iMyanmarHouse.com - Best Property Website for Myanmar
×





Credit: 7 Day Daily



#Unicode

အမေရိကန် အဆိုတော် တေလာဆွစ်ဖ် (၂၆)နှစ်နှင့်စကော့တလန် ဒီဂျေကေဗင်ဟားရစ် (၃၂)နှစ်တို့ လမ်းခွဲလိုက်ကြကြောင်း ယင်းကိစ္စကို သိထားသည့် သတင်းရင်းမြစ်တစ်ခုက USA TODAY သတင်းသို့ အတည်ပြုပြောကြားသည်။

သို့သော် ၎င်းတို့နှစ်ဦးလမ်းခွဲကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ တေလာဆွစ်ဖ်နှင့် ကေဗင်ဟားရစ်တို့သည် (၁၅) လခန့် ချစ်ကြိုက်ခဲ့ကြသည်။ ပြီးခဲ့သည့်မတ်လအတွင်း ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး ခရီးထွက်နေပုံများကို Instagram တွင် ဖော်ပြခဲ့သည်။

အမည်ရင်း အဒမ်စီးစ်ဟုခေါ် သည့် ဟားရစ်သည် မကြာသေးမီက လော့စ်အန်ဂျလိစ်မြို့တွင် ယာဉ်မတော်တဆဖြစ်၍ ဒဏ်ရာရရှိခဲ့သည်။

၎င်းသည် မေလ၁၈ရက်တွင် ပြုလုပ်မည့် လာ့စ်ဗီးဂတ်စ်မြို့ ဖျော်ဖြေပွဲသို့သွားရန် လေဆိပ်သို့ဆင်းစဉ် ဆယ်ကျော်သက်များစီးလာသော ကားတစ်စီးနှင့် ဟားရစ်၏ ကားတိုက်မိခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် Vogue မဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်းမှုအတွင်း တေလာဆွစ်ဖ်က အိမ်ထောင်ပြုရန် မစဉ်းစားသေးဟု ပြောကြားခဲ့သည်။

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top