iMyanmarHouse.com - Best Property Website for Myanmar
×

အာလူးေတြဟာ ကမၻာေပၚမွာ စတုတၳေျမာက္ အမ်ားဆံုး စားသံုးၾကတဲ့ သီးႏွံျဖစ္ပါတယ္။ အာလူးကို ေထာပတ္နဲ႔ ေရာနယ္ၿပီးျဖစ္ေစ၊ ဒိန္ခဲနဲ႔ျဖစ္ေစ၊ ဆီနဲ႔ေၾကာ္ၿပီး ျဖစ္ေစ စားသံုးပါက ကိုယ္အေလးခ်ိန္တက္ျခင္း၊ ဆီးခ်ဳိနဲ႔ ႏွလံုးေရာဂါ တို႔ကိုေတာင္ ျဖစ္ပြားေစႏိုင္ပါတယ္။ ဒါေပမဲ့လည္း အထက္ပါ အစားအစာမ်ားနဲ႔ မေရာစပ္ဘဲ စားပါက အာဟာရ ျပည့္၀ေစၿပီး က်န္းမာတဲ့ အစားအစာ ျဖစ္လာပါတယ္။ အလယ္အလတ္ အရြယ္အစားရွိတဲ့ အာလူးဖုတ္တစ္လံုးမွာ ကယ္လိုရီ (၁၁၀) သာ ပါ၀င္ပါတယ္။

၁။ အ႐ိုးက်န္းမာေရး

          အာလူးေတြမွာ ပါ၀င္တဲ့ သံဓာတ္၊ ကယ္လ္ဆီယမ္၊ Phosphorous ၊ Magnesiume နဲ႔ zinc ဓာတ္မ်ားဟာ အ႐ိုးတည္ေဆာက္မႈနဲ႔ ႀကံ႕ခိုင္မႈကို ထိန္းသိမ္းေပးပါတယ္။

၂။ ေသြးဖိအား

          အာလူးမွာ ပါ၀င္တဲ့ potassium၊ ကယ္လ္ဆီယမ္နဲ႔ Magnesium ဓာတ္မ်ားက ေသြးဖိအားကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၃။ ႏွလံုးက်န္းမာေရး

          အာလူးရဲ႕ ဖိုက္ဘာဓာတ္၊ Potassium ဓာတ္၊ Vitamin-C နဲ႔ B6  ပါ၀င္မႈ၊ ကိုလက္စထေရာ မပါ၀င္မႈတို႔ အားလံုးဟာ ႏွလံုးက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

၄။ ေရာင္ရမ္းကိုက္ခဲျခင္း

          အာလူးမွာပါ၀င္တဲ့ choline ဓာတ္က အိပ္စက္ျခင္း၊ ႂကြက္သား လႈပ္ရွားမႈ၊ သင္ယူျခင္းနဲ႔ မွတ္ၪာဏ္တို႔ကို ကူညီအားျပဳပါတယ္။ ဒါ့အျပင္ နာတာရွည္ ေရာင္ရမ္း ကိုက္ခဲျခင္းမ်ားကိုလည္း သက္သာ ေစပါတယ္။

၅။ ကင္ဆာ

          အာလူးမွာ DNA ျပဳျပင္ေရး လုပ္ငန္းစဥ္ကို ေဆာင္ရြက္ေပးတဲ့ folate လုိ႔ေခၚတဲ့ ဓာတ္တစ္မ်ဳိး ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ကင္ဆာဆဲလ္မ်ား ျဖစ္ေပၚျခင္းကို ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။

၆။ အစာေခ်ဖ်က္ျခင္း

          ဖိုက္ဘာဓာတ္ ပါ၀င္တာေၾကာင့္ အာလူးမ်ားဟာ ၀မ္းခ်ဳပ္ျခင္းကို ကာကြယ္ၿပီး အစာေခ်ဖ်က္ျခင္း လုပ္ငန္းစဥ္ကို မွန္ကန္ေစပါတယ္။

