iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ျပဳျပီးသြားတဲ့အခါ အမ်ိဳးသားေတြအေနနဲ႕ ကိုယ့္ဇနီးကို ခ်စ္သူဘ၀က ေျပာဆုိဆက္ဆံခ်စ္ခဲ့တဲ့အတုိင္း ပိုခ်စ္ျပဖုိ႕ဆုိတာ ျဖစ္ႏိုင္ခ်င္မွ ျဖစ္ႏိုင္ပါလိမ့္မယ္။ ျဖစ္ႏိုင္တယ္ဆုိရင္ေတာ့ အတုိင္းထက္အလြန္ေပါ့။ မျဖစ္ႏိုင္ဘူးဆုိရင္လည္း အနညး္ဆံုး မေျပာဆုိသင့္၊ မဆက္ဆံသင့္တဲ့ အခ်က္ကေလးေတြ ရွိေနပါတယ္။ တစ္ခု သိထားရမယ့္အခ်ိန္က Happy Wife, Happy Life! ဆိုတဲ့ စာသာေလးအတုိင္း ေပ်ာ္ရႊင္ေနတဲ့ ဇနီးမယားတစ္ေယာက္ကို ပိုင္ဆုိင္ျခင္း၊ ဇနီးမယားကို ေပ်ာ္ရႊင္ေအာင္ထားျခင္းဟာ သင့္ဘ၀ကို ေပ်ာ္ရႊင္ေအာင္ဖန္တီးျခင္းနဲ႕ အတူတူဆိုတာပါပဲ။ ဒီေတာ့ ဒီအခ်က္ေလးေတြကို ဘယ္ေတာ့မွ မေျပာမိပါေစနဲ႕။

၁။သူမ သံုးတဲ့ပိုက္ဆံေတြကို လိုက္ကတ္သတ္ျပီး ေျပာဆုိျခင္း
ကိုယ့္အိမ္သူက ေငြဆိုေရလိုသံုးေနတယ္ဆုိရင္ေတာ့ ေျပာသင့္တာ ညႈိႏႈိင္းေဆြးေႏြးသင့္တာ ေဆြးေႏြးပါ။ ဒါေပမယ့္ သူမရဲ႕အစားအေသာက္ ကုန္က်စရိတ္၊ တစ္လတစ္ခါ shopping ထြက္လုိ႕ကုန္က်စရိတ္၊ GYM ေဆာ့တဲ့အတြက္ ကုန္က်စရိတ္၊ အိမ္သံုးပစၥည္းေတြ ၀ယ္မိတာေၾကာင့္ ကုန္က်တဲ့ေငြေတြကိုေတာ့ ဘယ္ေလာက္ပဲသံုးကိုသံုးရမယ္ဆုိျပီး ကန္႕သတ္အျပစ္တင္ေနလို႕ မျဖစ္ႏိုင္ပါဘူး။

၂။အ၀တ္ေတြပံုေနလို႕ မေလ်ွာ္ရေသးတဲ့အတြက္ အျပစ္တင္ေျပာဆုိျခင္း
အိမ္သူအေနနဲ႕ အိမ္အလုပ္ေတြ လုပ္ေနရလို႕ ဒီအ၀တ္ေတြကို မေလ်ွာ္ရေသးတာလား၊ ဒါမွမဟုတ္ သူကိုယ္တုိင္လည္း အလုပ္ထြက္လုပ္ေနရေသးတာလား။ ဘယ္လိုပဲျဖစ္ျဖစ္ ပံုေနတဲ့အ၀တ္ေတြကုိ ေနာက္ဆံုးေလ်ွာ္တဲ့သူဟာ သူပါပဲ။ ဒါကို မေမ့ပါနဲ႕။ ဒီ့အတြက္ သူ႔အလုပ္သူ ျပီးေအာင္ လုပ္ပါလိမ့္မယ္။ အဲ့ဒါကိုလည္း အျပစ္တင္ေျပာဆုိတာမ်ိဳး မလုပ္သင့္ပါဘူး။

