iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကမှာ အရေပြားကင်ဆာက အဖြစ်များဆုံး ကင်ဆာဖြစ်ပွားမှုပုံစံ ဖြစ်ပါတယ်။ Centers for Disease Control and Prevention အဆိုအရ အမေရိကန်လူမျိုး ၂၀% ဟာ သူတို့ဘဝတစ်ကွေ့ကွေ့မှာ အရေပြားကင်ဆာ ဖြစ်ပွားကြလို့ သိရပါတယ်။ အရေပြားကင်ဆာခံစားရတိုင်း အသက်မသေစေနိုင်ပေမယ့် အန္တရာယ်အများဆုံးနဲ့ တတိယမြောက် အဖြစ်များဆုံးအမျိုးအစား melanoma က စောစောမသိဘူးဆိုရင် အန္တရာယ်အလွန်ကြီးပါတယ်။ အမေရိကန် ကင်ဆာအသင်းက ၂၀၁၆ ခုနှစ်အတွင်း အမေရိကမှာ melanoma ဖြစ်ပွားမှုပေါင်း ၇၆,၃၈၀ ခန့် တွေ့ရှိခဲ့ပြီး ၁၀,၁၃၀ ဟာ ယင်းရောဂါနဲ့ သေဆုံးဖို့ ယုံကြည်တယ်လို့ ခန့်မှန်းထားပါတယ်။ ကံအားလျှော်စွာ melanoma ကို စောစီးစွာ သိပါက ကုသဖို့ လွယ်ကူပါတယ်။ သူဟာ မှဲ့၊ အမည်းကွက် သို့မဟုတ် အရေပြားပေါ် အမှတ်သား စသဖြင့် ရှေ့ပြေးလက္ခာ တစ်ခုခုပေးပါတယ်။ ဒီမှဲ့တွေကို ချင့်တွက်ဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ယင်းကို အတိုကောက် ABCDE နဲ့ မှတ်ထားနိုင်ပါတယ်။

A – Asymmetry အချိုးမညီခြင်း

မှဲ့တစ်ခြမ်းက တခြားဖက်နဲ့ ကွဲပြားနေပါက အဲဒီမှဲ့ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

B – Border irregularity အနားသတ်ပုံမမှန်မဟုတ်ခြင်း

ပုံမှန်မဟုတ်၊ ပေါ်လွင်မှုသိပ်မရှိ သို့မဟုတ် ထင်ထင်ရှားရှားမဖြစ်တဲ့ အနားသတ်တွေဟာ melanoma လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

C – Color အရောင်အဆင်း

အထူးသဖြင့် အနက် သို့မဟုတ် ရောင်စုံရောပါတဲ့ မှဲ့တွေဟာ အန္တရာယ်ရှိနိုင်ပါတယ်။

D – Diameter

အချင်း ခဲတံထိပ်ဖျားမှ ခဲဖျက်ထက် အရွယ်အစားပိုကြီးတဲ့ မှဲ့တွေကို ဂရုစိုက်ပေးသင့်ပါတယ်။

E – Evolution or change အရွယ်အစားကြီးလားခြင်း သို့မဟုတ် အရောင်ပြောင်းခြင်း

အရွယ်အစား၊ ပုံသဏ္ဍာန် သို့မဟုတ် အရောင် ပြောင်းလဲတဲ့ မှဲ့တွေဟာ လုံးဝစစ်ဆေးသင့်တဲ့အရာ ဖြစ်ပါတယ်။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top