iMyanmarHouse.com - Best Property Website for Myanmar
×

ဝက်ခြံ၊ တင်းတိပ်ပျောက် သည့် တိုင်းရင်းဆေးဝါးများသုံးစွဲ မည်ဆိုလျှင် သတိပြုသုံးစွဲရန်လို အပ်ကြောင်း အထွေထွေရောဂါ ကု ဆရာဝန်ဒေါက်တာ ဇာနည် ဇင်က ပြောသည်။

ဝက်ခြံ၊ တင်းတိပ် ပျောက် သည်ဟု ကြော်ငြာသည့် တိုင်းရင်းဆေးကို သုံးစွဲရင်းမျက်နှာ ရောင်ကိုင်းပြီး ဆေးခန်း လာပြသည့်လူနာများ မကြာခဏ တွေ့နေရကြောင်း ၎င်းက ဆိုသည်။

‘‘တိုင်းရင်းဆေးတွေ သုံးစွဲ မယ်ဆိုရင် သေချာဂရုပြုပြီးသုံးဖို့ လိုတယ်။ တချို့တိုင်းရင်းဆေး တွေသုံးပြီး မျက်နှာရောင်ကိုင်း တာတွေ ခဏခဏဖြစ်နေပြီး ဆေးခန်းကိုလာပြကြတယ်။ မျက်နှာ ရောင်ကိုင်းတာက စတီရွိုက်ဆေးတွေပါနေလား စဉ်းစားရမယ်။ တချို့ဆေးတွေက တိုင်းရင်းဆေးဝါးမှတ်ပုံတင်တုန်းက ဖော်မြူလာတစ်မျိုး၊ ဈေးကွက်ထဲဖြန့်တော့ ဖော်မြူလာတစ်မျိုးဖြစ်နေရင် မကောင်းဘူးပေါ့’’ ဟု ဒေါက်တာ ဇာနည်ဇင်က ဆိုသည်။

ထို့ပြင် ပတ်ဝန်းကျင်၌ တစ်ဦးနှင့် တစ်ဦးနှုတ်ဖြင့် ဆေးဝါးညွှန်း ခြင်းများ မပြုလုပ်သင့်ကြောင်း အွန်လိုင်း အပါအ၀င် မီဒီယာများ၌ ကြော်ငြာနေသည့် ဆေးဝါးများကိုလည်း အလွယ်တကူယုံကြည်၍ မသုံးစွဲသင့်ကြောင်း ၎င်းက ပြော သည်။ တိုင်းရင်းဆေး မဟုတ်၊ အင်္ဂလိပ်ဆေးလည်းမဟုတ်သည့် ဆေးဝါးမှတ်ပုံတင် မပါဘဲ ဈေးကွက်ထဲသို့ ဖြန့်ဖြူးရောင်းချနေသည့် ဆေးဝါးများရှိသဖြင့် ပြည်သူများသုံးစွဲရာတွင် သတိပြုသင့်ကြောင်း၊ မြန်မာ ဆေးမှုန့်ထုပ်များသောက်ပြီး ချက်ချင်းရောဂါပျောက်သည်ဟု ဆိုလျှင် ဆေးဝါးအရည်အသွေးကို သတိထားစုံစမ်းသင့်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဆိုသည်။

 တိုင်းရင်းဆေးဝါးများကို ဘေးဥပဒ်ကင်းစွာ သုံးစွဲနိုင်ရန် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် ကြော် ငြာခြင်းများတွင် စိစစ်ကြပ်မတ်မှု များလုပ်ဆောင်လျက်ရှိကြောင်း၊ ထိုကဲ့သို့ စစ်ဆေးကြပ်မတ်မှုများ ပြုလုပ်နေသော်လည်း လွတ်သွားသည့် နေရာများရှိနိုင်သဖြင့် ပြည်သူများက သတင်းအချက်အလက်များ ပေးပို့နိုင်ကြောင်း နေပြည်တော် တိုင်းရင်းဆေးပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်ရီရီမြင့်က ပြောသည်။

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top