၃။ကေလးေတြကိုသာ ဂရုစိုက္ေနတဲ့အတြက္ အျပစ္တင္ေျပာဆုိျခင္း
မိခင္ေတြအတြက္ကေတာ့ ကေလးေတြကသာ ပထမျဖစ္လာပါလိမ့္မယ္။ ဒါအထူးအဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ့္ထက္ကေလးေတြကို ေနရာေပး အခ်ိန္ေပးေနလုိ႕ မနာလုိျဖစ္ေနတာထက္ အျပစ္တင္ေျပာဆုိေနတာ ထက္စာရင္ ႏွစ္ဦးသားအခ်ိန္ သီးသန္႕ရေအာင္ ဘယ္လိုလုပ္ယူမလဲဆိုတာကို ေဆြးေႏြးပါ။

၄။အျပင္မွာ၊ အလုပ္မွာ အဆင္မေျပတာေၾကာင့္ အိမ္သူကို မဲျခင္း
တစ္ခ်ိဳ႕အမ်ိဳးသားေတြဟာ အျပင္မွာ အလုပ္အဆင္မေျပေတာ့ဘူးဆုိရင္ အိမ္ျပန္လာျပီး မိန္းမကို မဲေတာ့တာပါပဲ။ အျပစ္မရွိ အျပစ္ရွာ ေျပာဆုိတာမ်ိဳးေတြ လုပ္လာတတ္ၾကပါတယ္။ ဒီလိုကိစၥမ်ိဳးေတြ မျဖစ္ရေအာင္ ဂရုစိုက္ဖုိ႕ေတာ့ လိုပါလိမ့္မယ္။

၅။လုပ္ခဲ့ဖူးတဲ့ အမွားအေသးေလးေတြကို ျပန္လည္ေထာက္ျပေျပာဆုိျခင္း

တစ္ေယာက္နဲ႕တစ္ေယာက္ အဆင္မေျပျဖစ္ၾကတုိင္း လုပ္ခဲ့ဖူးတဲ့ အမွားေတြကို ျပန္ေထာက္ျပေျပာဆုိေနျခင္းဟာ အိမ္ေထာင္တစ္ခုျပိဳကြဲေစတဲ့ အက္ေၾကာင္းေတြထဲက တစ္ခုပါ။ အရင္တုန္းက အမွားေတြကို ၊ အတိတ္က ျဖစ္ရပ္ေတြကို ေမ့ျပီး ေရွ႔ကိုအတူလက္တြဲ ေလ်ွာက္လွမ္းႏိုင္ဖုိ႕သာ အေရးၾကီးတယ္ဆုိတာ အိမ္ေထာင္ဦးစီးေတြ သိပါေစ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိမ်ထောင်ပြုပြီးသွားတဲ့အခါ အမျိုးသားတွေအနေနဲ့ ကိုယ့်ဇနီးကို ချစ်သူဘဝက ပြောဆိုဆက်ဆံချစ်ခဲ့တဲ့အတိုင်း ပိုချစ်ပြဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဖြစ်နိုင်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ မဖြစ်နိုင်ဘူးဆိုရင်လည်း အနည်းဆုံး မပြောဆိုသင့်၊ မဆက်ဆံသင့်တဲ့ အချက်ကလေးတွေ ရှိနေပါတယ်။ တစ်ခု သိထားရမယ့်အချိန်က Happy Wife, Happy Life! ဆိုတဲ့ စာသာလေးအတိုင်း ပျော်ရွှင်နေတဲ့ ဇနီးမယားတစ်ယောက်ကို ပိုင်ဆိုင်ခြင်း၊ ဇနီးမယားကို ပျော်ရွှင်အောင်ထားခြင်းဟာ သင့်ဘဝကို ပျော်ရွှင်အောင်ဖန်တီးခြင်းနဲ့ အတူတူဆိုတာပါပဲ။ ဒီတော့ ဒီအချက်လေးတွေကို ဘယ်တော့မှ မပြောမိပါစေနဲ့။

