက်င္သူေတြက အႀကံျပဳပါတယ္။

၆။ ဆိုက္မမွန္တာ ဝယ္ယူျခင္း

ကိုယ္ေ႐ြးခ်ယ္မယ့္ ဒီဇိုင္းနဲ႔ ပံုစံထဲမွာ ကိုယ္နဲ႔ေတာ္တဲ့ ဆိုက္မရွိတာမ်ိဳး၊ ကုန္ေနတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ အဲဒီအခါ အနီးအဆံုးဆိုုက္ကို ေ႐ြးခ်ယ္လိုက္တတ္ၾကပါတယ္။ ဒါမ်ိဳး မလုပ္သင့္ပါဘူး။

တစ္ႀကိမ္၊ ႏွစ္ႀကိမ္ ဝတ္ၿပီးတဲ့အခါ ရင္သားနာက်င္တာမ်ိဳး ခံစားရတတ္ပါတယ္။ ဆိုင္က ဝန္ထမ္းကိုေခၚၿပီး အကူအညီနဲ႔ အႀကံဉာဏ္ေတြ ရယူပါ။

၇။ ေစ်းေပါတာဝယ္ျခင္း

ဒီဇိုင္းကေတာ့ လွခ်င္လွေနပါလိမ့္မယ္။ ဒါေပမယ့္ ေစ်းေပါတဲ့ ပစၥည္းေတြကို ဝယ္မိတဲ့ အက်ိဳးေက်းဇူးက ရက္သတၱပတ္ အနည္းငယ္ၾကာတဲ့အခါ သိလာပါလိမ့္မယ္။ က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

 အရွယ်ရောက်သူ အမျိုးသမီးတိုင်း ဈေးဝယ်ထွက်တဲ့အခါ မကြာခဏ ဝယ်ရတဲ့အရာက ဘရာစီယာ ဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်မယ့် ဘရာစီယာကို ဝယ်ယူခြင်းဟာ လွယ်ကူတယ်လို့ ထင်စရာ

ရှိပေမယ့် အမျိုးသမီးတိုင်းလိုလို ဒီနေရာမှာ အမှားလုပ်တတ်ကြပါတယ်။အမျိုးသမီးအများစု ဘရာစီယာဝယ်ယူရာမှာ မှားလေ့ရှိတဲ့ အမှား (၇) ခုရှိပါတယ်။

၁။ Band size (ခါးဆိုက်ဒ်ဟုခေါ်ကြ) ကြီးကြီးဝယ်ခြင်း

အတိုးအလျော့လုပ်လို့ရတယ်ဆိုပေမယ့် ခါးဆိုက် ကြီးကြီးဝယ်လိုက်တဲ့အခါ ရင်သားနဲ့ အံမဝင်ပဲဖြစ်တတ်ပါတယ်။ ဥပမာ ရင်သားက သေးနေပြီး ခါးဆိုက်ကျယ်တာ ဝယ်မယ်ဆိုရင် အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်တော့ပါဘူး

၂။ cup size မှားခြင်း

ကိုယ့်ရဲ့ ရင်သားပုံစံနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဒီဇိုင်းကိုသာ ရွေးသင့်ပါတယ်။ ဒီဇိုင်းအလှအပနောက် သိပ်မလိုက်ပါနဲ့။ ရင်သားပုံစံ အမျိုးမျိုးရှိတဲ့အတွက် ဘရာစီယာဒီဇိုင်း အမျိုးမျိုး လာပါတယ်။ ရင်သားကို အပြည့်ဖုံးပေးနိုင်တဲ့ ဒီဇိုင်း၊ push-up လုပ်ပေးနိုင်တဲ့ဒီဇိုင်း စသဖြင့် ကိုယ်ရဲ့ ပုံစံနဲ့ အဆင်ပြေတာကိုသာ ရွေးရမှာပါ။