၇။ ကိုယ္အေလးခ်ိန္ ထိန္းျခင္း

          အထက္မွာ ေျပာခဲ့သလိုပဲ အာလူးရဲ႕ ဖိုက္ဘာဓာတ္ေတြဟာ အစာေခ်ဖ်က္ျခင္းကို မွန္ကန္ေစလို႔ ကိုယ္အေလးခ်ိန္ကို ထိန္းေပးႏိုင္ပါတယ္။ ဒါ့အျပင္ အာလူးဟာ ဗိုက္ျပည့္ေစလို႔ အစာစားခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္။

၈။ အသားအေရ

          ကိုလဂ်င္ (Collagen) က အေရျပားကိုမ်ားစြာ အေထာက္အကူျပဳပါတယ္။ အာလူးမွာ ပါ၀င္တဲ့ ကယ္လ္ဆီယမ္က ကိုလဂ်င္ကို တစ္ဖန္ ေထာက္ပံ့ေပးပါတယ္။ ဒါ့ေၾကာင့္ အာလူးစားရင္ ေနေလာင္ျခင္း၊ အသားအေရတြန္႔ျခင္း စသည္တို႔ကို တားဆီးေပးတာ ျဖစ္ပါတယ္။

သတိျပဳရန္

          - အာလူးေၾကာ္နဲ႔ အာလူး ေခ်ာင္းေၾကာ္ေတြ ကေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္ပါ။

          - ပုပ္ေနေသာ အာလူးမ်ား၊ အေညႇာင့္ထြက္ေနေသာ အာလူးမ်ား၊ အစိမ္းေရာင္ သမ္းေနေသာ အာလူးမ်ားကို လံုး၀ မစားသံုးသင့္ပါ။

          - အာလူးမ်ားကို ေမွာင္မည္း ေျခာက္ေသြ႕ေသာ ေနရာမ်ားတြင္သာ သိုေလွာင္ သိမ္းဆည္းပါ။ ေရခဲ ေသတၱာမ်ားတြင္ ထည့္ထားျခင္း၊ ေနေရာင္ရေသာ ေနရာမ်ားတြင္ ထားရွိျခင္းကို ေရွာင္ပါ။

          - အာလူးကို အပူခ်ိန္(၁၂၀) ဒီဂရီ စင္တီဂရိတ္ႏွင့္ အထက္ အပူေပးၿပီး ခ်က္ျပဳတ္ စားသံုးပါက acrylamide လို႔ေခၚတဲ့ ဓာတ္တစ္မ်ဳိး ထြက္လာတတ္ပါတယ္။ ၎ဓာတ္ကို ပလတ္စတစ္၊ ေကာ္၊ ဆိုးေဆးနဲ႔ စီးကရက္ေငြ႕မ်ားမွာ ေတြ႕ရၿပီး ကင္ဆာေရာဂါ အမ်ဳိးမ်ဳိးကို ျဖစ္ပြားေစႏိုင္ပါတယ္။ အာလူးေၾကာ္မ်ားမွာ ၎ဓာတ္ ပါ၀င္ေနတာေၾကာင့္ ေရွာင္ႏိုင္ရင္ အေကာင္းဆံုးပါပဲ။

Credit:Messenger

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အာလူးတွေဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အများဆုံး စားသုံးကြတဲ့ သီးနှံဖြစ်ပါတယ်။ အာလူးကို ထောပတ်နဲ့ ရောနယ်ပြီးဖြစ်စေ၊ ဒိန်ခဲနဲ့ဖြစ်စေ၊ ဆီနဲ့ကြော်ပြီး ဖြစ်စေ စားသုံးပါက ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါ တို့ကိုတောင် ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမဲ့လည်း အထက်ပါ အစားအစာများနဲ့ မရောစပ်ဘဲ စားပါက အာဟာရ ပြည့်ဝစေပြီး ကျန်းမာတဲ့ အစားအစာ ဖြစ်လာပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ အာလူးဖုတ်တစ်လုံးမှာ ကယ်လိုရီ (၁၁၀) သာ ပါဝင်ပါတယ်။

၁။ အရိုးကျန်းမာရေး

          အာလူးတွေမှာ ပါဝင်တဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်၊ Phosphorous ၊ Magnesiume နဲ့ zinc ဓာတ်များဟာ အရိုးတည်ဆောက်မှုနဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးပါတယ်။

