iMyanmarHouse.com - Best Property Website for Myanmar
×

ဇြန္လ ၂၁ ရက္ညက ဒဗၺလင္ၿမိဳ႕ ေဖ်ာ္ေျဖပြဲသို႔ နာရီ ဝက္ေနာက္က်ၿပီးမွ ေရာက္လာ ေသာ အဆုိေတာ္ရီဟားနားသည္ Love The Way You Lie သီခ်င္းကို ေဖ်ာ္ေျဖစဥ္ စင္ျမင့္ ထက္၌ ေၾကကြဲသံမ်ားျဖင့္ မ်က္ ရည္က်ခဲ့ၿပီး အေၾကာင္းအရာ တစ္စံုတစ္ခုေၾကာင့္ စိတ္လႈပ္ရွားသြားခဲ့ပံုရသည္။

၎၏ ANTI World Tour ေဖ်ာ္ေျဖေရးအစီအစဥ္၏ တစ္ စိတ္တစ္ပိုင္းအျဖစ္ အုိင္ယာလန္ ႏိုင္ငံ အဗီဗာေဘာလံုးကြင္းတြင္ ရက္ပ္အဆိုေတာ္ အမ္မီနမ္ႏွင့္ တြဲဖက္သီဆိုထားေသာ Love The Way You Lie သီခ်င္းအပိုင္း (၂) ကိုသီဆိုစဥ္ ရီဟားနား စိတ္ထိခိုက္ေၾကကြဲရသည့္ အေၾကာင္းရင္းကို မသိရေပ။

‘မင္းလိမ္ေနပံုကိုခ်စ္ေနမိ တယ္’ဟု အဓိပၸာယ္ရေသာ ယင္း သီခ်င္းသည္ အိမ္တြင္းအၾကမ္း ဖက္မႈႏွင့္ပတ္သက္၍ စိတ္ထိခိုက္ဖြယ္ရာ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး ရီဟားနား အသက္ (၂၀)အရြယ္ တြင္ အမ်ားျပည္သူေရွ႕၌ ကိုယ္ တိုင္ႀကံဳေတြ႕ခဲ့ရသည့္ ကိစၥတစ္ခု လည္းျဖစ္သည္။

၂၀၁၀ ျပည့္ႏွစ္က စတင္ထြက္ရွိခဲ့သည့္ ယင္းသီခ်င္းကို ရီဟားနား အေနျဖင့္ အႀကိမ္မ်ားစြာ ျပန္လည္သီဆိုေဖ်ာ္ေျဖၿပီး ျဖစ္ေသာ္လည္း ၎၏စိတ္ကုိ ထိခိုက္ေစေသာ သီခ်င္းတစ္ပုဒ္ ျဖစ္ေနသည္။

ပရိသတ္မ်ား၏အသံကို တစ္သံတည္း အက်ယ္ႀကီးၾကားခဲ့ ရသျဖင့္ အိုင္ယာလန္ ပရိသတ္ မ်ားကို ေက်းဇူးတင္ေၾကာင္း ရီဟားနားက ေျပာသည္။

ယင္းပြဲအၿပီးတြင္ ရီဟားနား သည္ ကိုယ္ခံပညာေပါင္းစံုၿပိဳင္ပြဲ စူပါၾကယ္ပြင့္ ေကာ္နာမက္ဂရီ ေဂၚႏွင့္လည္း ေတြ႕ဆံုခဲ့သည္။

Credit: 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဇွန်လ ၂၁ ရက်ညက ဒဗ္ဗလင်မြို့ ဖျော်ဖြေပွဲသို့ နာရီ ဝက်နောက်ကျပြီးမှ ရောက်လာ သော အဆိုတော်ရီဟားနားသည် Love The Way You Lie သီချင်းကို ဖျော်ဖြေစဉ် စင်မြင့် ထက်၌ ကြေကွဲသံများဖြင့် မျက် ရည်ကျခဲ့ပြီး အကြောင်းအရာ တစ်စုံတစ်ခုကြောင့် စိတ်လှုပ်ရှားသွားခဲ့ပုံရသည်။

၎င်း၏ ANTI World Tour ဖျော်ဖြေရေးအစီအစဉ်၏ တစ် စိတ်တစ်ပိုင်းအဖြစ် အိုင်ယာလန် နိုင်ငံ အဗီဗာဘောလုံးကွင်းတွင် ရက်ပ်အဆိုတော် အမ်မီနမ်နှင့် တွဲဖက်သီဆိုထားသော Love The Way You Lie သီချင်းအပိုင်း (၂) ကိုသီဆိုစဉ် ရီဟားနား စိတ်ထိခိုက်ကြေကွဲရသည့် အကြောင်းရင်းကို မသိရပေ။

‘မင်းလိမ်နေပုံကိုချစ်နေမိ တယ်’ဟု အဓိပ္ပာယ်ရသော ယင်း သီချင်းသည် အိမ်တွင်းအကြမ်း ဖက်မှုနှင့်ပတ်သက်၍ စိတ်ထိခိုက်ဖွယ်ရာ သီချင်းတစ်ပုဒ်ဖြစ်ပြီး ရီဟားနား အသက် (၂၀)အရွယ် တွင် အများပြည်သူရှေ့၌ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသည့် ကိစ္စတစ်ခု လည်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်က စတင်ထွက်ရှိခဲ့သည့် ယင်းသီချင်းကို ရီဟားနား အနေဖြင့် အကြိမ်များစွာ ပြန်လည်သီဆိုဖျော်ဖြေပြီး ဖြစ်သော်လည်း ၎င်း၏စိတ်ကို ထိခိုက်စေသော သီချင်းတစ်ပုဒ် ဖြစ်နေသည်။

ပရိသတ်များ၏အသံကို တစ်သံတည်း အကျယ်ကြီးကြားခဲ့ ရသဖြင့် အိုင်ယာလန် ပရိသတ် များကို ကျေးဇူးတင်ကြောင်း ရီဟားနားက ပြောသည်။

ယင်းပွဲအပြီးတွင် ရီဟားနား သည် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ စူပါကြယ်ပွင့် ကော်နာမက်ဂရီ ဂေါ်နှင့်လည်း တွေ့ဆုံခဲ့သည်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top