iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
#Unicode
အမျိုးသမီးအများစု အထူးသဖြင့် ခန္ဓာကိုယ်အလှ မက်မောတတ်သူတွေဟာ သူတို့ ကိုယ်လုံးကိုယ်ပေါက်ကို ဆွဲဆန့်ချင်ကြပါတယ်။ ဖက်ရှင်ပိုင်း နားလည်တတ်ကျွမ်းသူတွေက အဲဒီစိတ်ဆန္ဒကို ဖြည့်စွမ်းပေးနိုင်မယ့် နည်းလမ်း (၃) ခုကို ဖော်ပြထားပါတယ်။
၁။ ရှူးဖိနစ်ရွေးချယ်ဝယ်ယူတဲ့အခါ ဖိနပ်ရဲ့အမြင့်ကို အထူး သတိထားဖို့ လိုပါတယ်။ မျက်စိအမြင်မှာ ခြေတံရှည်လျားနေသလို ဖြစ်စေဖို့အတွက် နည်းလမ်းကောင်းက ကြိုးသိုင်းပုံစံ ရှူးဖိနပ် ဒါမှမဟုတ် လည်ရှည် အမျိုးအစားတွေ ဖြစ်ပါတယ်။ အဲဒီဖိနပ်မျိုးက အဝတ်ဗလာနဲ့ ခြေတံကို မသိမသာ ရှည်ထွက်စေပါလိမ့်မယ်။
၂။ အဝတ်မဖုံးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက ကိုယ်လုံးကိုယ်ပေါက်ရှည်ထွက်သလိုဖြစ်စေတဲ့ မျက်လှည့်တစ်ခုကဲ့သို့ ဖြစ်ပါတယ်။ ဘဲလေးအကစီးဖိနပ် (ballet shoe) သို့မဟုတ် နာမည်ကြီးအောက်စ်ဖို့ဒ်ရှူးဖိနပ် တွေက ဘောင်းဘီကို ခြေမျက်စိလယ်ထိ လျှိုသွင်းချင်စဖွယ်လေးတွေပါပဲ။
၃။ ဘောင်းဘီနဲ့ အရောင်ဆင်တူ ရှူးဖိနပ်တွေက အနည်းငယ် ရှည်စေပါလိမ့်မယ်။ အသားရောင်၊ ဝါနုရောင် သို့မဟုတ် ညှိဖျော့ဖျော့အရောင်ရှိ ရှူးဖိနပ်ပြားပြားလေးတွေဟာ ခြေတံ ပိုမိုရှည်လျားနေစေတဲ့ သက်ရောက်မှု ပိုဖြစ်စေပါလိမ့်မယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top