၃။ ရေပန်စားသမျှ ဝယ်ခြင်း

ဘာတွေ ရေပန်းစားနေလဲဆိုပြီး ရေပန်စားတဲ့ ဒီဇိုင်းတွေ လိုက်ဝယ်နေလို့ အဆင်မပြေနိုင်ပါဘူး။ ဥပမာ သင်က တီရှပ်အဝတ်များသူဆိုရင် တီရှပ်နဲ့ တွဲဝတ်ဖို့ ဒီဇိုင်းသပ်သပ်ထုတ်ထားတာမျိုး ရှိပါတယ်။ သင်ဝတ်တဲ့အဝတယ်အစားကို လိုက်ပြီး ကြည့်ကောင်းဖို့နဲ့ သက်သောင့်သက်သာဖြစ်တာကို ရွေးချယ်ရမှာမှာပါ။ သူများတွေ ဘာဝတ်နေလဲ စိတ်မဝင်စားပါနဲ့။

၄။ ဆိုက်နံပတ် တစ်မျိုးကို အမြဲဝယ်နေခြင်း

လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း ဒီဆိုက်နံပတ်ပဲ ဝတ်ခဲ့တာဖြစ်တဲ့အတွက် အခုလည်း ဒီနံပတ်ပဲ ဝယ်နေတာမျိုး မလုပ်ပါနဲ့။ မှန်ထဲမှာ သေချာပြန်စစ်ဆေးကြည့်ပါ။ ကျွမ်းကျင်သူတွေကတော့ ကိုယ့်ရဲ့ ဘရာစီယာဆိုက်ကို ခြောက်လတစ်ကြိမ် စစ်သင့်တယ်လို့ ဆိုပါတယ်။ ဂျိုင်းသားတွေထွက်နေတာမျိုး ဖြစ်နေပြီဆိုရင် သင်ဆိုက်ပြောင်းဝယ်ဖို့ စဉ်းစားသင့်ပါပြီ။

၅။ ခန္ဓာကိုယ်နှင့် တိုင်းဝယ်ခြင်း


ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဝသလား၊ ပိန်သလားဆိုတာအပေါ် ကြည့်ပြီး ဘရာစီယာကို ဝယ်ယူတတ်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်နဲ့ ဘရာစီယာ ဆိုက်၊ ပုံစံက တိုက်ရိုက်အချိုး မကျနိုင်ပါဘူး။ သင့်ရဲ့ ရင်သားအရွယ်အစားနဲ့ ပုံစံအပေါ်သာ အဓိကထားပြီး ဝယ်ယူပါ။ ဥပမာ ပုခုံးကျဉ်းတဲ့ မိန်းကလေးတွေဆို နောက်ကျောမှာ ကြိုးသိုင်းပါတဲ့ ဒီဇိုင်းတွေ ရွေးချယ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

၆။ ဆိုက်မမှန်တာ ဝယ်ယူခြင်း

ကိုယ်ရွေးချယ်မယ့် ဒီဇိုင်းနဲ့ ပုံစံထဲမှာ ကိုယ်နဲ့တော်တဲ့ ဆိုက်မရှိတာမျိုး၊ ကုန်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ အနီးအဆုံးဆိုက်ကို ရွေးချယ်လိုက်တတ်ကြပါတယ်။ ဒါမျိုး မလုပ်သင့်ပါဘူး။

တစ်ကြိမ်၊ နှစ်ကြိမ် ဝတ်ပြီးတဲ့အခါ ရင်သားနာကျင်တာမျိုး ခံစားရတတ်ပါတယ်။ ဆိုင်က ဝန်ထမ်းကိုခေါ်ပြီး အကူအညီနဲ့ အကြံဉာဏ်တွေ ရယူပါ။

၇။ ဈေးပေါတာဝယ်ခြင်း

ဒီဇိုင်းကတော့ လှချင်လှနေပါလိမ့်မယ်။ ဒါပေမယ့် ဈေးပေါတဲ့ ပစ္စည်းတွေကို ဝယ်မိတဲ့ အကျိုးကျေးဇူးက ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ သိလာပါလိမ့်မယ်။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

Credit : Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top