၁။သူမ သုံးတဲ့ပိုက်ဆံတွေကို လိုက်ကတ်သတ်ပြီး ပြောဆိုခြင်း
ကိုယ့်အိမ်သူက ငွေဆိုရေလိုသုံးနေတယ်ဆိုရင်တော့ ပြောသင့်တာ ညှိုနှိုင်းဆွေးနွေးသင့်တာ ဆွေးနွေးပါ။ ဒါပေမယ့် သူမရဲ့အစားအသောက် ကုန်ကျစရိတ်၊ တစ်လတစ်ခါ shopping ထွက်လို့ကုန်ကျစရိတ်၊ GYM ဆော့တဲ့အတွက် ကုန်ကျစရိတ်၊ အိမ်သုံးပစ္စည်းတွေ ဝယ်မိတာကြောင့် ကုန်ကျတဲ့ငွေတွေကိုတော့ ဘယ်လောက်ပဲသုံးကိုသုံးရမယ်ဆိုပြီး ကန့်သတ်အပြစ်တင်နေလို့ မဖြစ်နိုင်ပါဘူး။

၂။အဝတ်တွေပုံနေလို့ မလျှော်ရသေးတဲ့အတွက် အပြစ်တင်ပြောဆိုခြင်း
အိမ်သူအနေနဲ့ အိမ်အလုပ်တွေ လုပ်နေရလို့ ဒီအဝတ်တွေကို မလျှော်ရသေးတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်လည်း အလုပ်ထွက်လုပ်နေရသေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပုံနေတဲ့အဝတ်တွေကို နောက်ဆုံးလျှော်တဲ့သူဟာ သူပါပဲ။ ဒါကို မမေ့ပါနဲ့။ ဒီ့အတွက် သူ့အလုပ်သူ ပြီးအောင် လုပ်ပါလိမ့်မယ်။ အဲ့ဒါကိုလည်း အပြစ်တင်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

၃။ကလေးတွေကိုသာ ဂရုစိုက်နေတဲ့အတွက် အပြစ်တင်ပြောဆိုခြင်း
မိခင်တွေအတွက်ကတော့ ကလေးတွေကသာ ပထမဖြစ်လာပါလိမ့်မယ်။ ဒါအထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ထက်ကလေးတွေကို နေရာပေး အချိန်ပေးနေလို့ မနာလိုဖြစ်နေတာထက် အပြစ်တင်ပြောဆိုနေတာ ထက်စာရင် နှစ်ဦးသားအချိန် သီးသန့်ရအောင် ဘယ်လိုလုပ်ယူမလဲဆိုတာကို ဆွေးနွေးပါ။

၄။အပြင်မှာ၊ အလုပ်မှာ အဆင်မပြေတာကြောင့် အိမ်သူကို မဲခြင်း
တစ်ချို့အမျိုးသားတွေဟာ အပြင်မှာ အလုပ်အဆင်မပြေတော့ဘူးဆိုရင် အိမ်ပြန်လာပြီး မိန်းမကို မဲတော့တာပါပဲ။ အပြစ်မရှိ အပြစ်ရှာ ပြောဆိုတာမျိုးတွေ လုပ်လာတတ်ကြပါတယ်။ ဒီလိုကိစ္စမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်ဖို့တော့ လိုပါလိမ့်မယ်။

၅။လုပ်ခဲ့ဖူးတဲ့ အမှားအသေးလေးတွေကို ပြန်လည်ထောက်ပြပြောဆိုခြင်း

တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်ကြတိုင်း လုပ်ခဲ့ဖူးတဲ့ အမှားတွေကို ပြန်ထောက်ပြပြောဆိုနေခြင်းဟာ အိမ်ထောင်တစ်ခုပြိုကွဲစေတဲ့ အက်ကြောင်းတွေထဲက တစ်ခုပါ။ အရင်တုန်းက အမှားတွေကို ၊ အတိတ်က ဖြစ်ရပ်တွေကို မေ့ပြီး ရှေ့ကိုအတူလက်တွဲ လျှောက်လှမ်းနိုင်ဖို့သာ အရေးကြီးတယ်ဆိုတာ အိမ်ထောင်ဦးစီးတွေ သိပါစေ။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top