၂။ သွေးဖိအား

          အာလူးမှာ ပါဝင်တဲ့ potassium၊ ကယ်လ်ဆီယမ်နဲ့ Magnesium ဓာတ်များက သွေးဖိအားကို လျှော့ချပေးနိုင်ပါတယ်။

၃။ နှလုံးကျန်းမာရေး

          အာလူးရဲ့ ဖိုက်ဘာဓာတ်၊ Potassium ဓာတ်၊ Vitamin-C နဲ့ B6  ပါဝင်မှု၊ ကိုလက်စထရော မပါဝင်မှုတို့ အားလုံးဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၄။ ရောင်ရမ်းကိုက်ခဲခြင်း

          အာလူးမှာပါဝင်တဲ့ choline ဓာတ်က အိပ်စက်ခြင်း၊ ကြွက်သား လှုပ်ရှားမှု၊ သင်ယူခြင်းနဲ့ မှတ်ဉာဏ်တို့ကို ကူညီအားပြုပါတယ်။ ဒါ့အပြင် နာတာရှည် ရောင်ရမ်း ကိုက်ခဲခြင်းများကိုလည်း သက်သာ စေပါတယ်။

၅။ ကင်ဆာ

          အာလူးမှာ DNA ပြုပြင်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးတဲ့ folate လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာဆဲလ်များ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

၆။ အစာချေဖျက်ခြင်း

          ဖိုက်ဘာဓာတ် ပါဝင်တာကြောင့် အာလူးများဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာချေဖျက်ခြင်း လုပ်ငန်းစဉ်ကို မှန်ကန်စေပါတယ်။

၇။ ကိုယ်အလေးချိန် ထိန်းခြင်း

          အထက်မှာ ပြောခဲ့သလိုပဲ အာလူးရဲ့ ဖိုက်ဘာဓာတ်တွေဟာ အစာချေဖျက်ခြင်းကို မှန်ကန်စေလို့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် အာလူးဟာ ဗိုက်ပြည့်စေလို့ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

၈။ အသားအရေ

          ကိုလဂျင် (Collagen) က အရေပြားကိုများစွာ အထောက်အကူပြုပါတယ်။ အာလူးမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်က ကိုလဂျင်ကို တစ်ဖန် ထောက်ပံ့ပေးပါတယ်။ ဒါ့ကြောင့် အာလူးစားရင် နေလောင်ခြင်း၊ အသားအရေတွန့်ခြင်း စသည်တို့ကို တားဆီးပေးတာ ဖြစ်ပါတယ်။

သတိပြုရန်

          - အာလူးကြော်နဲ့ အာလူး ချောင်းကြော်တွေ ကတော့ ကျန်းမာရေးနဲ့ မညီညွတ်ပါ။

          - ပုပ်နေသော အာလူးများ၊ အညှောင့်ထွက်နေသော အာလူးများ၊ အစိမ်းရောင် သမ်းနေသော အာလူးများကို လုံး၀ မစားသုံးသင့်ပါ။

          - အာလူးများကို မှောင်မည်း ခြောက်သွေ့သော နေရာများတွင်သာ သိုလှောင် သိမ်းဆည်းပါ။ ရေခဲ သေတ္တာများတွင် ထည့်ထားခြင်း၊ နေရောင်ရသော နေရာများတွင် ထားရှိခြင်းကို ရှောင်ပါ။

          - အာလူးကို အပူချိန်(၁၂၀) ဒီဂရီ စင်တီဂရိတ်နှင့် အထက် အပူပေးပြီး ချက်ပြုတ် စားသုံးပါက acrylamide လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ထွက်လာတတ်ပါတယ်။ ၎င်းဓာတ်ကို ပလတ်စတစ်၊ ကော်၊ ဆိုးဆေးနဲ့ စီးကရက်ငွေ့များမှာ တွေ့ရပြီး ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ အာလူးကြော်များမှာ ၎င်းဓာတ် ပါဝင်နေတာကြောင့် ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။

Credit:Messenger


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top