iMyanmarHouse.com - Best Property Website for Myanmar
×

တန္ဖုိးဆုိတာ သိတဲ့သူအတြက္သာ တန္ဖုိးရွိပါတယ္။ မသိတဲ့သူအတြက္ေတာ့ ဘယ္ေလာက္ပဲ အဖုိးထုိက္တန္တဲ့ ရတနာတုံးႀကီးျဖစ္ေနပါေစ သာမာန္ေက်ာက္ခဲေက်ာက္တုန္းေလာက္သာ ထင္ၿပီး တန္ဖုိးမဲ့တတ္ပါတယ္။ ဒီေတာ့ ကုိယ့္ကုိယ္ကုိ တန္ဖုိးသိဖုိ႔လုိပါတယ္။ ကုိယ့္တန္ဖုိး ကုိယ္မသိသူေတြဟာ ေအာက္ပါအျပဳအမူေတြကို ျပဳမူေလ့ရွိၾကပါတယ္။

(၁) အျခားသူမ်ားကုိ မ်က္ႏွာလုိမ်က္ႏွာရလုပ္မိျခင္း

အတန္းထဲမွာ/အလုပ္မွာ သင္တုိ႔ နီးစပ္တဲ့ ပတ္၀န္းက်င္တစ္ခုခုမွာ အဲဒီလုိလူမ်ိဳးေတြကုိ မၾကာခဏေတြ႕ဖူးပါလိမ့္မယ္။ ဆရာမကုိ လြန္လြန္က်ဴးက်ဴး မ်က္ႏွာလုပ္သူ၊ အလုပ္ရွင္ကုိ အရမ္းကာေရာ ေဖာ္လံဖားသူ၊ ရပ္ကြက္လူႀကီးကို သိသိသာသာ အေရးေပးဆက္ဆံသူေတြေပါ့။ ဒီလူေတြဟာ ကုိယ့္တန္းဖုိး ကုိယ့္ Roll ကုိယ္ မသိသူေတြေပါ့။

(၂) တစ္ျခားသူမ်ားနဲ႔ အၿမဲႏႈိင္းယွဥ္ေနမိျခင္း

အဲဒီလူေတြဟာ အၿမဲလုိလုိ ကုိ္ယ့္ကိုယ္ကုိ အလုိမက်ဘူးျဖစ္ေနတတ္ပါတယ္။ တစ္စုံတစ္ေယာက္ကမ်ား သူ႕ထက္ႏွာတစ္ဖ်ားသာသြားရင္ စိတ္ထဲ ဘယ္လုိႀကီးမွန္းမသိ ေနမထိထုိင္မသာ အေခ်ာင္ေနအကုသုိလ္ပြားေနတဲ့ လူမ်ိဳးေတြေပါ့။

(၃) ရပ္တည္ခ်က္ခုိင္မာမႈမရွိျခင္း

သူတုိ႔မွာ ဘာရပ္တည္ခ်က္ရယ္လုိ႕ တိတိက်က် သတ္မွတ္ထားတာမ်ိဳးမရွိပါဘူး။ နီးရာလူကို ဖားၿပီး ေနရာေကာင္းယူမယ္၊ ႀကီးတဲ့သူကုိ ကပ္ၿပီး ရာထူးတက္ေအာင္ လုပ္မယ္ … ဒီသေဘာေလာက္ပဲ စိတ္ထဲထားပါတယ္။

(၅) ေစာဒကတက္ျခင္းကုိ မႏွစ္ၿမိဳ႕ျခင္း

ဒီလုိ သေဘာထားခုိင္ခုိင္မာမာမရွိေတာ့ လုပ္ငန္းခြင္လုိေနရာမ်ိဳးမွာ အဖားေကာင္းလုိ႔ မန္ေနဂ်ာရာထူးရထားသည့္တုိင္လုပ္ငန္းနဲ႔ပတ္သက္တဲ့ လုပ္ထုံးလုပ္နည္းေတြ အျပည့္အ၀နားမလည္ပါဘူး။ ဒီေတာ့ ေရာက္လာသမွ် ေစာဒကေတြကုိေျပလည္ေအာင္ေျဖရွင္းဖုိ႔ထက္၊ မသိဘူး၊ မဟုတ္ဘူး၊ မမွန္ဘူး-ေလာက္သာ ေျဖတတ္သူေတြ ျဖစ္ပါတယ္။

(၆) ၾကာရွည္ဟန္မေဆာင္တတ္ျခင္း

အဲဒီလုိ ရာထူးႀကီးႀကီးေနရာေတြ ရထားလည္း သိပ္ၿပီး ၾကာရွည္ေလ့မရွိပါဘူး။ ဘာေၾကာင့္ဆုိ ကုိယ့္ကုိယ္ကုိ တန္ဖုိးမထားတတ္သူအဖုိ႔ သူေရာက္ေနတဲ့ေနရာနဲ႔ မထုိက္တန္ေၾကာင္းကို အထက္လူႀကီး စသူေတြက မၾကာခင္မွာ သိသြားေလ့ရွိတာပါဘဲ။ ဒီေတာ့ အျမင့္ေနရာမွာ သူတုိ႔တစ္ေတြဟာ တည္ၿမဲေလ့မရွိပါဘူး။

(၇) သေဘာထားမတုိက္ဆုိင္တုိင္း ပုဂၢိဳလ္ေရးတုိက္ခုိက္မႈလုိ႔ ျမင္ေနျခင္း

ကိုယ္နဲ႔သေဘာထားမတုိက္ဆုိင္တုိင္း ရန္သူလုိ႔ ျမင္တယ္၊ ကုိယ္သာအမွန္၊ ဘယ္သူမွ မမွန္ႏိုုင္ဘူးလုိ႔ ယူဆသူေတြ ျဖစ္တယ္။ ကပ်က္ယပ်က္လုပ္သူေတြဆုိရင္ တစ္သက္လုံး ရန္သူလုိ႔ စိတ္ထဲမွတ္ထားေတာ့တယ္။

Credit : Lwin Pyin


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

တန်ဖိုးဆိုတာ သိတဲ့သူအတွက်သာ တန်ဖိုးရှိပါတယ်။ မသိတဲ့သူအတွက်တော့ ဘယ်လောက်ပဲ အဖိုးထိုက်တန်တဲ့ ရတနာတုံးကြီးဖြစ်နေပါစေ သာမာန်ကျောက်ခဲကျောက်တုန်းလောက်သာ ထင်ပြီး တန်ဖိုးမဲ့တတ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို တန်ဖိုးသိဖို့လိုပါတယ်။ ကိုယ့်တန်ဖိုး ကိုယ်မသိသူတွေဟာ အောက်ပါအပြုအမူတွေကို ပြုမူလေ့ရှိကြပါတယ်။

(၁) အခြားသူများကို မျက်နှာလိုမျက်နှာရလုပ်မိခြင်း

အတန်းထဲမှာ/အလုပ်မှာ သင်တို့ နီးစပ်တဲ့ ပတ်ဝန်းကျင်တစ်ခုခုမှာ အဲဒီလိုလူမျိုးတွေကို မကြာခဏတွေ့ဖူးပါလိမ့်မယ်။ ဆရာမကို လွန်လွန်ကျူးကျူး မျက်နှာလုပ်သူ၊ အလုပ်ရှင်ကို အရမ်းကာရော ဖော်လံဖားသူ၊ ရပ်ကွက်လူကြီးကို သိသိသာသာ အရေးပေးဆက်ဆံသူတွေပေါ့။ ဒီလူတွေဟာ ကိုယ့်တန်းဖိုး ကိုယ့် Roll ကိုယ် မသိသူတွေပေါ့။

(၂) တစ်ခြားသူများနဲ့ အမြဲနှိုင်းယှဉ်နေမိခြင်း

အဲဒီလူတွေဟာ အမြဲလိုလို ကိုယ့်ကိုယ်ကို အလိုမကျဘူးဖြစ်နေတတ်ပါတယ်။ တစ်စုံတစ်ယောက်ကများ သူ့ထက်နှာတစ်ဖျားသာသွားရင် စိတ်ထဲ ဘယ်လိုကြီးမှန်းမသိ နေမထိထိုင်မသာ အချောင်နေအကုသိုလ်ပွားနေတဲ့ လူမျိုးတွေပေါ့။

(၃) ရပ်တည်ချက်ခိုင်မာမှုမရှိခြင်း

သူတို့မှာ ဘာရပ်တည်ချက်ရယ်လို့ တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ နီးရာလူကို ဖားပြီး နေရာကောင်းယူမယ်၊ ကြီးတဲ့သူကို ကပ်ပြီး ရာထူးတက်အောင် လုပ်မယ် … ဒီသဘောလောက်ပဲ စိတ်ထဲထားပါတယ်။

(၅) စောဒကတက်ခြင်းကို မနှစ်မြို့ခြင်း

ဒီလို သဘောထားခိုင်ခိုင်မာမာမရှိတော့ လုပ်ငန်းခွင်လိုနေရာမျိုးမှာ အဖားကောင်းလို့ မန်နေဂျာရာထူးရထားသည့်တိုင်လုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ အပြည့်အဝနားမလည်ပါဘူး။ ဒီတော့ ရောက်လာသမျှ စောဒကတွေကိုပြေလည်အောင်ဖြေရှင်းဖို့ထက်၊ မသိဘူး၊ မဟုတ်ဘူး၊ မမှန်ဘူး-လောက်သာ ဖြေတတ်သူတွေ ဖြစ်ပါတယ်။

(၆) ကြာရှည်ဟန်မဆောင်တတ်ခြင်း

အဲဒီလို ရာထူးကြီးကြီးနေရာတွေ ရထားလည်း သိပ်ပြီး ကြာရှည်လေ့မရှိပါဘူး။ ဘာကြောင့်ဆို ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်သူအဖို့ သူရောက်နေတဲ့နေရာနဲ့ မထိုက်တန်ကြောင်းကို အထက်လူကြီး စသူတွေက မကြာခင်မှာ သိသွားလေ့ရှိတာပါဘဲ။ ဒီတော့ အမြင့်နေရာမှာ သူတို့တစ်တွေဟာ တည်မြဲလေ့မရှိပါဘူး။

(၇) သဘောထားမတိုက်ဆိုင်တိုင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ မြင်နေခြင်း

ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တိုင်း ရန်သူလို့ မြင်တယ်၊ ကိုယ်သာအမှန်၊ ဘယ်သူမှ မမှန်နိုင်ဘူးလို့ ယူဆသူတွေ ဖြစ်တယ်။ ကပျက်ယပျက်လုပ်သူတွေဆိုရင် တစ်သက်လုံး ရန်သူလို့ စိတ်ထဲမှတ်ထားတော့တယ်။


Credit : Lwin Pyin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top